လီဗာပူး ကစားသမားသစ်ဖြစ်လာသူ အီလီယက်က အန်ဖီးဟာ သူ့အတွက် ပြီးပြည့်စုံတဲ့ ကလပ်အသင်းဆိုတာ နားလည်ထားပါကြောင်းနဲ့ ကလပ်အသင်းအတွက် ကြိုးစားအလုပ်လုပ်လိုပြီး လီဗာပူးနဲ့ လက်မှတ်ထိုးရတာကို ပျော်ရွှင်မိတယ်လို့ ပြောဆိုပါတယ်။

နာပိုလီမန်နေဂျာ အန်ဆယ်လော့တီက လီဗာပူးအသင်းဟာ ရာသီကြိုမှာ ခရီးတွေ အများကြီး ထွက်ထားရသလို အဓိက တိုက်စစ်သမား သုံးဦးထိ မပါဝင်တာကြောင့် လက်ရှိ လူစာရင်းအပေါ် မှန်းဆရခက်တယ်လို့ ဆိုပါတယ်။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်က မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲမှာ ခြားနားတဲ့ သားရဲလို ကလပ်အသင်းကို အသင်းပရိသတ်တွေ မြင်တွေ့စေရမယ်လို့ ကတိပေးစကား ပြောဆိုလိုက်ပါတယ်။

လီဗာပူးနဲ့ နာပိုလီပွဲမှာ ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ချိန်ဘာလိန်ရဲ့ ခြေစွမ်းက အားရစရာ မကောင်းခဲ့ပါဘူး။ ချိန်ဘာလိန်ဟာ အစောပိုင်း ပွဲတွေတုန်းကတော့ ခြေစွမ်း ကောင်းမွန်ခဲ့သေးတာပါ။

လီဗာပူးဟာ ဒီရာသီမှာ ခေါ်ယူထားတဲ့ ဗန်ဒန်ဘယ်ရာနဲ့ အီလီယက်တို့ကို နာပိုလီနဲ့ပွဲမှာ ၁၀ မိနစ်ကျော်စီ ကစားခွင့် ပေးခဲ့ပါတယ်။

ရိန်းဂျားအသင်းက အငှားခေါ်ယူလိုနေတဲ့ ကန့်ကို ဒီရာသီမှာ အငှားချတော့မှာမဟုတ်ပဲ မန်နေဂျာစတီဗင်ဂျရတ်အနေနဲ့ ကန့်ကို လိုချင်ရင် အပြီးသတ် ဝယ်ယူရပါမယ်လို့ လီဗာပူးဘက်က အကြောင်းပြန်လိုက်ပါပြီ။

နာပိုလီမန်နေဂျာ အန်ဆယ်လော့တီဟာ ရာသီကြိုပွဲမှာပဲ ကလပ်အသင်း မန်နေဂျာ ယာဂင်ကလော့ပ်ကို ချန်ပီယံလိဂ်ဖလား အောင်မြင်မှုအတွက် ဂုဏ်ပြုမှု ပြုလုပ်သွားပါတယ်။

လီဗာပူးကစားသမားတွေဖြစ်တဲ့ ကီတာနဲ့ ရှာကွီရီတို့ဟာ ကလပ်အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လာကြပြီဖြစ်ပြီး ပြင်သစ်ကိုသွားမယ့် ရာသီကြို ပြင်ဆင်မှုမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။

ယာဂင်ကလော့ပ်ဟာ ဂျာမနီရဲ့ တစ်နှစ်တာအကောင်းဆုံး မန်နေဂျာဆုကို ရခဲ့ပါတယ်။ ဒီအတွက်လည်း ကလပ်အသင်းမှ တွဲဘက် နည်းပြတွေကို ကျေးဇူးတင်ပါတယ်လို့ ကလော့ပ်က ပြောဆိုသွားပါတယ်။