အော်စလို ခရီးစဉ်အတွက် မန်ချက်စတာ ယူနိုက်တက်ဟာ အတည်ပြု ကစားသမား ၂၆ ဦးပါ လူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး အင်တာမီလန်သို့ ပြောင်းဖို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး လူကာကူ မပါဝင်ဘဲ ဖယ်ထုတ်ခဲ့တာ တွေ့ရပါတယ်။

မန်ယူအသင်းဟာဟာ နော်ဝေအသင်းဖြစ်တဲ့ Kristiansund နဲ့ ရင်ဆိုင်ဖို့ ဆက်လက် ပြင်ဆင်လေ့ကျင့်မှာပါ။ မန်ယူ စီနီယာ အသင်းသားတွေ ကတော့ ရာသီကြိုအတွက် ထွက်ခွာဖို့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ လေဆိပ်ကို ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။ လူစာရင်းထဲမှာ ဒဏ်ရာရထားတဲ့ ခံစစ်မှူး ဘိုင်လီလည်း မပါဝင်ပါဘူး။

ဒီတကြိမ် ပြင်ဆင်လေ့ကျင့်မှုဟာ သြဂုတ်လအတွင်း ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ ပထမဆုံး ပရီးမီးယာလိဂ်ပွဲစဉ် မတိုင်ခင် နောက်ဆုံးသော လေ့ကျင့်ခြင်းလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ICC ဖလား နောက်ဆုံးပွဲအဖြစ် စနေနေ့မှာ အေစီမီလန်နဲ့ ယှဉ်ပြိုင် ကစားရဖို့လည်း ရှိနေပါသေးတယ်။

မန်ယူအသင်း လေ့ကျင့်ရေး လူစာရင်းမှာတော့ စပါးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ တာဟစ်ချောင်အပြင် ဂရင်းဝုဒ်၊ ဂိုးမက်စ်တို့လည်း ပါဝင်ခဲ့တယ်။

ဂိုးသမားတွေဖြစ်တဲ့ ဒီဂီယာ၊ ရိုမီရို၊ ပါရဲရားနဲ့ လီဂန့်တို့လည်း ပါဝင်သွားခဲ့ပါတယ်။ ရာသီသစ်အတွက် ကြံ့ခိုင်မှုနဲ့ အရေးကြီးသော ပြင်ဆင်မှုတွေကို ဒီခရီးစဉ်မှာ လုပ်ဆောင်မှာဖြစ်တယ်။

မန်ယူရဲ့ ရာသီကြို လေ့ကျင့်ရေး ပါဝင်မယ့် ၂၆ ဦး

David De Gea, Lee Grant, Joel Pereira, Sergio Romero; Diogo Dalot, Phil Jones, Victor Lindelof, Marcos Rojo, Luke Shaw, Chris Smalling, Axel Tuanzebe, Aaron Wan-Bissaka, Ashley Young; Fred, Angel Gomes, Daniel James, Jesse Lingard, Juan Mata, Nemanja Matic, Scott McTominay, Andreas Pereira, Paul Pogba; Tahith Chong, Mason Greenwood, Anthony Martial, Marcus Rashford

လူကာကူဟာ အင်တာမီလန်နဲ့ သတင်းကြီးတွေ ထွက်ရှိထားပြီး ဂျူဗင်တပ်ထံက ကမ်းလှမ်းမှုတွေလည်း ရရှိနေတာပါ။ အင်တာမီလန်ဘက်က ပေါင် ၅၃ သန်းတန် ကမ်းလှမ်းမှု ပြုလုပ်ခြင်းကို မန်ယူဘက်က ပယ်ချထားပေမယ့် ဒီရက်ပိုင်းအတွင်း အပြောင်းအရွှေ့သတင်းသစ် ကြားလာရမယ်လို့ မျှော်လင့်ရပါတယ်။ မန်ယူအသင်းဟာ လူကာကူကို ရောင်းထုတ်ပြီးရင် ကစားသမားသစ် ခေါ်ယူမှုကိုပါ အမြန်လုပ်လာမယ်လို့ ယူဆရပါတယ်။