မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်န၀ါရီအပြောင်းအရွေ့ကာလမှာ ဂျူဗင်တပ် တောင်ပံတိုက်စစ်သမား ဒေါက်ကလပ်ကော်စတာကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက်(၂၈)နှစ်အရွယ် ဘရာဇီးသားဟာ ဂျူဗင်တပ်မှာ ယူနိုက်တက်ယာယီနည်းပြသစ် ဆိုးလ်ရှားရဲ့ ချန်ပီယံလိဂ်တစ်နေရာစာ တိုက်ပွဲဝင်မယ့် လူစာရင်းတစ်နေရာစာအတွက် ပေါင်(၃၆.၁၂)သန်းခန့် သုံးရဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အားထားရတဲ့ဂိုးသမားဖြစ်တဲ့ ဒီဂီယာဟာ အသင်းနဲ့ စာချုပ်အသစ် ချုပ်ဆိုနိုင်တော့မယ်လို့ သတင်းတွေရရှိပါတယ်။ အဆိုပါဂိုးသမားရဲ့ ထူးခြားကောင်းမွန်လှတဲ့ လက်စွမ်းတွေကြောင့် အီတလီထိပ်သီးကလပ်ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ်ထိပ်သီး PSGအသင်းတို့ကလည်း အသည်းအသန်လိုချင်နေကြပြီး ယူနိုက်တက်က မကြာသေးမီက (၂၀၂၀)ခုနှစ်ထိ သက်တမ်းတိုး စာချုပ်ထားခဲ့ပေမယ့် ယခုအခါ ကာလရှည်ကြာ စာချုပ်သစ်တစ်ခု ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်လာပါပြီ။

မန်ချက်စတာစီးတီးအသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား Tanguy Ndombeleကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး အဆိုပါကစားသမားရဲ့ အေးဂျင့်အဆိုအရ ယူရိုသန်း(၈၀)ခန့် ပမာဏဖြင့် အပြောင်းအရွေ့ ဖြစ်လာနိုင်ကြောင်း ကြားသိရပါတယ်။ ဒါပေမယ့် အဆိုပါ (၂၁) နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ စီးတီးအသင်းဟာ နာပိုလီ၊ ဘာစီလိုနာ အစရှိတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖွယ်လည်း ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ အသင်းမှာလိုအပ်နေတဲ့ တိုက်စစ်နေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ် လီဝမ်ဒေါစကီးနဲ့ လက်စတာစီးတီးအသင်း တိုက်စစ်မှူး ဗာဒီတို့နှစ်ဦးအနက် တစ်ဦးကို ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ ချယ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း Dennis Wiseရဲ့ ပြောစကားတွေအရ ကြားသိရပါတယ်။

ဖူလ်ဟမ်းအသင်းက ခံစစ်ပိုင်းကို အင်အားဖြည့်ဖို့ Besiktas မှ ခရိုအေးရှား ခံစစ်သမား ဗီဒါကို ခေါ်ယူလိုနေပါတယ်။ တူရကီကလပ်ဟာ လောလောလတ်လတ်မှာ ပီပီကို လက်လွတ်ထားရလို့ ခံစစ်သမားကို လက်မလွတ်လိုပေမယ့် ငွေကြေးဆိုင်ရာ ပြဿနာကြောင့် တားဆီးဖို့ ခက်တယ်လို့ သိရပါတယ်။

ဝက်ဟမ်းအသင်းဟာ အင်တာမီလန်နဲ့ ကားဒစ် ကွင်းလယ်သမားဟောင်း Gary Medel ကို ခေါ်ယူမယ်လို့ သတင်းထွက်နေပါတယ်။ ဝက်ဟမ်းတာဝန်ရှိသူတွေက ကစားသမားအတွက် ပေါင် 6.5 သန်းတန် ပြောင်းရွှေ့ကြေးနဲ့ စကားပြောနေဆဲပါ။

လက်စတာကစားသမား Adrien Silva ဟာ ပွဲထွက်ခွင့်မရတဲ့ ပရီးမီးယားလိဂ်ကလပ်ကို စွန့်ခွာပြီး ပေါ်တူဂီကလပ် စပို့တင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့်လို့ ကစားသမားရဲ့ လျှော်ကြေးနဲ့ ပက်သက်လို့ ညိနှိုင်းမှုက ခပ်မြန်မြန် ပြီးပြတ်ဖို့ ခက်ခဲနေပါတယ်။

မန်ချက်စတာယူနိုက်တက် မန်နေဂျာအသစ် ဆိုးလ်ရှားဟာ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား Axel Witsel ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတယ်လို့ သတင်းတွေက ဖေါ်ပြနေကြပါတယ်။ အဆိုပါ ကစားသမားကို ယူနိုက်တက်နည်းပြဟောင်း မော်ရင်ညိုကလည်း စိတ်ဝင်စားခဲ့ဖူးပြီး ယခုအပြောင်းအရွေ့ကာလမှာ ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရဦးမှာပါ။

လီဗာပူးအသင်းရဲ့ စိတ်ဝင်စားခြင်းခံနေတယ်လို့ သတင်းထွက်နေတဲ့ ဘရိုက်တန်အသင်းကွင်းလယ်လူ Pascal Gross က သူ့အနေနဲ့ ဘရိုက်တန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားနေရတာကို ပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပြီး ကလပ်အသင်းကနေ ပြောင်းရွေ့နိုင်ခြေမရှိကြောင်း ပြသသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် Aaron Ramsey ကို ခေါ်ယူနိုင်ဖို့ အီတလီထိပ်သီး ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားမှု ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်ကစားသမားကို ပြင်သစ်ကပ် PSG အသင်းကလည်း ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ကစားသမားအနေနဲ့ လန်ဒန်မြေကနေစွန့်ခွာဖို့တော့ သေချာသလောက် ရှိနေပါပြီ။

အကယ်၍ အပြောင်းအရွေ့ကာလမှာ Eden Hazard သာ ချယ်ဆီးအသင်းကို စွန့်ခွာပြီ စပိန်မြေကို ရောက်ရှိလာပါက ရီးရဲမက်ဒရစ်ကွင်းလယ်လူ Isco ဟာ ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွေ့ကစားနိုင်ချေရှိတယ်လို့ သတင်းတွေက ဖေါ်ပြနေကြပါတယ်။

ပီအက်ဂျီအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းအရ အသင်းကစားသမားအချို့ကို ရောင်းထုတ်ရဖို့ ရှိနေဆဲပါ။ အမ်ဘတ်ပီနဲ့ နေမာ နှစ်ဦးထဲက တစ်ဦးကို ရောင်းချမယ်ဆိုရင် ဘဏ္ဍာရေးမျှချေကို အောင်မြင်အောင် ပြုလုပ်နိုင်မှာဖြစ်သလို ကစားသမားသစ်တွေပါ ခေါ်ယူခွင့်အတွက် အဆင်ပြေသွားနိုင်ပါတယ်။ သူတို့နှစ်ဦးထဲက တစ်ဦး အပြောင်းအရွှေ့ဖြစ်ခဲ့ပါက ပရီးမီးယားလိဂ် နောက်ဆက်တွဲ အပြောင်းအရွှေ့တွေ ဖြစ်ပွားဖို့ ပိုအားကောင်းလာနိုင်ပါတယ်။