မော်ရင်ဟိုဟာ သူထုတ်ပယ်ခံရမယ်လို့ လုံးဝမျှော်လင့်ထားခဲ့ပုံ မရဘဲ အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါနေ့က အက်ဝုဒ်ဝပ်နဲ့ အစည်းအဝေးကို အပြောင်းရွှေ့ကိစ္စရပ်များ ဆွေးနွေးဖို့သာ ထင်ခဲ့တယ်လို့ The times သတင်းမှာ ဖော်ပြလာပါတယ်။

ရိုးမားခံစစ်မှူး Kostas Manolas က သူ့ကို မန်ချက်စတာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ကိစ္စ ညှိနှိုင်းပေးနိုင်မယ့် နာမည်ကျော် ရွိုင်းအျုလာကို အေးဂျင့်အဖြစ် တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။ Manolas ရဲ့ ရိုးမားနဲ့ လကိရှိစာချုပ်က ၂၀၂၀ မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီက မော်ရင်ညိုကို ထုတ်ပယ်လိုက်တာက မှန်ကန်တု့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ရွန်းနီက ဆိုးရှားကို ရာသီကုန်ထိ အခွင့်အရေးပေး စောင့်ကြည့်ကာ ရာသီကုန်မှာတော့ အသင်း မန်နေဂျာနေရာအတွက် မှန်ကန်တဲ့ သူကို ခန့်ရမယ်လို့ ရွန်းနီက အကြံပေးလိုက်ပါတယ်။

လီဗာပူးတိုက်စစ်သမား မာနေးက အသင်းဖော် ဗန်ဒိုက်အကြောင်း ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။ “ဗန်ဒိုက်ရောက်လာတာက အသင်းအပေါ် သက်ရောက်မှုရှိခဲ့ပြီး အားလုံးပဲ မြင်ခဲ့ကြပြီးပြီလို့တော့ ထင်ပါတယ်။”လို့ ဆိုပါတယ်။

လီဗာပူးအတွက်သတင်းကောင်းက နာပိုလီပွဲအပြီး ဒဏ်ရာရနေတဲ့ ညာအစွန်လူ ထရန့် လေ့ကျင့်ရေး ပြန်ဆင်းနိုင်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဝုဗ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကိတ်တာကလည်း ဘောက်ဆင်ဒေးပွဲအတွက် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

လီဗာပူးလူငယ်အသင်းဟာ မျိုးဆက်သစ်တွေထဲမှာ တောက်ပလာမယ့် လူငယ်နှစ်ဦးကို စတင်မွေးထုတ်လာပါပြီ။ အင်္ဂလန်သား တိုက်စစ်သမား ဒွန်းခန့်နဲ့ နယ်သာလန်သား ခံစစ်သမား ဟိုဗာတို့ဖြစ်ပြီး လူငယ်အသင်းမှာ အတော်လေး ခြေစွမ်းကောင်းနေကာ လာမယ့်ရာသီ ရာသီကြိုမှာ စီနီယာအသင်းနဲ့ ပူးပေါင်းခွင့်ရမယ် ကြားလာရပါတယ်။

ချယ်ဆီးနည်းပြ ဆာရီက ၎င်းအသင်းသားတွေမှာ စိတ်ဓာတ်ရေးရာ ပြဿနာရှိနေကြောင်း ဝန်ခံလိုက်ပြီး လိုအပ်တဲ့ အကူအညီများ ရှာဖွေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆာရီဟာ စိတ်ကျန်းမာရေး ပညာရှင်များ အသင်းဆီ ခေါ်ယူလိုသူ မဟုတ်ပေမယ့် လက်စတာကို ရှူံးတဲ့ပွဲ အပြီးမှာ ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ချယ်ဆီး လူငယ်တိုက်စစ်မှူးလေး Callum Hudson-Odoi ကို ခေါ်ယူလိုတဲ့အသင်းထဲမှာ ဘိုင်ယန်မြူးနစ်အပြင် ဒေါ့မွန်အသင်းပါ ပါဝင်လာပြီလို့ သိရပါတယ်။ အိုဒွိုင်းက ငယ်ရွယ်သေးပေမယ့် ဆာရီရဲ့ ချယ်ဆီးအသင်းနဲ့ အတူ ဒီရာသီ ၂ ပွဲ ပါဝင် ကစားထားပါတယ်။

ချယ်ဆီးကစားသမား ဟာဇက်ဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ၂၀၁၈ အကောင်းဆုံး အားကစားသမားဆု Sportsman of the Year award ကို ရရှိသွားပါတယ်။ ဒီဆုကို ဟာဇက်အတွက် ပထမဆုံး ရဖူးတာဖြစ်ပြီး ကော်တိုးရစ်နဲ့ ဒီဘရိုင်းတို့က တစ်ကြိမ်စီ ရရှိထားပြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ၁၂ ဂိုးသွင်းပြီး လက်ရှိ သွင်းဂိုးရှင်စာရင်း ထိပ်ဆုံးမှာရှိတဲ့ အာဆင်နယ် တိုက်စစ်သမား အူဘာမီးယန်းက ဒီရာသီရွှေဖိနပ်ဆုပါ ရနိုင်ကြောင်း အသင်းဖော် ဆိုကရေးတက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

Transfer request တင်ထားတဲ့ ဘာစီလိုနာဂိုးသမား Jasper Cillessen ကို ခေါ်ယူလိုနေတဲ့ ကလပ်အသင်း ၄ သင်းထဲမှာ အာဆင်နယ်လဲ ပါဝင်နေပါတယ်။ နောက်လထဲမှာပဲ အသင်းပြောင်းလိုနေတဲ့ Jasper Cillessen ကို လိုင်ယွန်၊ အာဆင်နယ်၊ နာပိုလီနဲ့ အေဂျက်တို့က စိတ်ဝင်စားနေတာပါ။

အမ်းမရိတ်ကပွဲမှာ အာဆင်နယ်အသင်းသားတွေ ဟန်ဆောင်လှဲချမှုတွေ ရှိခဲ့တယ်လို့ ဘန်လေ နည်းပြ Sean Dyche က စွပ်စွဲခဲ့ပြီး အမ်မရီကတော့ ” ကျနော်ကတော့သူပြောတာ သဘောမတူပါဘူး” လို့ ပယ်ချငြင်းဆန်လိုက်ပါတယ်။

မန်စီးတီး ကစားသမား ဖာဘီယန် ဒပ်ဖ်က ပဲလေ့စ်ကို ရှူံးတဲ့ပွဲ အပြီးမှာ – “ဒါက ကြီးမားတဲ့ ထိခိုက်မှုဆိုပေမယ့် ကာလရှည် ရာသီတစ်ခု ဖြစ်တယ်။ ကျနော်တို့ ကိုယ့်အသင်းကိုယ်က လွဲလို့ လီဗာပူး ဒါမှမဟုတ် တခြားအသင်း တစ်သင်းသင်းပေါ် အာရုံစိုက်မထားဘူး။” လို့ ပြောကြားလိုက်ပါတယ်။

မန်စီးတီးမန်နေဂျာ ပက်ဂွာဒီယိုလာက ဂွန်ဒိုဂန်၊ ဒီဘရိုင်းတို့ ရှိသော်လည်း စတုန်းကို ရွေးချယ်ခဲ့တာအတွက် နောင်တ မရဘူးလို့ ဆိုပါတယ်။ ဖာနန်ဒင်ဟို မပါဝင်နိုင်တဲ့ စီးတီးကွင်းလယ် ဟာကွက် ကြီးမားခဲ့ကာ ရှူံးပွဲတွေ့ခဲ့ပေမယ့် ဂွာဒီယိုလာကတော့ စတုန်း ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ပြင်သစ်နည်းပြ ဒပ်ချမ့်က စီးတီးကစားသမား လာပေါ်တေးကို မရွေးချယ်တာက ကစားသမားစွပ်စွဲသလို ပုဂ္ဂိုလ်ရေးကိစ္စ အကြောင်းပြချက် ကြောင်း မဟုတ်ခဲ့ဘူး ငြင်းပယ်လိုက်ပါတယ်။ လာပေါ်တေးဟာ မန်စီးတီးမှာ ပုံမှန်ကစားခွင့်ရနေပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားခွင့် မရသေးဘဲ ရှိဆဲပါ။