အာဆင်နယ်အသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ Ray Parlour က ယူနိုက်တက်အသင်းသားတွေဟာ ချယ်ဆီးအသင်းသားတွေ ပြုလုပ်ခဲ့ကြသလို မော်ရင်ညိုကို အသင်းမှထွက်ခွာရအောင် ပြုလုပ်ခဲ့တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ ပြီးခဲ့တဲ့ရာသီဝက်တစ်ခုလုံးမှာ ဆိုးရွားတဲ့ခြေစွမ်းတွေ ဆိုးရွားတဲ့ရလာဒ်တွေနဲ့ အသင်းကိုအားပေးနေတဲ့ ပရိတ်သတ်တွေကို စိတ်ပျက်အောင် ပြုလုပ်ခဲ့ကြတဲ့အတွက်ကို ငွေပြန်အမ်းပေးသင့်တယ်လို့ ပြစ်တင်ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်း တိုက်စစ်မှုး လူးဝစ်ဆာဟာက အသင်းအတွက် ပိုချက်တီနိုထက် ဇီဒန်းဟာ ပိုမိုသင့်တော်တဲ့အကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဆာဟာက ဇီဒန်းဟာ ကစားသမားကောင်းဖြစ်ခဲ့သလို ခံစစ်နဲ့တိုက်စစ်ကို ညီမျှအောင် ဘယ်လိုဖန်တီးရမယ်ဆိုတာသိတဲ့ နည်းပြကောင်းတစ်ဦးဖြစ်ကြောင်း ပြောဆိုသွားခဲ့ပြီး အချိန်အတိုင်းအတာတစ်ခုမှာ အသင်းအုပ်ချုပ်သူတွေ အသင်းပရိတ်သတ်တွေရဲ့ ထောက်ခံမှုကို ရရှိနိုင်တဲ့ နည်းပြတစ်ဦးဖြစ်လာနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းကို အောင်မြင်မှုတွေဆီ လမ်းပြခေါ်ဆောင်ခဲ့တဲ့ ဂန္တ၀င်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ အသင်းအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ်နဲ့ ပြန်လာပြီလို့ သတင်းတွေက ဖေါ်ပြနေကြပါတယ်။ မော်ရင်ဟိုအလွန် အသင်းကို ခေတ္တကိုင်တွယ်နေတဲ့ ဂန္တ၀င်ကြီး ဆိုလ်းရှားကို အောင်မြင်မှုတွေရရှိအောင် ဘယ်လို လမ်းညွှန်သွားမလဲဆိုတာ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားကြရမှာပါ။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဇန်နဝါရီမှာ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်မယ်လို့ အာမမခံသေးပါဘူး။ သူကတော့ ထူးခြားဖြစ်စဉ်တွေ ပေါ်ပေါက်လာမှပဲ လူခေါ်မယ်လို့ ထပ်ပြောလာပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးဟာ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်မှုတွေလုပ်ဖို့ ကင်းထောက်မှုတွေ လုပ်ထားပါကြောင်း ဆက်တိုက်သတင်းထွက်နေပါတယ်။

ပဲလေစ့်အသင်းဟာ ဇန်နဝါရီမှာ ကစားသမားသစ်ခေါ်ယူအားဖြည့်ဖို့ ပြုလုပ်ဖို့ စီစဉ်နေပြီး တိုက်စစ်အပိုင်းကို ခေါ်ယူလိုပါတယ်။ ချယ်ဆီးဘက်က ဗလန်စီယာမှာ ခြေစွမ်းတိုးတက်ဖို့ ရုန်းကန်နေရတဲ့ ဘက်ရူဝါရီကို ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့် ပဲလေစ့်ကတော့ ဈေးသက်သာပြီး အငှားခေါ်ယူနိုင်မယ့် ဆိုလန်ကီကိုပဲ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

လီဗာပူး၊ ချယ်ဆီးတို့နဲ့ သတင်းကြီးတွေရှိလာတဲ့ ဖယ်ကီရာဟာ ရီးရဲလ်မက်ဒရစ် ဦးစားပေးစာရင်းထဲ ရှိနေပါတယ်။ လာလီဂါကလပ်က ပထမဆုံးဦးစားပေးအဖြစ် အေးဂျက်ကွင်းလယ်လး ဒီဂျောင်းကို ခေါ်ယူမှာဖြစ်ပြီး မရခဲ့ရင် လိုင်ယွန်မှ ဖယ်ကီရာကို ခေါ်ယူမှာပါ။ ရီးရဲလ်မက်ဒရစ်အတွက်ကတော့ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်နေရတဲ့ အသင်းရဲ့နာမည်ပိုင်းအတွက် ထူးချွန်တဲ့ ကစားသမားကောင်းတွေကို ခေါ်ယူပြဖို့ လိုအပ်နေပါတယ်။

ချယ်ဆီးအသင်းရဲ့ မန်နေဂျာဆာရီက သူရဲ့အသင်းသားတွေကို လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ဗီဒီယိုမှတ်တမ်းကို ပြန်လည်ပြသသွားမှာဖြစ်ပြီး မှားခဲ့တဲ့အမှားတွေကို ပြန်လည်ရှာဖွေကာ ၀က်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲကို သေချာပြင်ဆင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဘယ်ဂျီယံအသင်းနည်းပြ မာတီးနက်စ်က ယခုနှစ်ရာသီမှာ ချယ်ဆီးအသင်းအတွက် (၈)ဂိုးသွင်းယူပြီး (၉)ဂိုးအထိ ထောက်ပံ့မှုပြုလုပ်ထားနိုင်တဲ့ ဟာဇက်ဟာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ကလွဲရင် အဆုံးသတ်ပိုင်းမှာ တိကျသေချာတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အီတလီ အားကစားအေးဂျင့် Federico Pastorello က ဟီဂူရင်နဲ့ မိုရာတာတို့ အလဲအထပ်နဲ့ အသင်းပြောင်းဖြစ်ခဲ့ခြင်းဟာ အေစီမီလန်အတွက်ကော၊ ချယ်ဆီးအတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ထောက်ပြလာပါတယ်။ တိုက်စစ်သမား နှစ်ဦးလုံးက သက်ဆိုင်ရာ ကလပ်တွေမှာ အဆင်မပြေဖြစ်နေပြီး ဟီဂူရင်က ဆရားဟောင်းနဲ့ အင်္ဂလန်မှာ ပြန်ပေါင်းစည်းကာ မိုရာတာက သူ့ရဲ့အောင်မြေဖြစ်တဲ့ အီတလီကို ပြန်လာခြင်းက အကောင်းမမြင်နိုင်တဲ့ အပြောင်းအရွှေ့ မဟုတ်ဘူးလို့ သူကဆိုပါတယ်။

အာဆင်နယ်အသင်း ခေါ်ယူလိုနေတဲ့ Real Valladolid အသင်းရဲ့နောက်ခံကစားသမား Fernando Calero ကို ပြောင်းရွေ့ကြေး ပေါင် (၁၀) သန်းခန့်ဖြင့် ဇန်န၀ါရီအပြောင်းအရွေ့ကာလမှာ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း သတင်းတွေက ဖေါ်ပြနေကြပါတယ်။

နောက်တန်းကစားသမားတစ်ယောက် လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ၀က်ဟမ်းအသင်းမန်နေဂျာ Manuel Pellegriniရဲ့ နေရာပေးမခံရမှုကြောင့် အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ လူငယ်ခံစစ်ကစားသမား Reece Oxfordကို ခေါ်ယူလိုနေကြောင်း သတင်းများပေါ်ထွက်လာပါတယ်။ ခံစစ်ပိုင်းမှာ ပြဿနာကြီးတွေရှိနေတဲ့ အာဆင်နယ်ဟာ လူသစ်ခေါ်ယူဖို့လည်း သတင်းတွေများစွာ ထွက်ပေါ်နေပါတယ်။

အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘီမာယန်းဟာ ခရစ္စမတ်ပွဲတော်ကို ပေါင်(၂၇၀၀၀၀)တန် ကားသစ်ကြီးနဲ့အတူ ဆင်နွဲခဲ့သလို၊ အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာအသင်း တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီနဲ့ အတူ ဈေးဝယ်ထွက်ခဲ့သေးကြောင်း သတင်းများက ဖေါ်ပြခဲ့ကြပါတယ်။ အာဆင်နယ်နဲ့ သတင်းကြီးတွေရှိထားတဲ့ ဒမ်ဘီလီဟာ ဂန်းနား ကစားသမားအများအပြားနဲ့ ခင်မင်ရင်းနှီးသူလည်းဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူးနေရာမှာ အကောင်းဆုံးခြေစွမ်းပြသနေတဲ့ အဂူရိုရဲ့နေရာကိုဆက်ခံဖို့ ပစ်မှတ်ထားနေတဲ့ ဘရာဇီးလူငယ်ကစားသမား Lincoln အတွက် ပြောင်းရွေ့ကြေးကို ယူရိုသန်း(၅၀)သတ်မှတ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်လာပါပြီ။ ဘုရာဇီးကလပ် Flamengoအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေးကို အေစီမီလန်၊ ဂျူဗင်တပ်၊ မန်ချက်စတာယူနိုက်တက် အစရှိတဲ့ အသင်းကြီးတွေကပါ စိတ်ဝင်စားနေကြပါတယ်။

မန်ချက်စတာစီးအသင်းအသင်း မန်နေဂျာ ပတ်ဂွာဒီယိုလာဟာ လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲအတွက် လေ့ကျင့်ခန်းဆင်းချိန်ကို ခရစ္စမတ်နေ့မှာ တစ်နာရီ နောက်ဆုတ်ပေးပြီး အသင်းသားတွေကို မိသားစုနဲ့အတူ အချိန်ဖြုန်းဖို့ အချိန်ပိုပေးသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးကစားသမား ဒီလပ်က သူတို့ဟာ ခရစ်စတယ်ပဲလေစ့်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲထပ် Boxing Dayမှာ လက်စတာစီးတီးအသင်း အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲကိုပဲ အနိုင်ရယူဖို့အတွက် အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ပဲလေစ့်ကို အရေးနိမ့်ခဲ့လို့ အမှတ်ပေးဇယားမှာ လီဗာပူးနောက် ၄ မှတ်ထိ ကွာဟသွားပေမယ့်လည်း ချန်ပီယံကာကွယ်နိုငဖို့ ဒီလပ်က ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ်။

စပါးမန်နေဂျာပိုချက်တီနိုက ဘောလုံးမှာ ခြေစွမ်းတည်ငြိမ်ဖို့လိုပြီး ကလပ်အသင်းက တည်ငြိမ်တဲ့ စွမ်းဆောင်မှုတွေနဲ့ အားလုံးကို အံ့သြသင့်စေတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဧပြီလထိတိုင် လက်ရှိ အနေအထားကို ဆက်လက် ထိန်းသိမ်းရမှာဖြစ်ပြီး ဒါဆိုရင်တော့ အမှတ်ပေးဖလား စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းဖြစ်လာမယ်လို့ သူကဆိုပါတယ်။

စပါးမန်နေဂျာဟောင်း ဟယ်ရီရပ်နပ်ကတော့ သူ့အသင်းဟောင်းဟာ နွေအပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူခြင်း ပြုဖို့ မလိုအပ်ခဲ့ဘူးဆိုတာ သက်သေပြနေပါပြီလို့ ထုတ်ပြောလာပါတယ်။ စပါးဟာ နွေတုန်းက ကစားသမားခေါ်ယူမှု လုံးဝ မလုပ်ခဲ့သလို ကမ္ဘာဖလားပြိုင်ပွဲကြောင့် ရာသီကြိုပြင်ဆင်မှုမှာလည်း အဓိက ကစားသမား အများအပြား လာရောက်ပူးပေါင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

ပီအက်ဂျီကွင်းလယ်လူ ရာဘီရော့ကို ခေါ်ယူဖို့ရာ စပါးအသင်းဘက်ကလည်း နောက်ဆုတ်ရဖွယ်ရှိပါတယ်။ စပါးနည်းတူ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူးတို့ကလည်း စိတ်ဝင်စားနေတဲ့ ပြင်သစ်ကွင်းလယ်လူဟာ ဘာစီလိုနာကို ရောက်ရှိဖို့ အလေးသာလာနေခဲ့ပါပြီ။