လီဗာပူးအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဝီလ်ဆန်ကို နယူးကာဆယ်ဘက်က အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူဖို့ အလားအလာ ရှိနေပါတယ်။ လီဗာပူးအသင်းဟာ ဝေလ်းတောင်ပံသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၂၀ သန်းအထက် ဈေးသက်မှတ်ထားပါတယ်။

လီဗာပူးအသင်းရဲ့ ဘရာဇီး ကစားသမာတွေဖြစ်တဲ့ ဂိုးသမား အယ်လစ်ဆန်နဲ့ တိုက်စစ်မှူး ဖာမင်နိုတို့နဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်တို့ဟာ အင်္ဂါနေ့ကပဲ လီဗာပူးအသင်းရဲ့ ပြင်သစ်လေ့ကျင့်ရေးကို သွားရောက် ပူးပေါင်းခဲ့ကြပါပြီ။

လီဗာပူး ဂိုးသမား အယ်လစ်ဆန်က ပြီးခဲ့တဲ့ရာသီ ရယူခဲ့တဲ့ ဆုဖလားများကြောင့် နောက်ထပ် အောင်မြင်မှု ဆုဖလားများ ဆက်လက်ယူဖို့ စိတ်အား ထက်သန်နေပြီလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်က အားလပ်ရက်မှာ မိသားစုနဲ့ အနားယူရတာအတွက် ပျော်ရွှင်ပြီး အခုချိန်မှာ လီဗာပူးကို ပြန်လာရတာအတွက် ပျော်ရွှင်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ အယ်လီဆန်ရဲ့ ဇနီးဟာ ဒီအားလပ်ရက်အတွင်းပဲ ရင်သွေးမွေးဖွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အသက် ၁၆ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဟာဗေး အီးလီယက်ကို ခေါ်ယူခဲ့တဲ့အတွက် ဖူဟမ် အကယ်ဒမီသို့ နစ်နာကြေး စံချိနတင် အဖြစ် ပေါင် ၉ သန်း ပေးဖို့ ဖူဟမ်ဘက်က တောင်းဆိုနေပါတယ်။ နစ်နာကြေး ဘယ်လောက် ပေးရမလဲဆိုတာ ပရော်ဖက်ရှင်နယ် ဘောလုံးနစ်နာကြေး ကော်မတီက ဆုံးဖြတ်မှာပါ။

လီဗာပူးအသင်းဟာ အသင်းရဲ့ နာမည်ကျော် ချန်ပီယံလိဂ် သံပြိုင်သီချင်း ‘Allez, Allez, Allez’ ကို အသင်း မူပိုင်ခွင့် အဖြစ် မှတ်ပုံတင်ရန် ကြိုးပမ်းခဲ့ပါတယ်။ ထိုသီချင်းကို ပေါ်တို၊ ဂျီနိုအာ၊ ဂျူဗင်တပ်၊ နာပိုလီ၊ ရိမ်းဂျားစ်၊ အက်သလက်တီကို မက်ဒရစ်အသင်း ပရိသတ်များကလည်း သီဆိုနေကြတာပါ။