အံ့အားသင့်ဖွယ်အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်ကစားသမား အန်တိုနီမာရှယ်ဟာ ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ ယခုလက်ရှိအချိန်ထိ မိနစ်အလိုက် ဂိုးသွင်းနှုန်းအကောင်းဆုံး ကစားသမား တစ်ယောက်အဖြစ် ရပ်တည်နေတယ်လို့ စာရင်းဇယားတွေက ဖေါ်ပြနေကြပါတယ်။

ပရီးမီးယားလိဂ်မှာ ယခုလက်ရှိ ရာသီဝက်အချိန်အထိ (၆) ဂိုးနဲ့အထက် သွင်းယူထားတဲ့ ကစားသမားတွေထဲမှာ မာရှယ်ရဲ့ မိနစ်အလိုက် ဂိုးသွင်းနှုန်းဟာ အကောင်းမွန်ဆုံးဖြစ်နေပါတယ်။ မာရှယ်ဟာ လိဂ်သွင်းဂိုး (၈ )ဂိုးနဲ့ သွင်းဂိုးအများဆုံး ကစားသမား ငါးဦးစာရင်းမှာ ပါဝင်နေတာဖြစ်ပြီး ပွဲကစားခွင့်ရချိန် (၁၁၁) မိနစ်တိုင်းမှာ (၁) ဂိုးနှုန်း သွင်းယူထားနိုင်တာဖြစ်ပါတယ်။

အဆိုပါ ဂိုးသွင်းနှုန်းနဲ့ နီးစပ်နေတာက လိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘီမာယန်းဖြစ်ပြီး ပွဲကစားချိန်(၁၁၆)မိနစ်တိုင်းမှာ (၁)ဂိုးနှုန်း သွင်းယူထားပါတယ်။

ယူနိုက်တက် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်တဲ့ ကာဒစ်အသင်းကို 5-1 နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်မှာ မာရှယ်က တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး အဆိုပါပွဲမှာ ယူနိုက်တက် ယာယီနည်းပြအဖြစ် ပထမဆုံးတာဝန်ယူတဲ့ ဆိုးရှားရဲ့ ထုတ်ဖော်ချီးမွမ်းခြင်းခံရတဲ့ ကစားသမားသမား (၆) ဦးထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပါတယ်။

ဆိုးရှားက ” သူတို့အားလုံးရဲ့ ခြေစွမ်းတွေ၊ အထူးသဖြင့် ကစားသမား တစ်ယောက်စီတိုင်းရဲ့ ခြေစွမ်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် အားရကျေနပ်ပါတယ်။ တောင်ပံနှစ်ဖက်မှာ မာရှယ် ဒါမှမဟုတ် လင်ဂတ်ရှိမယ် ပြီးတော့ ရက်ဖိုဒ့်က ရှေ့မှာရှိနေပြီး ပေါ့ဘာကသာ သူတို့ကို ထောက်ပံ့နေမယ်ဆိုရင် ကျွန်တော်တို့ဟာ အမှတ်တွေ ဆက်ယူနေနိုင်ဦးမှာပါ ” လို့ ထုတ်ဖေါ်ချီးမွမ်းခဲ့ပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ ယခုလက်ရှိအချိန်ထိ (၆)ဂိုးအထက် သွင်းယူထားပြီး မိနစ်အလိုက် ဂိုးသွင်းနှုန်းအကောင်းဆုံး ကစားသမားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Premier League top scorers by minutes-per-goal ratio