ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ဘေဘီမောင်နဲ့ စကားနည်းပြီး အေးအေးနေတတ်တဲ့ သားဂန်းတို့ စုံတွဲ ကတော့ လက် တေ လာမှာ ပရိသတ်တွေ အရမ်းကို အားကျနေရတဲ့ မနဲ့ မောင် စုံတွဲလေး ပါ။ သူတို့ရဲ့ Relationship အကြောင်းကို Public ကို ထုတ်ပြောလိုက် တာတော့ သိပ်မကြာသေးပါဘူး။အခုဆိုရင်တော့ နှစ်ယောက်သားနေရာတိုင်းလိုလိုမှာ အတူတွဲပြီး တွေ့ နေရပါပြီ။ ချစ်သူသက်တမ်း ငါးလကျော်လောက်မှာ သူတို့ရဲ့ ပတ်သက်မှုကို လူသိရှင်ကြား ကြေညာခဲ့တာပါ။

ချစ်သူကို စကားလှလှ လေးနဲ့ ချုပ် တတ် တဲ့ ဘေဘီမောင်ကတော့ သူမရဲ့ ချစ်သူမောင်ကို စကားလှလှလေးနဲ့ အမြဲချုပ်နေတဲ့ အချွဲမလေးဖြစ်နေသလို ရိုးရိုး အေးအေးလေးနဲ့ နေတတ်တဲ့ သားဂန်းကလည်း လုံးဝထင်မထားလောက်အောင်ကို အရမ်းကို ချစ်တတ်နေတာကို တွေ့ရပါတယ်။

ချစ်သူအတွက် ဘေဘီမောင်ကတော့ မွေးနေ့ဆုတောင်းစကားလေး အခုလို ပြောထားပါတယ်။

”Happybirthday Mg❤️ မွေးနေ့လက်ဆောင်လေးကို အချစ်တွေပဲပိုတိုးလို့ပေးပါရစေမောင်❤️……………….” ဆိုပြီး ရေးထားပါတယ်။Comment မှာတော့ သားဂန်းက “အရမ်းချစ်တယ်မေမေငမန်း ..” လို့ ပြောထားပြီး ဘေဘီမောင်က “ထပ်တူပါဖေဖေငမန်းရယ်..” ဆိုပြီး ပြန်ပြော ထားပါတယ်။

အဆိုတော် သားဂန်းရဲ့ မွေးနေ့လေးမှာတော့ နှစ်ယောက်သား Mandalay FM မှာ အင်တာဗျူး သွားရောက်ဖြေ ဆိုခဲ့ကြ ပါသေးတယ်။ စကားတက်လွန်းပြီး အရမ်းကို ချုပ်တတ်လွန်းနေတဲ့ သားဂန်းရဲ့ အပြောလေး တွေေ ကြာင့် ဘေဘီမောင် တစ်ယောက် အရမ်းကို ကြည်နူးပျော်ရွှင်ခဲ့တာကိုလဲ တွေ့ရပါတယ်။