ကုန်လွန်ခဲ့တဲ့ 18 ရက်အတွင်း မန်စီးတီးအသင်း ရင်ဆိုင်ခဲ့ရတဲ့ ရှူံးပွဲတွေဟာ လွန်ခဲ့တဲ့ 61 ပွဲပေါင်း ရှူံးပွဲထက်တောင် ပိုမိုလာတဲ့နောက် မန်စီးတီးဟာ ဝေဖန်ခံအသင်းတစ်သင်း စတင်ဖြစ်ပေါ်လာပါပြီ။ မန်နေဂျာ ဂွာဒီယိုလာက နှစ်ပွဲဆက် အရေးနိမ့်ခဲ့ပြီးနောက်မှာ အသင်းဟာ ယုံကြည်မှုတွေ ပြန်ရလာဖို့ နိုင်ပွဲတွေ ပြန်ရှာဖို့ လိုနေပါပြီလို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

လက်ရှိချန်ပီယံ မန်စီးတီးဟာ ဒီဇင်ဘာမှာ ချယ်ဆီး၊ ပဲလေစ့်၊ လက်စတာတို့ကို ရင်ဆိုင်ကစားတဲ့ ပွဲတွေမှာ မမျှော်လင့်ပဲ ရှူံးပွဲတွေရခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှူံးနေပြီ အမှတ်ပေးဇယား အဆင့် 3 နေရာကို ဆင်းပေးခဲ့ရကာ လိဂ်ဦးဆောင်သူ လီဗာပူးနောက် 7 မှတ်ထိ ကွာဟလာနေပြီဖြစ်ပါတယ်။

” ဒီကနေ့ပွဲက ပဲလေစ့်နဲ့ပွဲမှာနဲ့ တူညီတဲ့ စွမ်းဆောင်ပါပဲ။ အစကောင်းပေမယ့် ကိုယ်ဧရိယာထဲ တစ်ကြိမ်လောက် ထိုးဖောက်မှုတွေကနေ ဂိုးတွေပေးလိုက်ရတယ်။ အဲ့သည်လို အနေအထားမှာ အသင်းက ယုံကြည်မှုတွေ အားနည်းနေပါတယ်။ ကျနော်တို့ လက်ခံရပါမယ်။ ပြင်းပြင်းထန်ထန် ကြိုးစားပြီး ရလဒ်ကောင်းတစ်ခုနဲ့ ယုံကြည်မှုတွေ ပြန်ရလာအောင် ကြိုးစားရပါမယ်။

အသင်းက clean sheet တွေ မထိန်းနိုင်တာအတွက် ကျနော်တို့ စိတ်ပူရတယ်။ ကျနော်တို့တွေ အတူတကွနဲ့ အလုက်ကို ကြိုးစားပြီး ရလဒ်ကောင်းတွေ ပြန်ရှာရပါမယ်။ ရာသီက အရှည်ကြီးပါ။ အများကြီး တိုက်ခိုက်ကြရပါမယ်။ ကျနော်တို့ကို ရင်ဆိုင်ပြီး အံ့မခန်းတဲ့ ဂိုးကို လက်စတာက ရယူသွားပါတယ်။ ကျနော်တို့ကို ရင်ဆိုင်ပြီး ပြိုင်ဘက်တွေ ဂိုးမသွင်းနိုင်တဲ့ သွင်းဂိုးမျိုးကို သူတို့ သွင်းယူခဲ့ပါတယ်။ ”

ဂွာဒီယိုလာကပဲ အမှတ်ပေးဖလား ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့ စပါးတို့က ပိုကောင်းတဲ့ အသင်းတွေဖြစ်နေပြီး အမှတ်ကွာဟမှုက တိုးပွားလာနေပြီလို့ ဝန်ခံခဲ့တယ်။ မန်စီးတီးက အသင်းညံ့မဟုတ်ပေမယ့် ပြိုင်ဘက်တွေရဲ့ ပိုကောင်းလာမှုက အသင်းကို ခက်ခဲစေတယ်လို့ ဂွာဒီယိုလာက ထောက်ပြပါတယ်။

” အခွင့်အရေးတွေ ပိုမိုဖန်းတီးဖို့ ကျနော်တို့ အားနည်းခဲ့တယ်။ လီဗာပူးနဲ့ စပါးအတွက်တော့ ထိုက်တန်ပါတယ်။ ကျနော်တို့ အနိုင်မရတဲ့ ပွဲတွေကို သူတို့ အနိုင်ရခဲ့တယ်။ ကွာခြားချက်က ကြီးမားလာပါပြီ။ မနှစ်က ဘောလုံးရာသီမှာ ကျနော်တို့နဲ့ ပြိုင်ဘက်တွေကြား ကွာခြားချက်က ကြီးခဲ့ပေမယ့် ဒီရာသီမှာ လီဗာပူးနဲ့ စပါးတို့က အရမ်းကောင်းပါတယ်။ ဘောလုံးရာသီ ပထမပိုင်းက ပြီးသွားပါပြီ။ ကျနော်တို့ ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ ရမှတ်ရေပေမယ့် သူတို့တွေက ကျနော်တို့ထက် ပိုကောင်းနေပါတယ်။

ဘောလုံးမှာ ဘာဖြစ်လာမယ်ဆိုတာက ကြိုတင်မှန်းဆလို့ မရပါဘူး။ မနှစ်တုန်းက ကျနော်တို့တွေ ချန်ပီယံဖြစ်ဖို့ လွယ်လွယ်ကူကူ လုပ်ခဲ့ကြတယ်လို့ လူတွေက ထင်နေကြတယ်။ အဲ့တာက အရမ်းခက်ခဲပါတယ် ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။