ကလေးသရုပ်ဆောင်ကနေ တဆင့်ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ လူငယ်သရုပ်ဆောင် ယွန်းယွန်းကတော့ သူ့အနေနဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလ အမြဲတမ်းထွက်နေသူ တယောက်ဖြစ်ပါတယ်။ ဒါကြောင့် ယွန်းယွန်းကတော့ သူ့အနေနဲ့ ရည်စားရတယ်ဆိုရင်တော့ သူရည်စားရှိတာကို ပရိသတ်တွေကို ပြောပြမှာလို့ ပြောခဲ့ပြီး ချစ်တဲ့သူတွေ့ရင်လည်း ရည်းစားထားမှာပါဟုပြောကြားသွား ခဲ့ပါတယ်။

ယွန်းယွန်းကတော့ MC နဲ့ အင်တာဗျူးမှာတော့ အချစ်ရေးသတင်းတွေ တက်လာတဲ့အပေါ်မှာတော့ “စိတ်ပူသွားတဲ့အတွက်ကြောင့် တောင်းပန်ပါတယ်။ ပြီးတော့ ညီမအဲ့လိုမျိုးဖြစ်တိုင်းဖြစ်တိုင်း ပရိသတ်တွေက ညီမကို ဘယ်လောက်ချစ်လဲ။ ဘယ်လောက် အားပေးလည်း ဆိုတာကို ပိုပြီးတော့ သိလာရပါတယ်။ ကျေးဇူးအများကြီးလည်းတင်ပါတယ်”
“မိဘတွေကတော့ ညီမကို အပြည့်အဝနားလည်ပေးတယ်။ ညီမတို့က မိသားစု ၃ ယောက်ပဲ ရှိတယ်ဆိုတော့ မောင်နှမတွေလိုပဲ တိုင်တိုင်ပင်ပင်နဲ့ တယောက်အကြောင်း တယောက်ပြောပြကြပါတယ်”

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ “ချစ်သူထားဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့်လည်း ညီမချစ်ရတဲ့သူတွေ့ရင်တော့ ရည်းစားထားမှာပါ။ ရည်းစားထားရင်လည်း ပြောမှာပါ။ ရည်းစားရှိတာလောက်ကတော့ ပရိသတ်ကို ပြောပြချင်ပါတယ်”

Brand တွေကို ရွေးချယ်ပြီးတော့ ဝယ်ယူတတ်လားဆိုတဲ့ အပေါ်မှာတော့ ယွန်းယွန်းက “ကိုယ်ကြိုက်တဲ့ Brand ဆိုရင်တော့ စုရတာ ကြိုက်တယ်။ ကိုယ်ရှာထားတဲ့ ပိုက်ဆံကတော့ ကိုယ်ကြိုက်တဲ့နေရာမှာ သုံးလိုက်ရတာတန်ပါတယ်။ Brand ကြိုက်လို့ Brand တွေ ဝယ်လိုက်ရင် တန်တယ်။ တကယ်လို့ အလှူတန်းကြိုက်တဲ့သူက လှူလိုက်ရတာ တန်တယ်။ ကိုယ်ရှာတဲ့ပိုက်ဆံက ကိုယ်စိတ်ချမ်းသာအောင် သုံးနိုင်ရင် တန်ပါတယ်။ လူငယ်တွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်အောင်မြင်မြင်တွေ လုပ်နိုင်တာကို ဝမ်းသာပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။