လီဗာပူးနဲ့ကွန်မြူနတီ ဒိုင်းပွဲမှာ ဂွာဒီယိုလာက အ၀ါကဒ်ပြ သတိပေးခြင်းခံခဲ့ရပေမယ့် ထို အဝါကဒ်ဟာ အင်္ဂလန်ပြည်တွင်းပွဲတွေမှာ ထည့်တွက်ခံရမှာ မဟုတ်ပါဘူး။ အက်ဖ်အေဟာ မန်နေဂျာတွေကို သက်မှတ် အဝါကဒ်ပြည့်ရင်နဲ့ နှစ်ဝါ တစ်နီ ပြသခံရရင် နည်းပြလိုင်းကနေ ကြီးကြပ်ခွင့် ပိတ်ပင်မယ့် အရေးယူမှုတွေကို ပြုလုပ်ဖို့ စည်းမျဉ်းသစ် ချထားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးမှ အသက် ၂၈ နှစ် အရွယ် ဂျာမနီသား ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်ဟာ ရာသီသစ်မှာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ကြောင်း လန်ဒန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဂွမ်ဒိုဂန်ရဲ့ လက်ရှိစာချုပ်က နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်အသင်းမှ ညာအစွန်လူ ကန်ဆယ်လိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိတော့မှာဖြစ်ပါတယ်။ မန်ချက်စတာ ကလပ်ဟာ အပြောင်းအရွှေ့ တစိတ်တဒေသအဖြစ် အစွန်လူ ဒန်နီလိုကို အလိုက်ပေးရမှာလည်းဖြစ်တယ်။

ကန်ဆယ်လိုရဲ့ အပြောင်းအရွှေ့ကိစ္စ သတင်းကောင်း ကြားလာရပေမယ့် မန်စီးတီးတောင်ပံသမား ဆာနေးရဲ့ အနေအထားကတော့ မသေချာသေးပါဘူး။ မန်စီးတီးက တောင်ပံသမားကို ပြောင်းရွှေ့ကြေး ပေါင် ၁၃၇ သန်း သက်မှတ်ခဲ့ခြင်းကြောင့် ဘိုင်ယန်မြူးနစ် အကြီးတန်း ပုဂ္ဂိုလ်တွေကို တွေဝေမှုတွေ ဖြစ်စေခဲ့ပြီး အပြောင်းအရွှေ့ ဆက်ဖြစ်လာဖို့က ခက်ခဲနေခဲ့တာဖြစ်တယ်။

Oasis တီးဝိုင်းအဖွဲ့သားဖြစ်သူ နာမည်ကျော် အဆိုတော်-တေးရေးဆရာ Gallagher ကတော့ လာမယ့်ရာသီအတွက် မန်စီးတီးရဲ့ အဓိက ပြိုင်ဘက်က လီဗာပူးဖြစ်လာမယ်လို့ ခန့်မှန်းခဲ့ပေမယ့် နောက်ထပ် နှစ်ရာသီဆက်တိုက် မန်စီးတီးအတွက် ပြိုင်ဘက်ကြီး မပေးနိုင်သေးဘူးလို့ ဆိုခဲ့ပါတယ်။

ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မာရက်ဇ်ကို ထည့် မသုံးခဲ့တာက နိုင်ငံအသင်း အယ်လ်ဂျီးရီးယားနဲ့ ရှိစဉ် ဘယ်လို ဆေးဝါး ကုသမှု သုံးစွဲမှုတွေ ရှိလဲ အတိအကျ မသိတာကြောင့် ပွဲမတိုင်ခင် တားမြစ်ဆေး စစ်ဆေးမှုမှာ ထိခိုက်မှာ စိုးရိမ်လို့ ဖြစ်ကြောင်း ဂွာဒီယိုလာက ၀န်ခံ ပြောကြာလိုက်ပါတယ်။

မန်စီးတီးထံ ပြောင်းရွှေ့ဖို့ သတင်းကြီးနေတဲ့ ကန်ဆယ်လိုဟာ ဂျူဗင်တပ်အသင်း ထရိန်နင်ကနေ ထွက်ခွာသွားတာကြောင့် မန်ချက်စတာ ကလပ်ထံ ပြောင်းဖို့ အပြီးသတ်ကိစ္စများ လုပ်ဆောင်နေပြီလို့ ယူဆနေကြပါတယ်။

လာလီဂါ ဥက္ကဌ တီဗက်စ်က မန်စီးတီးနဲ့ ပီအက်ဂျီကို ဥရောပဘောလုံးလောကရဲ့ အန္တရာယ်တွေလို့ စွပ်စွဲ လိုက်ပြီး အရေးယူဖို့ ဥရောပ ဘောလုံး အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။