ချယ်ဆီး ကွင်းလယ်လူ ဒန်နီ ဒရင့်ခ်ဝါးတားကို ခေါ်ယူဖို့ ဘရိုက်တန်အသင်းအပြင် တန်းတက် နော်ဝစ်ခ်ျ စီးတီးအသင်းကပါ စိတ်ဝင်စား နေပါတယ်။ ဒါပေမယ့်လည်း ၄င်းရဲ့ လုပ်ခလစာက အတားအဆီး ဖြစ်နေတယ်လို့ သိရပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ဘာကာယိုကို ရဲ့ ရာသီကြိုက ခြေစွမ်းကို သဘောကျခြင်း မရှိတာကြောင်း အငှား စေလွှတ်ရန် ဂါလာတာစာရေး ကလပ်အသင်းနဲ့ ဆွေးနွေးမှုများ လုပ်ဆောင်နေပါတယ်။

ရာသီကြိုမှာ ရလဒ်ကောင်းခဲ့တာက အသင်းအတွက် အကူအညီဖြစ်မယ် ဆိုတဲ့အကြောင်း လမ်းပတ်က လမ်းပတ်က “ကျနော်တို့ အတွက် ကောင်းမွန်တဲ့ ရာသီကြို ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ရလဒ်ကောင်းတွေ ရခဲ့ပြီး ခက်ခက်ခဲခဲ လုပ်ခဲ့တယ်။ ဒါက အရေးကြီးတဲ့ အရာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ချစ်ကြည်ရေး ခြေစမ်းပွဲ ၇ ပွဲမှာ တစ်ပွဲသာ ရှူံးနိမ့်ခဲ့ပေမယ့် ကာဝါစကီ ဖရွန့်တေးကို နောက်ကျဂိုးကြောင့်သာ ရှူံးခဲ့တာ ဖြစ်ပြီး မထိုက်တန်ခဲ့ပါဘူး။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ ကာဟေးလ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ ကာဟေးလ်ဟာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာပြီးနောက် အသင်းသစ်ကို ဒီမနက်မှာပဲ ရခဲ့ကြောင်း ချယ်ဆီးအသင်းက ကြေညာခဲ့တာပါ။

ချယ်ဆီးနည်းပြ လမ်းပတ်ရဲ့ အသင်းဟောင်း ဒါဘီကို မန်ယူကစားသမားဟောင်း ၀ိန်း ရွန်းနီက ကစားသမား-နည်းပြ အဖြစ် တာဝန်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်မှာ ပွဲကြီးပွဲကောင်း ဖြစ်မယ့် အိုးထရက်ဖို့ဒ်က ယူနိုက်တက်နဲ့ ချယ်ဆီးပွဲ ကို အန်သိုနီ တေလာ ကိုင်တွယ်မှာ ဖြစ်ပါတယ်။ တေလာဟာ ပြီးခဲ့တဲ့ ရာသီက ပွဲတွေမှာ ကိုင်တွယ်တိုင်း ချယ်ဆီးအသင်းအတွက် ၃ ပွဲ ကိုင်တွယ်ခဲ့ရာ တစ်ပွဲမှ နိုင်ပွဲ မရခဲ့ဘဲ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရလဒ် ရထားပါတယ်။

တေလာနဲ့ ဒိုင် အဖြစ် ဂယ်ရီ ဘီဆွစ်နဲ့ အဒမ် နမ်တို့ လက်ထောက် အဖြစ် ပါဝင်မှာ ဖြစ်ပြီး စတုတ္ထ ဒိုင်အဖြစ် လီမေဆန်က တာဝန်ယူမှာပါ။ ဒီပွဲမှာ VAR အဆုံး အဖြတ် လည်း ပါဝင်ဖို့ ရှိပါတယ်။

ချယ်ဆီးအသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ဟာဇက်ရဲ့ နေရာကို ဝီလီယံ၊ ပက်ဒရိုနဲ့ ပူလာဆစ်တို့ထဲ တစ်ဦးဦးကတော့ အပြည့်အဝ ဖြည့်ဆည်းနိုင်မှာ သေချာတယ်လို့ ချယ်ဆီး ဂန္တဝင်ကစားသမား ပက် နာဗင်က သုံးသပ်လိုက်ပါတယ်။