ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဘရိုက်တန် – အဲဗာတန် (စနေည၊ ၉း၃၀ နာရီ)

ဒီပွဲဟာ ဘရိုက်တန်အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမှာပါ။ အဲဗာတန်ဟာ ဘန်လေနဲ့ပွဲမှာတော့ စပါးရဲ့ရှုံးကြွေးကိုအကောင်းဆုံးပြန်ဆပ်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အဲဗာတန်ရဲ့ ယုံကြည်မှုဟာ အမြင့်ဆုံးမှာ ရှိနေတဲ့အတွက် သူတို့ကစားမှာသေချာပါတယ်။ အိမ်ကွင်းမှာ (စပါးကို) ၆-၂ ဂိုးနဲ့ ရှုံးခဲ့ပြီးတဲ့နောက် ဘန်လေနဲ့ပွဲမှာ အကောင်းဆုံးပြန်လာနိုင်တဲ့ အဲဗာတန်အတွက်တော့ လာမယ့်ပွဲစဉ်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အပြီဆော်မယ့်ပုံပါပဲ။ ဘရိုက်တန်အနေနဲ့ အဲဗာတန်ရဲ့ တိုက်စစ်ကိုတားဆီးဖို့ရာခက်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဘရိုက်တန် ၁ – ၃ အဲဗာတန်။

၂။ ဖူဟမ် – ဟက်ဒါစ်ဖီးလ် (စနေည၊ ၉း၃၀ နာရီ)

ဖူဟမ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဝုဗ်ကိုအကောင်းဆုံးကစားသွားခဲ့ပါတယ်။ သူတို့ကို ကြည့်သလောက်တော့ နောက်ပိုင်းပွဲစဉ်တွေမှာ ကောင်းလာတာကိုတွေ့ရပါတယ်။ ဝုဗ်နဲ့ ပွဲမှာရော နယူးကာဆယ်နဲ့ပွဲမှာရော ဖူဟမ်ဟာ အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ဟက်ဒါစ်ဖီးလ်အနေနဲ့ အလက်ဇန်းဒါးမီထရိုဗစ်ကို ဘယ်လိုတားဆီးသွားမလဲဆိုတာ မသိနိုင်ပါဘူး။ မီထရိုဗစ်ဟာ ဝုဗ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အတော်လေးကောင်းခဲ့တာပါ။ နှစ်သင်းစလုံးအတွက် သရေရလဒ်ဆိုတာ မကောင်းပါဘူး။ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

ခန့်မှန်းရလဒ် ။ ။ ဖူဟမ် ၂ – ၀ ဟက်ဒါစ်ဖီးလ်။

၃။ လက်စတာစီးတီး – ကာဒစ်ဖ် (စနေည၊ ၉း၃၀ နာရီ)

ချဲလ်ဆီးနဲ့ မန်စီးတီးတို့လို အသင်းတွေကို အနိုင်ယူထားတဲ့ လက်စတာအနေနဲ့ အခုလိုအချိန်မှာ ယုံကြည်ချက်က မိုးလောက်မြင့်မားနေမှာ သေချာပါတယ်။ ကာဒစ်ဖ်ဟာ မန်ယူကို ဂိုးပြတ်ရှုံးနိမ့်ပြီးတဲ့နောက် ပဲလေ့စ်နဲ့ပွဲစဉ်မှာ ရလဒ်ကောင်းခဲ့ပေမယ့်လည်း လက်စတာကတော့ သူ့ထက်ပိုကောင်းနေသလို သွင်းဂိုးတွေလည်း မြူးနေပါတယ်။ အရင်ရလဒ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း လက်စတာဟာ တော်တော်လေးကို ကောင်းမွန်လာတာကို ငြင်းလို့မရပါဘူး။ လက်စတာမှာ အပြောင်းအလဲတွေဖြစ်ပေါ်နေပါပြီ။

ခန့်မှန်းရလဒ် ။ ။ လက်စတာစီးတီး ၃ – ၀ ကာဒစ်ဖ်။

၎။ တော့တင်ဟမ် – ဝုဗ် (စနေည၊ ၉း၃၀ နာရီ)

ဝုဗ်ဟာ ဖူဟမ်နဲ့ပွဲမှာ ကံကြမ္မာရဲ့ မျက်နှာသာပေးခြင်းကိုခံလိုက်ရပါတယ်။ မီထရိုဗစ်ဟာ တော်တော်လည်းကို ကောင်းမွန်နေပါတယ်။ ဟယ်ရီကိန်း ဒီပွဲမှာ ဘာတွေ ထပ်လုပ်ပြသွားမလဲစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စပါးအတွက် ဂိုးတွေကတော့ များဦးမှာ သေချာပါတယ်။ ဝုဗ်အနေနဲ့ တားဆီးသွားဖို့ တော်တော်ခက်ခဲသွားမှာပါ။ စပါးဟာ တော်တော်လေးကို ကောင်းမွန်တဲ့အသင်းဖြစ်လာပါပြီ။ သူတို့ဟာ လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ ယုံကြည်ချက်တွေပြည့်ဝပြီး အသေအကြေကစားတဲ့ အသင်းထဲမှာ ပါဝင်နေပါတယ်။ ကျွန်တော်တွေးထားတာထက်ကို ပိုဦးမှာပါ။

ခန့်မှန်းရလဒ် ။ ။ တော့တင်ဟမ် ၄ – ၁ ဝုဗ်။

၅။ ဝက်ဖို့ဒ် – နယူးကာဆယ် (စနေည၊ ၉း၃၀ နာရီ)

နယူးကာဆယ်ဟာ လစ်ဗာပူးလ်နဲ့ ပွဲမှာ တော်တော်လေးဆိုးရွားခဲ့ပါတယ်။ သူတို့အနေနဲ့ အဝေးကွင်းမှာ ဝက်ဖို့ဒ်ကို ခက်ခဲအောင်တော့ ကစားနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဂိုးတော့ သွင်းယူနိုင်မှာမဟုတ်ပါဘူး။ ဝက်ဖို့ဒ်ရဲ့ ရှေ့တန်းက များပြားလှတဲ့ တိုက်စစ်ကစားသမားတွေရဲ့ အပြစ်ပေးခြင်းကို ခံသွားရဦးမယ်လို့ ထင်ပါတယ်။ နယူးကာဆယ်မှာ တစ်ဖက်အသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ ရှိပေမယ့်လည်း ဒီပွဲကတော့ သူတို့ပွဲမဟုတ်သေးပါဘူး။

ခန့်မှန်းရလဒ် ။ ။ ဝက်ဖို့ဒ် ၂ – ၀ နယူးကာဆယ်။

၆။ လစ်ဗာပူးလ် – အာဆင်နယ် (စနေညသန်းခေါင်၊ ၁၂း၀၀ နာရီ)

ဒီပွဲမှာ သွင်းဂိုးတွေကတော့ များဦးမယ်ထင်ပါတယ်။ နယူးကာဆယ်နဲ့ပွဲစဉ်မှာ လစ်ဗာပူးလ်ဟာ ပေးဂိုးတစ်ဂိုးမှ မရှိခဲ့ပြန်ပါဘူး။ အာဆင်နယ်အတွင် သွင်းဂိုးတွေဟာ အားသာချက်လို့ဆိုလို့ရပေမယ့်လည်း ခံစစ်ကြောင်းမှာတော့ တော်တော်လေးကိုအခြေအနေ ဆိုးရွားပါတယ်။ မန်ယူတောင် ပြီးခဲ့တဲ့ပွဲမှာ (၃) ဂိုးပြတ်သွင်းပြီးမှာ (၁) ဂိုးပြန်ပေးလိုက်ရပါသေးတယ်။ လစ်ဗာပူးလ်ဟာ တစ်ပွဲပြီး တစ်ပွဲ Clean Sheet ယူနေတာပါ။ အာဆင်နယ်ရဲ့ အားနည်းတဲ့ ခံစစ်ကြောင်းကို လစ်ဗာပူးလ်ရဲ့ တိုက်စစ်က သွင်းဂိုးတွေနဲ့ဒုက္ခကောင်းကောင်းပေးသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ လစ်ဗာပူးလ် ၃ – ၀ အာဆင်နယ်။

၇။ ခရစ္စတယ်ပဲလေ့စ် – ချဲလ်ဆီး (တနင်္ဂနွေညနေ၊ ၆း၃၀ နာရီ)

ချဲလ်ဆီးအနေနဲ့ ဒီပွဲမှာ ရလဒ်ကောင်းတွေ ရမလား၊ မရဘူးလားဆိုတာ မှန်းဆဖို့ခက်ခဲပါလိမ့်မယ်။ ပဲလေ့စ်ဟာ မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ရရှိထားတာပါ။ ပဲလေ့စ်အနေနဲ့ ဒီပွဲမှာတော့ ရလဒ်ကောင်းတစ်ခုအတွက် ဂိုးလုံလုံလောက်လောက် ရသွားမယ်မထင်ပါဘူး။ ဟာဇက်ရဲ့ လက်ရှိပုံစံက အရမ်းကောင်းနေပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ချဲလ်ဆီးအတွက် နိုင်ပွဲတစ်ပွဲကလွဲလို့ အခြားမရှိနိုင်ပါဘူး။ ဒီပွဲမှာ ပဲလေ့စ်အနေနဲ့ ချဲလ်ဆီးကို ဒုက္ခပေးသွားနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ဒါကိုအကောင်းဆုံး ကိုင်တွယ်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ခရစ္စတယ်ပဲလေ့စ် ၁ – ၂ ချဲလ်ဆီး။

၈။ ဘန်လေ – ဝက်စ်ဟမ်း (တနင်္ဂနွေည၊ ၈း၄၅ နာရီ)

ဘန်လေဟာ ခုတလော တော်တော်လေးကို ကစားပုံပျက်နေပြီး ဂိုးတွေအများကြီးပေးထားရပါတယ်။ သူတို့ မဟုတ်သလိုပါပဲ။ စပါးကို (၁-၀) ဂိုးနဲ့ ရှုံးတုန်းကဆိုရင် သူတို့ရဲ့ ခံစစ်ကြောင်းက တော်တော်လေးကောင်းမွန်တာပါ။ အခုတော့ သူတို့ဟာ အိမ်ကွင်းမှာတောင် (၅) ဂိုးလောက်ခွင့်ပြုနေရပါတယ်။ ဝက်စ်ဟမ်းကတော့ ပုံစံကောင်းတွေ ရရှိနေတာပါ။ ဖီလစ်ပီအန်ဒါဆန်ဟာ နိုင်ပွဲတွေကို ဆောင်ကြဉ်းပေးနိုင်တဲ့သူ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီပွဲမှာလည်း ပုံစံပျက်နေတဲ့ ဘန်လေကို ဝက်စ်ဟမ်းကပဲ ဆက်ပြီးတော့နှိပ်စက်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဘန်လေ ၁ – ၃ ဝက်စ်ဟမ်း။

၉။ ဆောက်သမ်တန် – မန်ချက်စတာစီးတီး (တနင်္ဂနွေည၊ ၈း၄၅ နာရီ)

ဒီအချိန်ဟာ မန်စီးတီးကို စောင့်ကြည့်လို့အကောင်းဆုံးအချိန်ပါ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ပွဲတွေ ရရှိဖို့ လိုအပ်နေပါတယ်။ ဒီပွဲမှာ သူတို့အနေနဲ့ ပွဲပြီးခါနီး (၁၀) မိနစ်လောက်အထိ မနိုင်သေးဘူးဆိုရင်တော့ တိုက်စစ်ကစားသမား (၆) ယောက်စလုံးနဲ့ ဂိုးရဖို့ကြိုးစားသွားမှာ သေချာပါတယ်။ သူတို့အတွက် သရေကျလို့တောင် မကောင်းတဲ့အခြေအနေပါ။ ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာသူတို့ အခွင့်အရေးလုံလုံလောက်လောက်ရရှိခဲ့ပါတယ်။ အဲတော့ အနှေးနဲ့အမြန် ဆိုသလိုပဲ နိုင်ပွဲတစ်ပွဲကိုတော့ ပြန်လည်ဖော်ဆောင်သွားနိုင်မှာပါ။ မဟုတ်ရင်လည်း လစ်ဗာပူးလ်ဟာ သူနဲ့တော်တော်ကို ဝေးသွားတော့မှာပါ။

ခန့်မှန်းရလဒ် ။ ။ ဆောက်သမ်တန် ၁ – ၄ မန်ချက်စတာစီးတီး။

၁၀။ မန်ချက်စတာ ယူနိုက်တက် – ဘုန်းမောက် (တနင်္ဂနွေည၊ ၁၁း၀၀ နာရီ)

မန်ယူကစားသမားတွေရဲ့ လက်ရှိကွင်းတွင်းခြေစွမ်းဟာ တော်တော်လေးကို ရယ်စရာကောင်းနေပါတယ်။ ဆိုးရှားဟာကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်အပါအဝင် ဖြစ်ပါလိမ့်မယ်။ ကစားသမားတွေ ရှက်သင့်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာပွဲပြီးခါနီးမှာမှ ပေါ့ပျက်ပျက်ကစားခဲ့ကြပါတယ်။ ဘုန်းမောက်အနေနဲ့ ဒီပွဲမှာတော့ မန်ယူကို အိုးထရက်ဖို့ဒ်မှာ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဆိုးရှားအတွက်တော့ တော်တော်လေးကို ကောင်းမွန်တဲ့ပွဲတွေပါပဲ။ သူတို့ဘုန်းမောက်ကို သာသာယာယာပဲ ကစားသွားနိုင်ပါလိမ့်မယ်။ Clean Sheet လိုအပ်နေတယ်ဆိုပေမယ့်လည်း အရင်ကလောက် မတောင့်တင်းတဲ့အတွက် ရမယ်မထင်ပါဘူး။

ခန့်မှန်းရလဒ် ။ ။ မန်ချက်စတာယူနိုက်တက် ၃ – ၁ ဘုန်းမောက်။