သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် သူမရဲ့ ပွဲတက်ဖက်ရှင်တွေဟာ ဆက်စီဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူပရိသတ်တွေများပြားခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ Balance Fitness Centre ဖွင့်ပွဲမှာ တက်ရောက်လာခဲ့တဲ့ ဖက်ရှင်ကြောင့်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်းရဲ့ ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

“အပိတ်ခံရတာတော့မဟုတ်ဘူးလေ။ ဒါကလည်း ဘယ်လိုပြောရမလဲ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲ ဘယ်သူ့ကိုမှလည်း ဒုက္ခပေးနေတာ မဟုတ်ဘူး။ တခေါက်တော့ အရှေ့မှာ ဦးဌေးခေါ်ပြောတယ် အဲလိုမျိုးမလုပ်ဖို့ ဘာညာပေါ့နော် အဲတုန်းကကျတော့လည်း မထင် မှတ်ပဲဖြစ်သွားတာလေ ဆိုတော့လည်း အဲဒီအတွက်က သင်ဇာ တကယ်တောင်းပန်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သင်ဇာ ဝတ်နေပြုနေတာတွေ အားလုံးက အလုပ်အတွက်ကြောင့် လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးပါလို့ အားလုံးကို ပြောချင်ပါတယ်။” လို့ ပရိသတ်ကြီးကို မေတ္တာရပ်ခံချက်အား MC အင်တာဗျူးမှတဆင့် ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ယခုနောက်ပိုင်း သူမရဲ့ ဝတ်စားဆင်ယင်မှုအပေါ်မှာလည်း ပရိသတ်အချို့က ထပ်မံသတိပေးဖို့ တောင်းဆိုနေတာတွေကိုလည်း တွေ့မြင်နေရတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အလုပ်ဖြစ်တဲ့အတွက် သူမရဲ့ ဝတ်စားဆင်ယင်မှုဟာလည်း ဘယ်သူ့ကိုမှထိခိုက်ခြင်းမရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောဆိုထားတာဖြစ်ပါတယ်။

အောင်သီရိစိ န်တိုက်ဖွင့်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ သူမဖက်ရှင်ပေါ်မှာလည်း ဝေဖန်မှုတွေရှိပြီးတဲ့နောက် သူမက ဒီနှစ်ကုန်အထိ ပွဲတွေ လက်ခံထားတာဖြစ်တဲ့အ တွက်ကြောင့် အနည်းငယ်လွန်သွားရင် တောင်းပန်ပါတယ်လို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။

ဒီလိုမေတ္တာရပ်ခံခဲ့တဲ့နေရာမှာလည်း သူမအနေနဲ့ အရမ်းကြီး ခပ်ဟော့ဟော့ ဝတ်ဆင်တော့မှာမဟုတ်ဘဲနဲ့ လုံးဝမဝတ်တော့ဘူးလို့ ပြောဆိုတာ မဟုတ်ဘူးလို့ ဆိုပါသေးတယ်။ သူမအနေနဲ့ ပွဲတက်ဝတ်စားမှုတွေကိုတော့ ဝတ်ဆင်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

“အရမ်းကြီးမဝတ်တော့ဘူးလို့ သင်ဇာပြောတာပါ။ လုံးဝမဝတ်တော့ဘူးလို့ သင်ဇာပြောတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပွဲနဲ့လိုက်တဲ့ဟာလေးတွေကတော့ ဝတ်နေရဦးမှာပဲလေ။ ဒါက ကိုယ့်အလုပ်ဆိုတော့လဲ။ သင်ဇာက ဆက်စီဘက်သွားတာမျိုးကြိုက်တာဆိုတော့ မှာတော့မယ်ဆို ကြည့်လိုက်တယ်။ ကိုယ်ဝတ်လို့အဆင်ပြေနိုင်မလား အဆင်ပြေတယ်ဆို မှာတယ် ဝတ်တယ်ပေါ့နော်။ အဓိကကတော့ Online Shopping ကဝယ်ဖြစ်တာများတယ်။ ပွဲအကြီးဆိုရင်တော့ ဒီဇိုင်နာနဲ့ သေချာတိုင်ပင်ပြီး ချုပ်ဖြစ်တယ်။”