လီဗာပူးတောင်ပံသမား ဝဲလ်ဆန်ဟာ ဘုန်းမောက်အသင်းထံ တစ်ရာသီအငှား ရောက်ရှိခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲ ပါဝင်ကစားဖို့ပါ စီစဉ်နေပါပြီ။

ရာသီကြိုမှာ လူငယ်ကစားသမား ၅ ဦးကို ပြန်လွှတ်ခဲ့ရတာက ကောင်လေးတွေက အရမ်းကို ငယ်လွန်းသေးတာကြောင့် ဖိအားတွေ မရစေပဲ လွတ်လွတ်လပ်လပ် တိုးတက်မှုတွေ ရှိစေဖို့ရာ မဲဝုဒ်ကို ပြန်ပို့ခဲ့တာလို့ ကလော့ပ်က ပြောပါတယ်။

စပါးမန်နေဂျာပိုချက်တီနိုဟာ လီဗာပူးကွင်းလယ်လူဟောင်း ကော်တင်ညိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အက်ပန်ညိုမှာ လက်တွဲခဲ့ဖူးတဲ့ ဘရာဇီးကွင်းလယ်လူအတွက် အငှားခေါ်ယူခ ပေါင် ၂၁ သန်း ပေးသွားမယ်လို့လည်း သိရပါတယ်။

လီဗာပူးဟာ ကွင်းလယ်လူ ဖာဘင်ညိုကို ရီးရဲလ်မက်ဒရစ်ထံ ရောင်းချမယ်ဆိုတဲ့ ကိစ္စတွေက မမှန်ပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဖာဘင်ညိုကို ပေါင် ၆၀ သန်းနဲ့ ကမ်းလှမ်းမယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။

လီဗာပူးလူငယ်တိုက်စစ်သမား Taiwo Awoniyi ဟာ ဘွန်ဒက်လီဂါကလပ် မိန့်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ကမှ အသင်းနဲ့ သက်တမ်းတိုးမှု လုပ်ထားခဲ့ပါတယ်။

ကွန်မြူနတီဒိုင်းပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဒီဘရိုင်းက သူကိုယ်တိုင်လည်း အဆိုပါ ရွေးချယ်မှုအတွက် အံ့သြခဲ့ရကြောင်းနဲ့ ဆုရဖို့ အကြောင်း မရှိပါဘူးလို့ ဝန်ခံစကား ပြောဆိုပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ မစတင်ခင်မှာ ကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူထားခဲ့ပြီလို့ ယူဆခံရမှုတွေ မြင့်တက်နေပါတယ်။ ဒီကိစ္စကို လီဗာပူး ပရိသတ်တွေကပဲ ဖော်ထုတ်လာခဲ့ကြတာဖြစ်ပြီး အဆိုပါ ကွင်းလယ်လူဟာ တူရကီကလပ် ဘက်ဆစ်တက်အသင်း လူငယ်ကွင်းလယ်လူ Dorukhan Tokoz ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

လီဗာပူးဟာ အသင်းရဲ့ လူငယ်တောင်ပံသမား ကန့်ကို ရောင်းထုတ်ဖို့ကိစ္စက သေချာခဲ့ပြီဖြစ်ပါတယ်။ ပေါင် ၁၀ သန်း ဈေး သက်မှတ်ထားတဲ့ ကန့်ကို ခေါ်ယူဖို့ လိဒ်က စိတ်ဝင်စားပေမယ့် ပြောင်းရွှေ့ကြေး ညိနှိုင်းမရသေးပါဘူး။

လီဗာပူးဂိုးသမားဟောင်း ရေနာက စပိန်ဂိုးသမား အက်ဒရီယန်အား အန်ဖီးဟာ အိမ်လို့ ခံစားရမယ့် နေရာလို့ ထောက်ခံပေးခဲ့သလို ကစားသမားရဲ့ အသင်းဟောင်း ဘက်တစ်ကလည်း ဂိုးသမားကောင်း ရခဲ့တာပါလို့ လီဗာပူးကို ဂုဏ်ပြုခဲ့ပါတယ်။