အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းက အီတလီလက်ရွေးစင် ခံစစ်မှူး ဒန်နီယယ်လီ ရူဂါနီနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရယူနိုင်ခဲ့ပြီ ဖြစ်တယ် လို့ သိရပါတယ်။ ဒန်နီလီ ရူဂါနီသည် အာဆင်နယ် အသင်းနဲ့ နှစ်နှစ် အငှား စာချုပ်ဖြင့် လာဖို့ သဘောတူခဲ့ပြီးနောက် အမ်းမရိတ်သို့ ကြာသပတေးနေ့ အပြောင်းအရွှေ့ မပိတ်သိမ်း ခင်တွင် ရောက်ရှိမယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

အမ်မရီက ဗဟိုနောက်ခံလူ တစ်ဦး အသည်းအသန် ခေါ်ယူလိုနေပြီး အစောပိုင်း က ၀ီလီယံဆလီဘာ ကိုခေါ်ယူခဲ့ပေမယ့် စိန့်အက်တီယန် အသင်းထံသို့ ပြန်လည် အငှားချ ထားခွင့်ပြုခဲ့ရပါတယ်။

အာဆင်နယ် အသင်းသည် ယခုလ အစောပိုင်းကတေည်းက ဂျူဗင်တပ်စ်နောက်ခံလူကို ၂ နှစ်အငှားဖြင့် ခေါ်ယူရန် ချဉ်းကပ်ခဲ့ပေမယ့် အီတလီ စီးရီးအေ ချန်ပီယံ အသင်း ဂျူဗင်တပ်က ပယ်ချခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့် ရူဒီဂါက အာဆင်နယ် အသင်းက ကမ်းလှမ်းချက်များကို သဘောတူလိုက်ပြီဖြစ်ပြီး မြောက်လန်ဒန် အသင်းထံသို့ ဒီရက်ပိုင်းအတွင်းမှာ ၂ နှစ်အငှား စာချုပ်ဖြင့် အပြီးသတ် ရောက်ရှိလာတော့မှာလို့ နောက်ဆုံးရ သတင်းများမှာ ပါရှိလာပါတယ်။

အာဆင်နယ်က အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရူဂါနီကို တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀ ပေးချေသွားမှာဖြစ်ပြီး စာချုပ်တန်ကြေးဟာ တစ်နှစ်ကို ယူရို ၄ သန်း (ပေါင် ၃.၆၈ သန်း) တန်ကြေးရှိမယ်လို့ ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ ရူဒီဂါအတွက် ကနဦး အငှားနဲ့ ခေါ်ယူပေမယ့် အပြီးသတ် ပြောင်းရွှေ့ခွင့် အပါအ၀င် နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။ ဂျူဗင်တပ် အားကစားဒါရိုက်တာ ဖေဘီယို ပါရာတက်ခီကိုယ်တိုင် လန်ဒန်မှာလာရောက် ဆွေးနွေးနေပြီး အပြီးသတ်ခေါ်ယူချိန်မှာ ပေးချေမယ့် ပြောင်းရွှေ့ကြေး ပမာဏကို ညှိနှိုင်းနေပြီဖြစ်ပါတယ်။

ရူဂါနီဟာ ကစားသမားဘ၀ကို စီးရီးဘီကလပ် အမ်ပိုလီအသင်းထံတွင် ၂၀၁၃ ခုနှစ်က စတင်ကစားခဲ့သူဖြစ်ပြီး အမ်ပိုလီအသင်းကို စီးရီးအေ သို့ တက်လှမ်းနိုင်အောင် ကူညီစွမ်းဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ မှာ စီးရီးဘီ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သူပါ။