အာဆင်နယ် အသင်းခေါင်းဆောင် ကိုစီရယ်နီဟာ သတင်းများ ထွက်ထားတဲ့အတိုင်း ပြင်သစ်ကလပ် ဘော်ဒိုးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကလပ်အသင်း တောင်ပံတိုက်စစ်သမား အီဝိုဘီအတွက် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းရဲ့ ပေါင်း သန်း ၃၀ တန် ကမ်းလှမ်းလာမှုကို ပယ်ချလိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ် လူငယ်တိုက်စစ်သမား အန်ကတ်တီယာ ဟာ နွေအပြောင်းအရွှေ့ မပိတ်ခင်ဘဲ အငှား ကစားဖို့ ထွက်ခွာဖွယ် ရှိနေပါတယ်။ ၄င်းကို ခေါ်ယူဖို့ ပြည်တွင်းနဲ့ ပြည်ပ ကလပ်အသင်း အများအပြား စိတ်ဝင်စားမှု ပြသခဲ့ပေမယ့် ဘရစ်စတိုး စီးတီးထံ ရောက်ဖို့ ရေပန်းစားနေပါတယ်။

အာဆင်နယ်ဟာ ဗဟိုခံစစ်မှူးသစ် အလိုရှိနေပြီး လိုက်ဇစ်အသင်းမှ Dayot Upamecano ကို ခေါ်ယူဖို့ စိတ်ဝင်စားပေမယ့်လို့ တရားဝင် ကမ်းလှမ်းမှု လုပ်ရသေးခြင်း မရှိဘူးလို့ သိရပါတယ်။

အာဆင်နယ်ဟာ ကလပ်အသင်းကနေ ပြင်သစ်ကလပ် ဘော်ဒိုးကို ထွက်ခွာသွားတော့မယ့် ခံစစ်မှူး ကိုစီရယ်နီနေရာ အစားထိုးဖို့ လိုက်ဇစ် အသင်းမှ ပြင်သစ်လူငယ် ခံစစ်မှူး ပါမီကာနိုအား ချိတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်း လူငယ်ကွင်းလယ်လူ ဝဲလ်လော့ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်က ဝင်ရောက်လာခဲ့ပါပြီ။ ဘာစီလိုနာကို ၂-၁ နဲ့ အရေးနိမ့်တဲ့ ပွဲမှာ ဝဲလ်လော့ ပါဝင်ကစားခဲ့ပြီး အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပါသေးတယ်။

အာဆငနယ်က ဂျူဗင်တပ်မှ အသက် ၂၅ နှစ်အရွယ် ခံစစ်မှူး ရူဂါနီကို ပုဂ္ဂိုလ်ရေး သဘောတူညီမှုရအောင် ကြိုးစားထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်အာဆင်နယ်ဟာ စီးရီးအေကလပ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုတော့ မရသေးပါဘူး။

ဂျူဗင်တပ်က ရူဂါနီကို အငှားချမှုမှာ ရာသီကုန်ရင် ပေါင် ၃၆ သန်းပေးပြီး ခေါ်ယူဖို့ဆိုတဲ့ အချက်ကို ထည့်သွင်းလိုနေတယ်။ အာဆင်နယ်ကတော့ ရူဂါနီအတွက် ပြောင်းရွှေ့ကြေးကို အဲ့သည်လောက်ထိ မပေးလိုပါဘူး။

အာဆင်နယ် ခံစစ်မှူး ဂျက်ကင်ဆန်ဟာ နော်တင်ဟမ် ဖောရက်စ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂ သန်း၊ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီဖြစ်ပါတယ်။