ယူနိုက်တက်ကစားသမား လင်ဂတ်က ၎င်းရဲ့အသင်းဖော် ပေါ့ဘာက ယခုမှ ပေါ့ဘာရဲ့ မူလပုံစံ ပြန်ရောက်သွားဆယ်လို့ မှတ်ချက်ပြု လိုက်ပါတယ်။ ဆိုးလ်ရှား နည်းပြအဖြစ် တာဝန်ယူပြီးနောက် ပေါ့ဘာက ပိုပြီး လွတ်လပ်စွာ ကစားခွင့်ရလာသလို ခြေစွမ်းပြ ဂိုးများလည်း သွင်းယူနိုင်နေပါတယ်။

ယူနိုက်တက်တိုက်စစ်သမား ရပ်ဖိုဒ့်ဟာ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ကြောင်း မန်နေဂျာဆိုးရှားက အတည်ပြုပါတယ်။ တနင်္ဂနွေနေ့က ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲမှာ ရပ်ဖိုဒ့်ဟာ ဒဏ်ရာကြောင့် လူကာကူနဲ့ လူစားလဲခဲ့ရပါတယ်။

ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုက မော်ရင်ညိုကို ထုတ်ပယ်ပြီးနောက် ဒုတိယ နည်းပြထုတ်ပယ်မှု အဖြစ် ၎င်းတို့ပိုင် NFL အသင်း Tampa Bay Buccaneers အသင်းနည်းပြကို ထုတ်ပယ်လိုက်ပါတယ်။

ပြင်သစ်ဘက်က သတင်းများအရ စပါးအသင်း ခံစစ်မှူး ဒန်နီရို့စ်ဟာ ဇန်နဝါရီမှာ မာဆေးအသင်း ဝယ်ယူဖို့ ပစ်မှတ်ထားတဲ့ ခံစစ်သမား စာရင်းထဲ ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ ရို့စ်ဟာ ဒီရာသီမှာ ကလပ်အသင်းအတွကိ ကစားခွင့် ရလိုက် မရလိုက် ရှိနေပါတယ်။

စပါးခံစစ်ကစားသမား အန်ဒါဝီရယ်က အသင်းဖော်တွေကို ရှူံးပွဲကနေ ပြန်နိုးထပြီး ကားဒစ်နဲ့ပွဲမှာ နိုင်ပွဲ ပြန်ယူဖို့ တိုက်တွန်းစကား ဆိုလိုက်ပါတယ်။ ဝုဗ်နဲ့ပွဲမှာ ပထမပိုင်း ကစားပုံကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ အသင်းသားများ နွမ်းနယ်နေ၍သာ ပွဲကို လိုက်မကစားနိုင်ခဲ့ကြောင်း ၎င်းက ဆိုပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာဒီယိုမာနေးဟာ အာဆင်နယ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်း ခံစစ်မှူး လစ်ခ်ျ စတိုင်နာကို နောက်မှ လည်ပင်းဖက်ဆွဲထားတဲ့ ပုံရိပ်များ တွေ့ခဲ့ရလို့ အရေးယူခံရမယ် တွေးထင်ထားကြသော်လည်း မည်သည့်ပြစ်ဒဏ်မှ ကျခံစရာ မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် မန်စီးတီးနဲ့ပွဲမှာ မာနေး ပါဝင်နိုင်မှာပါ။

မန်စီးတီးနဲ့ လီဗာပူးနဲ့ ပွဲစဉ်ကို ဒိုင်လူကြီး အန်တိုနီတေလာ ကိုင်တွယ်မှာကို လီဗာပူးပရိသတ်များ မကျေနပ်မှုတွေ ရှိနေပါတယ်။ တေလာဟာ မန်ချက်စတာ ဝစ်သန်ရှော ဒေသမှ ဖြစ်လို့ မန်စီးတီးအသင်း အခြေစိုက်ရာနဲ့ ၇ မိုင်ခန့်သာ ကွာတဲ့နေရာမှ ဖြစ်ပါတယ်။

လီဗာပူးဂိုးသမား အယ်လစ်ဆန်ဟာ ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားပြီးချိန်မှာ clean sheet ၁၂ ပွဲ ရယူကာ ၈ ဂိုးသာ ပေးထားပြီး ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ နံပါတ် ၁ ဂိုးသမားအဖြစ် ရပ်တည်နေပါတယ်။

ချယ်ဆီး အသင်းကသာ ကိုဗာဆစ်ကို အပြီးသတ်ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးမှုများ အထမမြောက်ခဲ့ရင် ကစားသမားကို ပြန်လည်ခေါ်ယူဖို့ အင်တာမီလန်က ကြံရွယ်ထားတယ်လို့ အီတလီဘက်က သတင်းများမှာ ပါရှိလာပါတယ်။

ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်က ချယ်ဆီးအသင်းမှ ဘယ်လ်ဂျီယံသား အီဒင်ဟာဇက်ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ရခက်နေမှု အပေါ် အကြံပေးစကား ဆိုသွားပါတယ်။ ဟာဇက်ဟာ အောင်မြင်တဲ့ ဘောလုံးသမားဖြစ်ဖို့ နိုင်ငံကနေ ငယ်ရွယ်စဉ်တည်းက ထွက်ခွာခဲ့သူဖြစ်တာကြောင့် ၎င်းအနေနဲ့ ဟာဇက်ကို ပျော်ရွှင်နေဖို့နဲ့ သူစိတ်ပါတဲ့နေရာမှာ နေဖို့ တိုက်တွန်းသွားပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်မှူး ဟီဂူအင်နဲ့ မိုရာတာတို့ကို တည့် အလဲအထပ်ပြုလုပ်လိုနေတာက ဘာကောင်းကျိုးမှ ရှိမယ်မထင်ကြောင်း ဟီဂူအင် အငှား သွားရောက်ကစားနေတဲ့ အေစီမီလန်အသင်းဘက်က ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအနေနဲ့ ဒီဇန်နဝါရီမှာသာ ဟီဂူအင်ကိုခေါ်ရင် အငှားကလပ် အေစီမီလန်ကို လျော်ကြေးပေးရဖို့လည်း ရှိနေပါတယ်။

ဘရိုက်တန်ကို သရေကျတဲ့ပွဲမှာ ပွဲကြည့်စင်ဘက် ရေဗူးကို ကန်ထုတ်ခဲ့တဲ့ အပြုအမူအတွက် အာဆင်နယ်နည်းပြ အမ်မရီကို ဒဏ်ငွေ ပေါင် ၈၀၀၀ ပေးဆောင်ရန် အက်ဖ်အေက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ အခြားအသင်းမျာဒနဲ့ အကြို သဘောတူစာချုပ် ချုပ်ခွင့်ရှိနေပြီ ဖြစ်တဲ့ အာဆင်နယ် ကွင်းလယ်သမား ရမ်ဆေးက ဥရောပထိပ်သီး ကလပ်အသင်း ၅ ခုနဲ့ ပြောဆိုဆွေးနွေးတော့မှာပါ။ ထိုအသင်းတွေကတော့ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ဖြစ်ပါတယ်။

နည်းပြ အမ်မရီရဲ့ ချန်လှပ်မှုများ ခံနေရပေမယ့် အိုဇေးလ်က ဒီဇန်နဝါရီ အပြောင်းအရွှေ့မှာ အငှားထွက်ကစားမှာ မဟုတ်ဘဲ ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိုဇေးလ်ဟာ လီဗာပူးလ်ကို ရှူံးခဲ့တဲ့ပွဲမှာလည်း ပါဝင်ခွင့် မရခဲ့ပါဘူး။

မန်စီးတီး တိုက်စစ်မှူး အဂွယ်ရိုဟာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရတဲ့ ပွဲ ၆ ပွဲလုံး ဂိုးသွင်းထားပါတယ်။ ဒါက ပရီးမီးယားလိဂ် သမိုင်းမှာ ကစားသမားတစ်ယောက်တည်းက ပြိုင်ဘက်တစ်သင်းတည်းကို အိမ်ကွင်းမှာ ရာနှုန်းပြည့် ဂိုးသွင်းနိုင်တဲ့ အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလထဲ ရှူံးပွဲတွေဟာ မန်စီးတီးအသင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နာကျင်စေခဲ့တယ်လို့ စီးတီး ဝါရင့်ခံစစ်မှူးကြီး ကွန်ပနီက ငြီးတွားလိုက်ပါတယ်။ မန်စီးတီးအနေနဲ့ အမှတ်ပေးဖလား ချန်ပီယံဖြစ်ဖို့အတွက် အင်အား ရှိသမျှ အစွမ်းကုန် ကြိုးစားရတော့မယ်လို့ ၎င်းက သတိပေးလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အက်စ်ပန်ညိုအသင်းမှ အံ့ဖွယ် လူငယ်ကစားသမားလေး အော်စကာ တာရန်စီကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဇန်နဝါရီလထဲမှာ အော်စကာက အသက် ၁၆ နှစ် ပြည့်မှာဖြစ်လို့ အခြား ဥရောပအသင်းတွေနဲ့ စာချုပ်ချုပ်ဆိုနိုင်ပြီဖြစ်ပါတယ်။ ၎င်း က ညာခြမ်းမှာ ထူးချွန်စွာ ကစားနိုင်ပြီး ညာခြမ်းခံစစ်၊ တောင်ပံနေရာများ အပြင် ကွင်းလယ်မှာပါ ကစားနိုင်သူပါ။