ပေါလ်မာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

အဲဗာတန် Vs လက်စတာ/ (ဇန်န၀ါရီ ၁၊ အင်္ဂါနေ့ ည ၇း၀၀ နာရီ)

ဒီပွဲမှာ အဲဗာတန်ပဲ နိုင်မယ်ထင်ပါတယ်။ ဖိအားတွေ ရှိလာချိန်မှာ အိမ်ကွင်းကစားရတာက တုန့်ပြန်ဖို့ အကောင်းဆုံးပါပဲ။ နှစ်သင်းလုံးအတွက် ပွဲကောင်းဖြစ်ပြီး အဲဗာတန်က အိမ်ကွင်းမှာ အနိုင်ယူသွားမှာပါ။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 1 – 0 လက်စတာ

အာဆင်နယ် Vs ဖူလ်ဟမ်/ (ဇန်န၀ါရီ ၁၊ အင်္ဂါနေ့ ည၉း၃၀ နာရီ)

အာဆင်နယ်အတွက် ပုံမှန်ပြန်ဖြစ်လာတာပါပဲ။ ဘာတွေပြောင်းသွားလဲ မသိပါဘူး။ အရင့် အရင်တွေအတိုင်း ရလဒ်တွေ ပြန်ရနေတာပါပဲ။ ဒီတစ်ပွဲတော့ အာဆင်နယ် အနိုင်ရပါမယ်။ ဘာလို့လည်းဆိုတော့ အာဆင်နယ်ဖြစ်နေလို့ပါ။ သူတို့က အင်အားပိုနည်းတဲ့ အသင်းတွေဆို အနိုင်ယူနေကျပါပဲ။ ဖူလ်ဟမ်ရဲ့တိုက်စစ်က အာဆင်နယ်ကို လိုက်မမှီပါဘူး။ ဒါပေမယ့် ခံစစ်ကတော့ ကောင်းပါတယ်။ ဒီပွဲမှာလည်း ကြိုးစားမှာပါ။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3 – 1 ဖူလ်ဟမ်

ကားဒစ် Vs စပါး/ (ဇန်န၀ါရီ ၂၊ ဗုဒ္ဓဟူးနေ့ မနက် ၁၂း၀၀ နာရီ)

စပါးအသင်းက ဖိအားတွေ မရှိတော့ပါဘူး။ ဒါပေမယ့် ဒီပွဲတော့ အနိုင်ရမှာပါ။ အဲဗာတန်နဲ့ ဘုန်းမောက်တို့ကို အကောင်းဆုံး အနိုင်ယူခဲ့ပေမယ့် အရင်အပတ်က ဝုဗ်နဲ့ပွဲမှာ စပါးဟာ ဖိအားတွေ ရင်ဆိုင်နေခဲ့ရတယ်။ ကြားရက် လီဗာပူးပွဲရလဒ်မတိုင်ခင် အနိုင်သုံးမှတ် ရယူထားဖို့ လိုပါတယ်။ ကာဒစ်ဟာ ယူနိုက်တက်ကို အရေးနိမ့်တဲ့ပွဲအပြီး ပြန်လာနေတာကိုတော့ သတိပြုရမယ်။ ဒီရာသီကို ကာဒစ်က အကောင်းဆုံး တုန့်ပြန်လိုစိတ်တွေတော့ ရှိနေပါတယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ ကားဒစ် 1 – 4 စပါး

ဘုန်းမောက် Vs ၀က်ဖို့/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ဘုန်းမောက်က လကောင်းတစ်လကို မပိုင်ခဲ့ပါဘူး။ သူတို့က ခက်ခဲတဲ့ပွဲတွေ ရင်ဆိုင်ခဲ့ရသလို ဒဏ်ရာရ ကစားသမားတွေ များနေတယ်။ အသင်းလူစာရင်းကလည်း မတောင့်ဘူး။ ဝကိဖို့ကို အနိုင်ရမယ်လို့ မျှော်လင့်ထားကြပေမယ့် ရလဒ်က နှစ်သင်းလုံး ဂိုးသွင်းခြင်းဖြင့် အဆုံးသတ်သွားပါလိမ့်မယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 2 – 2 ၀က်ဖို့

ချယ်ဆီး Vs ဆောက်သမ်တန်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

မန်စီးတီးနဲ့ပွဲမှာ စိန့်က အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ သူတို့က တန်းဆင်းဇုန်တိုက်ပွဲကို ဆင်နွဲနေရတာဖြစ်ပြီး အာဆင်နယ်နဲ့ ဟက်ဒါဖီးကို အနိုင်ယူခဲ့တယ်။ အဲ့သည်ပွဲတွေနောက် သိပ်မကောင်းပါဘူး။ ချယ်ဆီးနဲ့ ပဲလေစ့်ပွဲမှာ ချယ်ဆီးက အရမ်းမကောင်းပေမယ့် ရလဒ်ကောင်းရခဲ့တယ်။ ပဲလေစ့်က ကစားဖို့ အရမ်းလွယ်ကူတဲ့ နေရာမဟုတ်တောင်မှပါပဲ။ ဒီပွဲမှာ ချယ်ဆီးက အနိုင်ကစားသွားမှာပါ။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 3 – 0 ဆောက်သမ်တန်

ဟက်ဒါဖီး Vs ဘန်လေ/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ဟက်ဒါဖီးအတွက် ဒီပွဲက နိုင်ကို နိုင်ရမယ့်ပွဲပါ။ တန်းဆင်းဇုံအသင်းတစ်သင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရရင် အနိုင်ယူဖို့ တစ်ခုတည်းပဲ ရှိပါတယ်။ အရေးနိမ့်ခဲ့ရင် အမှတ်ကွာဟချက် ကြီးမားသွားပါမယ်။ ဆက်လက်ရှင်သန်ဖို့ အိမ်ကွင်းမှာ အနိုင်ယူရမှာပါ။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 1 – 0 ဘန်လေ

ဝက်စ်ဟမ်း Vs ဘရိုက်တန်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ဇယားအလည်က အသင်းအနေနဲ့ ဝက်ဟမ်းက ရလဒ်ပိုင်း မတည်ငြိမ်ပါဘူး။ အိမ်ကွင်းမှာတော့ သူတို့ နိုင်ပါလိမ့်မယ်။ အဝေးကွင်းဆိုရင် ဘရိုက်တန်က အရမ်းမကောင်းပါဘူး။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 2 – 0 ဘရိုက်တန်

ဝုဗ် Vs ခရစ္စတယ် ပဲလေ့စ်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ပဲလေစ့်က အဝေးကွင်းဆိုတော့ နည်းနည်းကွားခြားနိုင်တယ်။ ဒါပေမယ့် နှစ်သင်းလုံးက တိုက်စစ်ပိုင်းမှာ အရှိန်နဲ့ ကစားနိုင်သူတွေရှိပြီး ခံစစ်ကို အထိုင်ထား ကစားကြမှာမဟုတ်ဘူး။ ဒီပွဲက တိုက်စစ်ဖွင့်ကြမယ် ယူဆပြီး နှစ်သင်းလုံးမှာ အန္တရာယ်ပေးနိုငတဲ့ တိုက်စစ်သမားတွေရှိပါတယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2 – 2 ခရစ္စတယ် ပဲလေ့စ်

နယူးကာဆယ် Vs မန်ချက်စတာ ယူနိုက်တက်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ)

ယူနိုက်တက်ကို နောက်တစ်ကြိမ် ပြန်မြင်နေရပါပြီ။ ရာသီစက မမြင်ထားရပေမယ့် ပေါ့ဘာက 6 ကိုက်စည်းထဲ ဂိုးတွေ ပြန်သွင်းနေပါပြီ။ ယူနိုက်တက်က အချုပ်အနှောင်တွေ ကင်းလွတ်သွားပါပြီ။ မာတစ်က ချယ်ဆီးမှာ ကစားခဲ့တဲ့ ပုံစံတွေအတိုင်း တိုက်စစ်ကို ဘောလုံးတွေ ပြန်ပို့နေပါပြီ။ အသင်းသားတိုင်းက ဘောလုံးမပါချိန်မှာလည်း လိုလိုလားလားကိုပဲ ပြေးလွှားနေကြပြီ ဖြစ်ပါတယ်။

နယူးကာဆယ်က ခံစစ်မှာ 10 ယောက်လောက် ပိတ်ထားပါလိမ့်မယ်။ ဒါ သေချာပါတယ်။ နယူးကာဆယ်က 0-0 ရလဒ်အတွက် ကြိုးစားပြီး တည်ကန်ဘောတွေနဲ့ အခွင့်အရေး ယူပါတယ်။ သူတို့ တိုက်စစ်ဖွင့်ပေးလိုက်ရင် ဂိုးတွေ သွင်းခံရမှာပါ။ ဘုန်းမောက်က ယူနိုက်တက်ကို ယှဉ်ပြိုင်ရာမှာ တိုက်စစ်ဖွင့်ခဲ့တယ်။ ဒါပေမယ့် ကားဒစ်က ပိတ်ကစားခဲ့ပေမယ့် ယူနိုက်တက်က အကောင်းဆုံး ကစားနေဆဲပါပဲ။ ယူနိုက်တက်မှာ အပြေးသမားတွေရှိပါတယ်။ အရှိန်ကောင်းတွေနဲ့ ကြီးကြီးမားမား ခြိမ်းခြောက်နိုင်ပါတယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 1 – 3 မန်ချက်စတာ ယူနိုက်တက်

မန်စီးတီး Vs လီဗာပူး/ (ဇန်န၀ါရီ ၄၊ သောကြာနေ့ မနက် ၂း၃၀ နာရီ)

နားထောင်ရမကောင်းတာ ဖြစ်ရင်ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီပွဲကို မန်စီးတီးနိုင်ခဲ့မယ်ဆိုရင် အံ့သြသင့်မိမှာပါပဲ။ လီဗာပူးတိုက်စစ်ကို သူတို့ ရပ်တန့်နိုင်မယ် မထင်ဘူး။ ပွဲစတာနဲ့ လီဗာပူးအနိုင်ရဖို့ မကစားနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ မေးခွန်းရှိတာက လီဗာပူး ဘယ်လိုကစားမှာလဲ။ မန်စီးတီးကို အနိုင်ရဖို့ ကစားမှာလား၊ သရေအတွက် ကစားမှာလား။ ဒီပွဲကို လီဗာပူး အရေးနိမ့်မယ်ဆိုရင် သူတို့ ဘယ်လို့ တုန့်ပြန်သွားမလဲ။ မေးခွန်းတွေရှိပေမယ့် မန်စီးတီးကွင်းမှာ ရလဒ်တစ်ခုခုမရပဲ ထွက်လာရမယ် မထင်ပါဘူး။

မန်စီးတီးရဲ့ ခံစစ်က ပြဿနာတွေ ရှိနေတယ်။ သူတို့ ခံစစ်က ပုံစံကောင်းတွေ ရှိမနေဘူး။ ဘောလုံးကစားတာ ကောင်းပေမယ့် ခံစစ်ပိုင်းမှာ ပြဿနာတွေ ဆက်ရှိနေပြီး လီဗာပူးကို ကစားခွင့်ပေးမယ်ဆိုရင် မလွယ်ပါဘူး။ မန်စီးတီးက တိုက်စစ်ကို ဖွင့်ကစားပြီး ခံစစ်က ဂိုးမပေးရဖို့ ရုန်းကန်နေရတယ်။ မန်စီးတီးက ငွေကြေးတွေ အများကြီး သုံးထားသလို ပေါင် သန်း 50 တန် ခံစစ်သမားတွေ ခေါ်ယူထားပေမယ့် အခုချိန်မှာ မကစားနိုင်သေးဘူး။

လီဗာပူးပရိသတ်ကလွဲရင် မန်စီးတီးက အနိုင်ရပြီး အမှတ်ပေးဇယားမှာ 4 မှတ်ကွာသွားတာကို လူတိုင်း မြင်ချင်နေကြလိမ့်မယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ ဒီအချိန်မှာ ဘယ်လိုရလဒ်မျိုး အလိုရှိနေမယ် မသိပါဘူး။ တော်တင်ဟမ်အိမ်ကွင်းမှာ ဝုဗ်အနိုင်ယူသွားသလို ရလဒ်မျိုး မြင်ချင်တာလည်း ဖြစ်နိုင်ပါတယ်။

ပေါလ်မာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1 – 3 လီဗာပူး