ဘီဘီစီမှ လော်ရိုးရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေး လိုက်ပါတယ်။

အဲဗာတန် Vs လက်စတာ/ (ဇန်န၀ါရီ ၁၊ အင်္ဂါနေ့ ည ၇း၀၀ နာရီ)

အဲဗာတန် ပရိသတ်တွေကြားမှာ နည်းနည်းတော့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ် ကြားရပါတယ်။ ဘန်လေကို ၅-၁ နဲ့ နိုင်ပြီး နောက်ပွဲမှာ ဘရိုက်တန်ကို ၁-၀ နဲ့ ရှုံးလိုက်ပြန်တာ သူတို့ ဒေါသထွက်စရာပါ။ လက်စတာက ဒီတလော ချယ်ဆီး၊ မန်စီးတီးတို့ကို နိုင်ပြီး ရလဒ်ကောင်းတွေ ရထားခဲ့ပါတယ်.. ဒါပေမယ့် သူတို့လည်း နောက်တစ်ပွဲ အိမ်ကွင်းမှာ ကားဒစ်ကို ရှုံးလိုက်ပြန်ပါရော။ ဒါကြောင့် အဲဗာတန်ရော လက်စတာရောက အခြေအနေ ခပ်ဆင်ဆင်အသင်းတွေ ဖြစ်နေပါတယ်။ ဒီပွဲမှာ အဲဗာတန်ကတော့ အိမ်ကွင်းဖြစ်လို့ သူတို့ နိုင်မယ် ထင်မိပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အဲဗာတန် 2-0 လက်စတာ

အာဆင်နယ် Vs ဖူလ်ဟမ်/ (ဇန်န၀ါရီ ၁၊ အင်္ဂါနေ့ ည၉း၃၀ နာရီ)

ပြီးခဲ့တဲ့ စနေက လီဗာပူး ကစားတာ ကောင်းတယ်ဆိုပေမယ့် အာဆင်နယ် ခံစစ်ကိုက အတော်ဆိုးခဲ့တာပါ။ မပြေးလွှားနိုင်တဲ့ တောင်ပံခံစစ်တွေနဲ့ အန်းဖီးလ်သွားခဲ့တာက သူတို့အမှားပါ။ ဂန်းနားတွေမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်.. ဒါပေမယ့် ခံစစ်ပိုင်းကတော့ လုံလောက်အောင် ကောင်းမွန်မှု မရှိသေးပါဘူး။ လီနိုကကော ပီတာချက်ထက် ကောင်းရဲ့လား မေးခွန်းထုတ်စရာပါ။ အသင်းကြီးတွေနဲ့တွေ့တိုင်း ဂိုးတွေ ပေးနေရတာ အာဆင်နယ်အတွက် စိုးရိမ်စရာပါပဲ။

ဒါပေမယ့် ဒီပွဲကတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ မန်နေဂျာ ရေနီရာရီလက်ထက်မှာ ကောင်းတဲ့ဘက် ဦးတည်လာပေမယ့် အောင်ပွဲ ယူသွားမှာတော့ ဂန်းနားတွေပဲ ဖြစ်ပါလိမ့်မယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 2-0 ဖူလ်ဟမ်

ကားဒစ် Vs စပါး/ (ဇန်န၀ါရီ ၂၊ ဗုဒ္ဓဟူးနေ့ မနက် ၁၂း၀၀ နာရီ)

ပိုချက်တီနိုရဲ့ အသင်းက ၀ုဗ်ကို ရှုံးခဲ့ပေမယ့် များသောအားဖြင့် ၀ိုးခနဲ ဖြစ်ရတဲ့ ရလဒ်ဆိုးတွေ ရလေ့ မရှိပါဘူး။ အသင်းကြီး ၆သင်း ထဲက မဟုတ်တဲ့အသင်းတွေဆို သက်တောင့်သက်သာ အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ကားဒစ်ဖ်က ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ သူတို့ လုပ်နိုင်တာတွေ ပြသထားပါတယ်။ ပွဲတချို့ ရှုံးပေမယ့် သူတို့ လမ်းကြောင်းက သွေဖီမသွားသေးဘဲ ဆက်ကြိုးစားနေတာပါ။ မန်နေဂျာ နေးလ်ဝါးနော့ခ်က အသင်းကို ဆွဲတင်ဖို့ ကြိုးစားပေမယ့် ဒီပွဲမှာတော့ မလွယ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ကားဒစ် 0-2 စပါး

ဘုန်းမောက် Vs ၀က်ဖို့/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ဘုန်းမောက်က ပြိုလဲနေပါတယ်.. နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ နိုင်ထားတာပါ။ သူတို့ရဲ့ အကောင်းဆုံး ခံစစ်သမား ဆိုင်မွန်ဖရန်စစ်ကို ကာလရှည် ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။ ဘုန်းမောက်ကို တန်းဆင်းရလောက်တဲ့ထိတော့ ကျနော် စိတ်မပူပါဘူး.. ရှုံးပွဲတွေများတာ ပေးဂိုးတွေ များနေတာတော့ နည်းနည်း လန့်တယ်။ နှစ်သင်းလုံးကတော့ ဒီပွဲမှာ လုံလောက်ရုံပဲ ကစားကြမယ် ထင်ပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 1-1 ၀က်ဖို့

ချယ်ဆီး Vs ဆောက်သမ်တန်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ဆောက်သမ်တန် ပရိသတ်တွေကတော့ နည်းပြသစ် Hasenhuttl ရဲ့ အသင်းနဲ့အတူ အားထုတ်မှုကို ကျေနပ်နေကြပါတယ်။ လိဂ်မှာ အကောင်းဆုံး အသင်းမဟုတ်ပေမယ့် သူတို့ကတော့ ကြိုးစားနေကြဆဲပါ။ ချယ်ဆီးက ပိုကောင်းတဲ့အသင်း ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်တယ်။ နိုင်ပွဲတွေ ဘယ်လို ယူရမလဲဆိုတာလည်း သိတယ်။ အာဆင်နယ်အသင်းအထက် ၅ မှတ်အကွာမှာ ရှိပေမယ့် စိတ်ချရတဲ့ အခြေအနေမဟုတ်ပါဘူး။ ထိပ်သီးအသင်းတွေကြား ပြိုင်ပွဲကြောင့် အသက်ဝင်မယ့်ပွဲပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-0 ဆောက်သမ်တန်

ဟက်ဒါဖီး Vs ဘန်လေ/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

နိုင်ပွဲရထားတဲ့ ဘန်လေက ယုံကြည်မှု အပြည့် ရှိနေပါတယ်။ ဟက်ဒါဖီးက အနိုင်ယူရခက်ပေမယ့် ပြဿနာက သူတို့ ဂိုးမသွင်းနိုင်တာပါ။ ဒီပွဲက ဒီတစ်ပတ်မှာ ဟိုက်လိုက်လုပ်မယ့် ပွဲဖြစ်မယ့်ပုံ မပေါ်ပါဘူး။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 1-1 ဘန်လေ

ဝက်စ်ဟမ်း Vs ဘရိုက်တန်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ဘရိုက်တန်နဲ့ပွဲမှာတော့ ၀က်စ်ဟမ်းက နိုင်ပွဲတွေဆီ ပြန်လာနိုင်မှာပါ။ ၀က်စ်ဟမ်းကို မနိုင်ပေမယ့် ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းပုံက ကောင်းမွန်တာကြောင့် ၄င်းတို့ အသင်း တန်းဆင်းရဖွယ် မမြင်ဘူး ယူဆမိပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 2-0 ဘရိုက်တန်

ဝုဗ် Vs ခရစ္စတယ် ပဲလေ့စ်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ချယ်ဆီးကို ရှုံးခဲ့ပေမယ့် ပဲလေ့စ်က ၈၅ မိနစ်ထိ ဂိုးမပေးရဘဲ ထိန်းထားနိုင်ခဲ့ပါတယ်။ ၀ုဗ်ကလည်း အသင်းကောင်းပါပဲ။ စပါးကို ၃-၁ နဲ့ နိုင်လိုက်တာက သူတို့ ပို တက်ကြွနေစေမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2-0 ခရစ္စတယ် ပဲလေ့စ်

နယူးကာဆယ် Vs မန်ချက်စတာ ယူနိုက်တက်/ (ဇန်န၀ါရီ ၃၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ)

ဆိုးလ်ရှားရဲ့လက်ထက် အောင်ပွဲခံတာ ကျနော်တို့ နည်းနည်းများနေသလားတော့ ထင်မိပါတယ်။ သူတို့ ကစားတာ ကောင်းပေမယ့် နိုင်ခဲ့တာက ကားဒစ်၊ ဟက်ဒါဖီးနဲ့ ဘုန်းမောက်ပါ။

နယူးကာဆယ်မန်နေဂျာ ဘင်နီတက်ဇ်အနေနဲ့ ၀က်ဖို့ဆီက ၁ မှတ်ပဲရခဲ့တာ စိတ်ပျက်နေမှာပါ။ ဧည့်သည် ယူနိုက်တက်အသင်းကို သူတို့ ဟန့်တားဖို့ ကြိုးစားဦးမှာ ဖြစ်ပေမယ့် အိမ်ကွင်းမှာ သူတို့ နိုင်ပွဲ နည်းနည်းပဲ ရထားပါတယ်။ ဆိုးလ်ရှားရဲ့ အသင်းကတော့ နိုင်ပွဲရဖို့ နည်းလမ်း ရှာနိုင်ပါလိမ့်ဦးမယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 0-2 မန်ချက်စတာ ယူနိုက်တက်

မန်စီးတီး Vs လီဗာပူး/ (ဇန်န၀ါရီ ၄၊ သောကြာနေ့ မနက် ၂း၃၀ နာရီ)

စူပါပွဲတစ်ပွဲပါပဲ။ မန်စီးတီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ပါပြီ။ လီဗာပူးကြောင့်ပဲ ဂွာဒီယိုလာရဲ့အသင်းက အမှတ်လိုနေပါတယ်။ ရလဒ်သုံးခုမှာ သရေနဲ့ အနိုင်ဆိုတဲ့ နှစ်ခုဟာ လီဗာပူအတွက် ပျော်စရဖြစ်ပါလိမ့်မယ်။ လီဗာပူးက သရေအတွက် ကစားမှာ မဟုတ်သလို မန်စီးတီးက ၇ မှတ်ကွာဟနေမှုကို လျော့ချဖို့ ကြိုးစားမှုက ခက်ခဲပါလိမ့်မယ်။ မနှစ်ကတွေ့ဆုံမှုနဲ့ တူညီမှာ မဟုတ်ပေမယ့် ဒီရာသီ ပထမကျော့တွေ့ဆုံမှုမှာ အခွင့်အရေး နည်းနည်းနဲ့ 0-0 သရေကျခဲ့သလို ဖြစ်လာပါလိမ့်မယ်။

ယာဂင်ကလော့ပ်က သူ့ရဲ့တိုက်စစ်ပိုင်းကနေ အခွင့်အရေး နည်းနည်းရဖို့ မျှော်လင့်နေမှာဖြစ်ပြီး နှစ်သင်းကလည်း တိုက်စစ်ပိုင်းတွေမှာ အချင်းချင်း လေးစားမှုတွေ ရှိနေကြမှာပါ။ ဒီပွဲက အကွက်ရွေ့ဖို့ ခက်ခဲစွားတဲ့ stalemate စစ်တုရင်ပွဲ ဖြစ်လာမယ်လို့ ငါထင်တယ်။ ရလဒ်အားဖြင့် 1-1 သရေကျတာက လီဗာပူးအတွက် ပိုကောင်းမှာဖြစ်ပြီး အနိုင်ယူခြင်း မခံရရင် အမှတ်ပေးဖလားကို အနိုင်ရဖို့ လီဗာပူးအတွက် ပိုကောင်းမယ်ဆိုတာ ယာဂင်ကလော့ပ်က ပုဂ္ဂိုလ်ရေးအရ တွေးထားပါလိမ့်မယ်။

လော်ရိုး ခန့်မှန်းရလဒ်။ ။ မန်စီးတီး 1-1 လီဗာပူး