လီဗာပူး ညာစွန် ခံစစ်မှူး ထရန့်က ဂိုးသမားသစ် အက်ဒရီယန်နဲ့ ကလပ်အသင်း ကစားသမားတွေကြား ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေရှိပြီး နည်းစနစ်ပိုင်း အဆင်ပြေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ နောက်ထပ် သီတင်းပတ် အနည်းငယ်ကြာ အသင်းနဲ့ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ ကလော့ပ်က အတည်ပြု ပြောကြားလိုက်ပြီး ယခင်က ရေတိုသာ ခေါ်ယူဖို့ စီစဉ်ထားတဲ့ ဂိုးသမား လိုနာဂန်ကို တစ်နှစ် စာချုပ်နဲ့ ချုပ်ဆို ခေါ်ယူလိုက်ပါတယ်။

အေစီမီလန်နဲ့ ရိုးမားတို့က စိတ်ဝင်စားနေတဲ့ ခရိုအေးရှားသား ဗဟိုခံစစ်မှူး လိုဗရန်အတွက် လီဗာပူးက ပေါင် ၁၄ သန်း တန်ကြေး သတ်မှတ်လိုက်ပြီး ပြောင်းရွေ့ဖို့ သဘောတူညီမှုအားလုံး ရယူသွားနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်က ၄င်းရဲ့ အသင်းသားတွေ အနေနဲ့ ပြီးခဲ့တဲ့ရာသီ အောင်မြင်မှုထက် ဆက်လက်ပြီး ဆုဖလားတွေ ရယူဖို့ လောဘတကြီး ဖြစ်နေကြရန် တိုက်တွန်းသွားပါတယ်။

လီဗာပူးပရီတ်သတ်တွေဟာ အင်းအတွက် ပြန်ည်ပွဲထွက်ပေးနိုင်နေတဲ့ မာနေးအပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရကြာင်း သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဂုဏ်ပြု ခဲ့ကြတယ်။

လီဗာပူးအသင်းရဲ့ လူငယ်တိုက်စစ်မှူး အိုရီကီကတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုက်မှုမှာ အဓိက ကူညီပေးနိုင်ခဲ့တဲ့အတွက် ၀မ်းသာမိကြောင်း ပြောကြားလိုက်ပါတယ်။

ယခုနှစ် နွေရာသီ အပြောင်းအရွေ့ အစောပိုင်းမှာပဲ အသင်းကို စွန့်ခွာခဲ့တဲ့ တိုက်စစ်မှူး စတားရစ်ကတော့ သူဟာ အသင်းသစ် ရှာဖွေနေတဲ့အကြောင်း ပွင့်ပွင်းလင်းလင်း ကြွေးကြော်လိုက်ပါတယ်။

လီဗာပူးနည်းပြကြီး ယာဂင်ကလာခ့်ကတော့ သူ့အသင်းရဲ့ အဓိကဦးစားပေး ဂိုးသမား အယ်လီဆန်ဟာ အသင်းရဲ့ ရာသီအစပွဲစဉ်တွေမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟားနေ့မှာ ချယ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် စိတ်လှုပ်ရှားနေမိကြောင်း ကွင်းလယ်ကစားသမား ၀င်နယ်လ်ဒန်က ပြောကြားသွားခဲ့ပါတယ်။

ပိုစ့်စမောက်အသင်းဟာ လီဗာပူး လုငယ်ကစားသမား Herbie Kan ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိနေပြီဖြစ်ပါတယ်။