မန်ချက်စတာယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ် ဟာ ပရီးမီးယားလိဂ်ရဲ့ အဖွင့်ပွဲစဉ်တွေအပြီးမှာတော့ ဒီနှစ် မန်ယူအကောင်းဆုံး ကစားသမား ဘယ်သူ ဖြစ်လာနိုင်သလဲပါ ဖွင့်ဟပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။ နဗီးဟာ ထိုပွဲ အပြီးမှာ ပေါ့ဘာကို ချီးကျူးစကားများ ဆိုခဲ့တာပါ။

ပေါ့ဘာ ဟာ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့အတွက် သတင်းကြီးနေသူ ဖြစ်ပြီး မန်ယူအသင်းကတော့ ပြင်သစ်သားကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေဆဲပါ။

စကိုင်းစပေါ့မှာ ဘောလုံးသုံးသပ်သူ အဖြစ် တာဝန်ယူနေတဲ့ ဂယ်ရီနဗီးလ် က ပေါ့ဘာ ရဲ့ အခြေအနေနဲ့ပက်သက်ပြီး ယခုလိုပဲ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။

” ရက်ဖို့ဒ် ရရှိသွားခဲ့တဲ့ တတိယဂိုးဟာ ပေါ့ဘာ ရဲ့ အမြင်နဲ့ ဖန်တီးပေးပို့မူ ကောင်းမွန်တာကြောင့်လို့ ကျနော်တော့ ထင်ပါတယ်၊ သူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ရာသီကထက် ပိုပြီး ကောင်းလာနိုင်ပါတယ်၊ အသင်းတစ်သင်းမှာ တိကျကောင်းမွန်တဲ့ ကွင်းလယ် လူတစ်ယောက် သေချာပေါက် လိုအပ်တယ်၊ ”

” ပေါ့ဘာ သာ ဒီရာသီ မန်ယူမှာ ဆက်ပြီး ကစားနေမယ်ဆိုရင် အကောင်းဆုံး ကစားသမားဖြစ်လာမှာပါ၊ သူ့အတွက်လည်း မန်ယူမှာ ဒီထက် ပိုကောင်းဖို့လိုအပ်သလို ကလပ်အသင်းရဲ့ အနိုင်ရရှိဖို့အတွက်လည်း ပေါ့ဘာ လို ကစားသမားမျိုး လိုအပ်နေတယ် ” လို့ နဗီးက ပြောကြားသွားခဲ့ပါတယ်။

ဆိုးရှားက ပြီးခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ် ၁ ချယ်ဆီး အသင်းနဲ့ပွဲစဉ်မှာ ပေါ့ဘာကို အသုံးပြုခဲ့ပါတယ်။ ထိုပွဲမှာ မန်ယူက လေးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ရက်ဖို့ဒ့်၊ ဒန်နီရယ်ဂျိမ်းစ် တို့ရဲ့ ဂိုးတွေမှာ ပေါ့ဘာက ဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပေါ့ဘာက ချယ်ဆီး နဲ့ပွဲစဉ်မှာ ဘောလုံးထိချက် (၈၄) ကြိမ်အထိ ရှိခဲ့ပြီး အောင်မြင်တဲ့ ပေးပို့မူပေါင်း (၆၄) ကြိမ်တိုင်ပြုလုပ်ပေးနိုင်ခဲ့တာပါ။

ဆိုးရှားက ပေါ့ဘာကို လက်လွှတ်ရရင် အစားထိုးဖို့ ဘရူနို ဖာနန်ဒက်စ်၊ အဲရစ်ဆန်တို့ကို ချိန်ရွယ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ကာလအတွင်း ပြင်သစ်သားက ထွက်ခွာမသွားခဲ့ပါဘူး။ ဒါပေမယ့် ဥရောပ အပြောင်းအရွှေ့က ဖွင့်ထားဆဲ ဖြစ်လို့ အသင်းက ထွက်ခွာ သွားနိုင်သေးပြီး ဆိုးရှားကတော့ ၄င်းကို ဆက်လက်ထိန်းထားဖို့ ကြိုးစားမှာပါ။

ပေါ့ဘာ ရဲ့ အပြောင်းအရွေ့ဟာ ဒီရာသီအတွက်ပြီးဆုံး သွားခဲ့ပြီလို့ မဆိုနိုင်သေးဘဲ ရီးရဲလ် နဲ့ ဂျူဗီတပ် အသင်းတို့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။