လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ယူအီအဖ်အေ စူပါဖလား ဗိုလ်လုပွဲအကြို သတင်းစကားမှာ ကလပ်အသင်းမှာ နောက်ထပ် ဒဏ်ရာပြဿနာ တွေ မရှိပါကြောင်းနဲ့ ဆာဒီယိုမာနေးဟာ အင်စတမ်ဘူလ်းမှာ ပွဲထွက်ကစားသမားနေရာက ပါဝင်ပါမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ပွဲမှာ ဂိုးသမား အယ်လီဆန်က ခြေသလုံးဒဏ်ရာကြောင့် ပါဝင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကာလရှည် ဒဏ်ရာရနေတဲ့ ကလိုင်းကလည်း လိုက်ပါမှာ မဟုတ်ဘူး။ အဲ့တာတွေကလွဲလို့ ကလပ်အသင်းမှာ ဒဏ်ရာပြဿနာ မရှိပါဘူးလို့ ယာဂင်ကလော့ပ်က ပြောဆိုပါတယ်။

ဘီဘီစီရဲ့ အားကစားသုံးသပ်သူ ဒန်းနစ်မာဖီက လီဗာပူးအသင်း ညာအစွန်လူ ထရန့်ဟာ ထူးချွန်တဲ့ ဖြတ်တင်ဘောတွေကို ပြုလုပ်နိုင်သူဖြစ်ပြီး အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ နှိုင်းယှဉ်ရလောက်အောင်ကို ကောင်းမွန်မှုရှိတယ်လို့ ချီးကျူးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ တူရကီကိုသွားတဲ့ ခရီးမှာ ကစားသမား ၂၄ ဦးကို အတည်ပြု ခေါ်ယူသွားခဲ့ပြီဖြစ်ပြီး ဒီနေ့မှာပဲ လက်မှတ်ထိုး ခေါ်ယူ လိုက်တဲ့ ဂိုးသမား လိုနာဂန်လည်း ပါဝင်သွားခဲ့ပါတယ်။ ထို ၂၄ ဦးက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Fabinho, Van Dijk, Wijnaldum, Milner, Keita, Firmino, Mane, Salah, Gomez, Adrian, Henderson, Oxlade-Chamberlain, Lallana, Lonergan, Shaqiri, Brewster, Robertson, Origi, Matip, Hoever, Kelleher, Alexander-Arnold, Elliott.

နော်ဝစ်နဲ့ပွဲမှာ ကွင်းအတွင်းကို ထွက်ခွာတဲ့ လီဗာပူးအသင်းသားတွေဟာ ကလပ်အသင်း နာမည်ကျော် ‘This is Anfield’ အမှတ်အသား ကို ထိတွေ့ခဲ့ကြပြီဖြစ်ပြီး ဟန်ဒါဆန်နဲ့ ၀ိုက်နယ်ဒန် တို့ နှစ်ဦး စတင်ကာ ထိခဲ့ကြပါတယ်။

မန်ယူ ကစားသမားသစ် ဝမ်ဘစ်ဆာကာက ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်ပြီး လီဗာပူးရဲ့ အလက်ဇန်းဒါး အာနိုးက ဝမ်ဘစ်ဆာကာလိုမျိုး ခံစစ်ကို ကျစ်ကျစ်လစ်လစ် မဆော့နိုင်ဘူးလို့ မန်ယူခံစစ်မှူးဟောင်း ပေါလ်ပါကာက ပြောပါတယ်။