မန်ချက်စတာအခြေစိုက် သတင်းဌာနက ဖော်ပြလာမှုအရ ဝုဒ်ဝတ်ဟာ လာမယ့်ရာသီမှာ ကလပ်အသင်းရဲ့ အမြဲတမ်း ယူနိုက်တက်မန်နေဂျာနေရာ အစားထိုး ခန့်အပ်ဖို့အတွက် စကားတင် 5 ဦးစာရင်းကို ပြုစုထားတယ်လို့ သိရပါတယ်။

ပထမဦးစားပေးအဖြစ် ရွေးချယ်ထားသူက ပိုချက်တီနိုဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပိုချက်တီနိုကို ကမ်းလှမ်းဖို့ကိစ္စ အဆင်မပြေဖြစ်ခဲ့ရင် ကမ်းလှမ်းမှုတွေလုပ်ဖို့ အခြားသော မန်နေဂျာစာရင်းတွေလည်း လုပ်ထားပါတယ်။ အဆိုပါစာရင်းမှာ ထိပ်တန်းမန်နေဂျာတွေလည်း ပါဝင်နေတာပါ။

ပြင်သစ်မန်နေဂျာတွေဖြစ်တဲ့ ဇီဒန်းနဲ့ လော့ရန် ဘလန့်ကလည်း အဆိုပါစာရင်းတွေမှာ ပါဝင်နေတယ်။ ဒါပေမယ့်လို့ ပိုချက်တီနို ငြင်းပယ်မှပဲ အခြားသော ရွေးချယ်စရာ ကမ်းလှမ်းမှုတွေအဖြစ် ကြိုးစားမှာဖြစ်တယ်လို့ နားလည်ထားရပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ အဆင့်မြင့်ပြိုင်ပွဲတွေမှာ အကြိမ်ကြိမ် အောင်မြင်မှု ဆုဖလားတွေ ရယူထားတဲ့ ဇီဒန်းကို မန်နေဂျာအဖြစ် မြင်လိုတယ်လို့ ဆန္ဒထုတ်ဖော်ထားကြပါတယ်။

ယာယီမန်နေဂျာဘဝ အသင်းကို ကာလတိုအတွင်း အကောင်းဆုံး ကိုင်တွယ်ပေးနေတဲ့ ဆိုးရှားဟာလည်း ဝုဒ်ဝတ် ပြုစုထားတဲ့ မန်နေဂျာများစာရင်းမှာ ပါဝင်နေပါတယ်။ အကယ်လို့ ရာသီကုန်အထိ ကိုင်တွယ်မှုမှာ အပေါင်းဆောင်တဲ့ လက္ခဏာတွေ ပြသနိုင်မယ်ဆိုရင် ဒီစာရင်းမှာ အားကောင်းတဲ့ ယှဉ်ပြိုင်သူဖြစ်လာဖို့ ရှိနေပါတယ်။ ဆိုးရှား ကိုယ်တိုင်ကလည်း ယူနိုက်တက်မန်နေဂျာဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့်လို့ နံပါတ် 5 စာရင်းမှာ ပါဝင်နေသူအဖြစ် ကောလဟာလ ထွက်ပေါ်နေသူကတော့ သရဲနီတွေ အံ့သြလောက်စရာပါပဲ။ သူကတော့ ဆဲလ်ဘတ်မန်နေဂျာ မာကိုရိုစ့်ဖြစ်ပါတယ်။ သြစတြီးယားမှာ ကောင်းမွန်တဲ့ အလုပ်တွေ လုပ်နိုင်နေတာကြောင့် အသက် 42 နှစ်အရွယ် မန်နေဂျာဟာ ယူနိုက်တက် အလိုရှိတဲ့ မန်နေဂျာစာရင်းမှာ ပါဝင်နေတာလို့ သိရပါတယ်။

ဆဲလ်ဘတ်အသင်းမှာ ပထမရာသီနဲ့တင်း စွမ်းဆောင်ပြနိုင်တာက ယူနိုက်တက်ဘုတ်အဖွဲ့ကို အထင်ကြီးစေခဲ့တယ်။ ဆဲလ်ဘတ်ဟာ ဆိုစီဒက်၊ ဒေါ့မွန်နဲ့ လာဇီယိုတို့ကို ကျော်ဖြတ်ပြီး ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ခဲ့တာလည်းဖြစ်ပါတယ်။