ယူနိုက်တက်ဟာ ရာသီကြိုကာလမှာ အိုးထရက်ဖို့ဒ်ကို ပေါင် သန်း ၂၀ ပရောဂျက်နဲ့ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ၄င်းတို့က ပရိသတ်တွေ သက်တောင့်သက်သာ အဆင်ပြေပြေ ကြည့်ရှုနိုင်ဖို့ နေရာလွတ်များ တိုးချဲ့ခြင်း၊ မသန်စွမ်း ပရိသတ်တွေ အတွက် စီစဉ်မှုများ ထည့်သွင်းခြင်းတို့ လုပ်ဆောင်ထားတာပါ။

ဆန်းချက်ဟာ ဒီနွေ အစောပိုင်းက အသင်းပြောင်းလိုတယ် သတင်းထွက်ခဲ့ပေမယ့် ဆိုးရှားကတော့ ဆန်းချက်ဟာ အိုးထရက်ဖို့ဒ်မှာ ဆက် နေလိုနေတယ်လို့ အတည်ပြုပြောဆိုပါတယ်။

မန်ယူကစားသမားဟောင်း ဂျာနူဇက် ဟာ သူ့အနေနဲ့ အိုးထရက်ဖို့မှာ ရုန်းကန်ခဲ့ရတာနဲ့ ပက်သက်ပြီး အသင်းရဲ့ ကစားကွက်ကို ဝေဖန်ခဲ့ပါတယ်။ မန်ယူအသင်းက သူ့ကို အမြင့်ဘော ကစားစေခဲ့ပြီး အခြားရွေးချယ်စရာ မရှိတာကြောင့် ပရီးမီးယားလိဂ်မှာ အံ့မ၀င်ခဲ့တာဖြစ်တယ်လို့ ၄င်းက ဆိုခဲ့ပါတယ်။

ပေါ့ဘာကို ယူနိုက်တက်ကနေ အရမခေါ်ယူနိုင်သေးတာကြောင့် မက်ဒရစ်ဟာ နာပိုလီအသင်းက ခေါ်ယူချင်နေတဲ့ သူတို့ရဲ့ ကစားသမား ဂျိမ်းရိုဒရီဂွက်ကို ရောင်းချဖို့ ခက်ခဲနေပါတယ်။

နွေရာသီမှာ အသင်းထံ ခေါ်ယူနိုင်ခဲ့ပေမယ့် လာမယ့် ဇန်နဝါရီအပြောင်းအရွေ့မှာ ယူနိုက်တက်ဟာ လောင်းစတပ်ကို ခေါ်ယူဖို့ ထပ်မံကြိုးစား လာဦးမယ်လို့ သိရှိရပါတယ်။

Hearts အသင်းထံ အငှါးနဲ့ ရောက်ရှိနေတဲ့ လူငယ်ဂိုးသမား Joel Pereira ဟာ လာမယ့်သောကြာနေ့ Motherwell အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာမှာပါ။

မန်ယူလူငယ်တိုက်စစ်မှူး ရက်ဖို့ဒ် ဟာ ဒီရာသီ နည်းပြ ဆိုးရှား အားထားရမယ့် တိုက်စစ်မှူး တစ်ဦး ဖြစ်တယ်လို့ ကလီဘာဆင်က ချီးကျူးခဲ့ပါတယ်။ ရက်ဖို့ဒ် က ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီး နဲ့ ပွဲစဉ်မှာ (၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ချိန်မှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ခြိမ်းခြောက်ခံရမှုတွေ ရှိနေတဲ့ ချယ်ဆီး တိုက်စစ်မှူး အေဗရာဟမ် ကို မားကပ်ရက်ဖိုဒ့်က ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

မန်ယူ ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဘာဟာ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားဖို့ စိတ်အား ထက်သန်နေဆဲ ဖြစ်တယ်လို့ ပေါ့ဘာရဲ့ အစ်ကို မားသီးရက်စ် ပေါ့ဘာက ပြောကြားခဲ့ပါတယ်။

မန်ယူ နည်းပြ ဆိုးရှားဟာ စပါး ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူသွားဖို့ ဆွေးနွေးနေဆဲ ဖြစ်ပေမယ့် ကစားသမားကတော့ စပိန်မြေကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။