မန်ချက်စတာ ယူနိုကတက် ယာယီနည်းပြ ဆိုးလ်ရှားရဲ့ ပြောစကားတစ်ခုကြောင့် စပါးနည်းပြ ပိုချက်တီနိုဟာ မန်ယူနည်းပြ ဖြစ်လာစေဖို့ အကြောင်းရင်း တစ်ခု အဖြစ် ရှိနေပါသေးတယ်။ ယာယီနည်းပြ ဆိုးလ်ရှားက မန်ယူမှာ ဆက်ရှိချင်သေးတယ်၊ ယာယီ ကိုင်တွယ်ပြီး ပြန်ထွက် မသွားချင်တော့ဘူးလို့ နယူးကာဆယ်ကို အနိုင်ယူပြီး ပြောကြားထားတယ်။

ဆိုးလ်ရှားအနေနဲ့ အခုလို ပြောခဲ့တဲ့ စကားကြောင့် ဆိုရှယ် မီဒီယာထက် ဂယက်ရိုက်သွားစေခဲ့ပြီး ဆိုးလ်ရှား တစ်ယောက်က သူ ယာယီ နည်းပြအဖြစ်သာ ရှိနေမယ်ဆိုတာ သိသွားကြပြီး မန်ယူအသင်းအနေနဲ့ အမြဲတမ်း နည်းပြအတွက် အခြားသူတစ်ဦးကို ခန့်အပ်ဖို့ အစ ကတည်းက စီစဉ်ထားနှင့်ပြီဆိုပြီး ရေးသား ဖော်ပြ နေခဲ့ကြပါတယ်။

လက်ရှိ မန်ယူအသင်း ပစ်မှတ်ထားတဲ့ နည်းပြ ၁၂ ဦးရှိပြီး ဖြစ်နိုင်ခြေအရ ပိုချက်တီနိုက ထိပ်ဆုံးက ၆ အချိုး ၄ နဲ့ ရေပန်းစားနေပြီး ဆိုးလ်ရှားကတော့ ၂အချိုး ၁ နဲ့ ဒုတိယနေရာက ရေပန်းစားနေပါတယ်။

အခြားသော နည်းပြများအဖြစ် ဇီဒန်း၊ ကွန်တီ၊ ဆိုင်မွန်၊ ဂစ်၊ ကာရစ်၊ ဘလန့်ခ် စတဲ့ နည်းပြတွေအပြင် ပရိသတ် တွေ သတိမထားမိတဲ့ နည်းပြတွေလည်း ပါဝင်နေပါတယ်။

ဆိုးလ်ရှားသာ အမြဲတမ်းနည်းပြအဖြစ် ဆက်ရှိနေမယ်ဆိုရင် ယူနိုက်တက် ပရိသတ်တွေအနေနဲ့ကော ပိုချက်တီနိုကို လက်လွှတ်ရမှာ စိုးနေတဲ့ စပါးပရိသတ်တွေအတွက်ပါ သတင်းကောင်း ဖြစ်ပါတယ်။