[Zawgyi] မန်ချက်စတာ ယူနိုက်တက် ကစားသမား ပေါ့ဘာနဲ့ ရပ်ရှ်ဖို့တို့ နှစ်ဦးက ဒီဇင်ဘာလအတွက် PFA အကောင်းဆုံး ကစားသမားဆု ဇကာတင် ၆ ဦးထဲ ပါဝင်နေပါတယ်။ ပေါ့ဘာက ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ် ၄ ဂိုးသွင်း ၃ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ခဲ့ပြီး ရပ်ရှ်ဖို့က ၄ ဂိုးသွင်း ၅ ကြိမ်ထောက်ပံ့မှု လုပ်ထားပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူမှု ရှိမယ်လို့ အတည်ပြုပြောကြား သွားပါတယ်။ ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူးတစ်ယောက် ရှာဖွေဆဲဖြစ်ပြီး စာရင်းထဲမှာတော့ နာပိုလီမှ ကူလီဘိုင်လေ၊ စပါးမှ အန်ဒါဝီရယ်တို့ ရှိနေဆဲပါ။

ယူနိုက်တက်ဟာ ကစားရမယ့် ပွဲစဉ်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြောင်း နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်လို အသင်းကြီးမှာ ဖြစ်တဲ့အတွက် အားလုံးကလည်း ပွဲတိုင်းနိုင်မယ်ဆိုတဲ့ မျှော်လင်ချက်တွေ ရှိထားကြောင်း ၎င်းက ဆိုပါတယ်။

လီဗာပူးနဲ့ပွဲဟာ မန်စီးတီးကစားသမားတွေအတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာ သိခဲ့ကြပြီး အထူးသဖြင့် ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်ခဲ့ကြကာ ဒါတွေကပဲ နိုင်ကစားဖို့ တွန်းအားတွေ ဖြစ်စေခဲ့ကြောင်း စီးတီးတိုက်စစ်သမား ဆာနေးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်စီးတီး လူငယ် ဘရာဟင်းဒိုင်ယာ့ဇ် တနင်္လာနေ့မှာ ရီးရဲလ်သို့ တရားဝင်ရောက်ရှိမှာ ဖြစ်ကြောင်း စပိန်သတင်းများမှာ ပါရှိလာပါတယ်။ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၅.၅ သန်း ပေးချေမှာ ဖြစ်ကာ ကစားသမား စွမ်းဆောင်ရည်ပေါ် မူတည်ပြီး နောက်ဆက်တွဲ ပေးချေစရာတွေ ပါရှိမှာပါ။

ဂါးဒီးယန်းက သတင်းအရ မန်စီးတီးဟာ ဆန်းဒါးလန်း တိုက်စစ်မှူး Josh Maja ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်နေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် လူငယ်တိုက်စစ်မှူးက ဆန်းဒါးလန်းအတွက် ဒီရာသီ ၂၈ ပွဲကစားပြီး ၁၅ ဂိုး သွင်းယူထားပါတယ်။

စပါးနည်းပြ ပိုချက်တီနိုက ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူလိုနေပြီး အဲဒီအတွက် ကစားသမားအချို့ကို အပြီးသတ်ရောင်းချဖို့ရော အငှားချဖို့ပါ စီစဉ်နေပါတယ်။ ပိုချက်တီနို ရှင်းထုတ်လိုတဲ့ ကစားသမားတွေထဲ Mousa Dembele, Vincent Janssen, Georges-Kevin N’Koudou, Fernando Llorente, Michel Vorm and Victor Wanyama တို့ ပါဝင်ပါတယ်။

ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမား ဆု ဇကာတင်စာရင်းမှာ စပါးမှ ကိန်းနဲ့ ဆွန်ယောင်မင်တို့ ပါဝင်နေပါတယ်။ ဒီဇင်ဘာလအတွင်း ဆွန်က ၆ ဂိုးသွင်း ၃ ကြိမ်ထောက်ပံ့မှု ပြူလုပ်ထားကာ ကိန်းကလည်း ၆ ဂိုးသွင်း ၂ ကြိမ် ဂိုးထောက်ပံ့မှု လုပ်ထားပါတယ်။

သတင်းများအရ ဘုန်းမောက်အသင်းဟာ လီဗာပူး လူငယ်တိုက်စစ်မှူး ဆိုလန်ကီကို အပြီးသတ် ခေါ်ယူမှု ပြုလုပ်လိုက်ပါတယ်။ သတင်းများအရ ဆိုလန်ကီကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ သဘောတူခဲ့ပြီး နောက်ဆက်တွဲ ပေးရန်တွေပေါင်းပါက ပေါင် ၂၅ သန်းထိ ဖြစ်မယ်လို့ သိရပါတယ်။ လီဗာပူး ညာခြမ်းခံစစ်မှူး ကလိုင်းကို ဘုန်းမောက်အသင်းကပဲ ရာသီကုန်ထိ အငှားခေါ်ယူလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အက်ဖ်အေဖလားပွဲအဖြစ် ဝုဗ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ လီဗာပူးအသင်းရဲ့ အသက် ၁၆ နှစ်အရွယ် ခံစစ်သမားလေး ဟိုဗာကိုပါ နာမည်စာရင်းထဲ ထည့်သွင်းလာပါတယ်။ နယ်သာလန်သားလေး ဟိုဗာဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းဖို့ ဆင့်ခေါ်ခံထားရပြီး ဗဟိုခံစစ်နေရာမှာ ကစားသူဖြစ်ပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က စီးတီးကို ရှုံးတဲ့ပွဲအပေါ် သနားဖွယ် ထိခိုက်ခံစားနေစရာ အကြောင်း မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ ‘ရှူံးပွဲအတွက် စိတ်ပျက်ရပေမယ့် သနားဖွယ် ထိခိုက်စရာ အကြောင်း မရှိဘူး။ ကျနော်တို့အတွက် ဒါက ပရီးမီးယားလိဂ်ပွဲ တစ်ပွဲသာ ဖြစ်တယ်။ ကံမကောင်းစွာပဲ ကျနော်တို့ ရှူံးခဲ့ပြီး လိုချင်တဲ့ ရလဒ် မရခဲ့တာ ဖြစ်တယ်’ လို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။

ချယ်ဆီးလက်ထောက် နည်းပြ ဇိုလာက တိုက်စစ်မှူး မိုရာတာ ဂိုးမသွင်းနိုင်တဲ့ အပေါ် စိတ်မပူဘဲ ဂိုးတွေရလာမယ် ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုတွေ များသလောက် လုံလောက်တဲ့ အခွင့်အရေး ဖန်တီးနိုင်မှုတွေ မရှိကြောင်း ဇိုလာက ထောက်ပြသွားပါတယ်။

ချယ်ဆီးကွင်းလယ် ကစားသမား ကန်တေက ကစားသမားသစ် ပူလာဆစ်ကို ချီးကျူးစကားဆိုကာ ကြိုဆိုလိုက်ပါတယ်။ ‘ သူက ကစားသမားကောင်းဆိုတာ ကျနော်တို့ သိတယ်။ သူကဂဒေါ့မွန်မှာ ကောင်းမွန်စွာ ခြေစွမ်းပြနေသူပါ။ သူ ဒီကို ပြောင်းလာလို့ ကြိုဆိုခွင့်ရတာ ဝမ်းသာပါတယ်။’ လို့ ကန်တေက ပြောကြားလိုက်ပါတယ်။

နော့တင်ဟမ်ဖောရက်စ် နဲ့ပွဲမှာ ချယ်ဆီးအတွက် ဂျီရူး၊ ပက်ဒရိုတို့ ပါဝင်နိုင်မှာ မဟုတ်ဘဲ စပါးနဲ့ ပွဲတော့ ပြန်လာနိုင်မယ်လို့ ဇိုလာက ပွဲကြိုမှာ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဝီလျံလည်း မပါဝင်နိုင်ဘဲ အိုဒွိုင်းကတော့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ဖြစ်ကာ ဟာဇက်ကိုတော့ အနားပေးဖွယ် ရှိပါတယ်။

အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းနဲ့ အကြိုသဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့ပါပြီ။ ဒါပေမယ့်လို့ ဆေးစစ်မှုတွေတော့ မလုပ်သေးပါဘူး။

အိုဇေးဟာ အာဆင်နယ်မှာ ဆက်ရှိနေဖို့ မသေချာတော့ပါဘူး။ ဒါပေမယ့်လို့ ကလပ်အသင်းနဲ့ ကစားသမားဟာ ရာသီကုန်ထိ အခြေအနေတွေ ဆက်လက်စောင့်ကြည့်မှာဖြစ်တယ်။ ဇန်နဝါရီမှာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ရှိလာနိုင်ပေမယ့် အိုဇေးကို ရောင်းထုတ်မလားဆိုတာက ရာသီကုန်မှ အဆုံးအဖြတ် ပေးသွားပါမယ်။

တူရကီသတင်းတွေ ဖော်ပြမှုအရ အာဆင်နယ်ဟာ ရိုးမားကွင်းလယ်လူ အန်ဒါးကို ပေါင် 55 သန်းနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့ပါတယ်။ တူရကီကစားသမားဟာ ရိုးမားမှာ 2022 ခုနှစ်ထိ စာချုပ်ရှိနေသေးပြီး ဒီရာသီ စီးရီးအေမှာ ကိုယ်တိုင် 6 ဂိုးသွင်းကာ၊ 6 ကြိမ် ဂိုးထောက်ပံ့မှု လုပ်ထားနိုင်ပါတယ်။