နာမည်ကြီးသုံးသပ်သူ ပေါမာဆန်ရဲ့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် သုံးသပ်ချက်တွေကို လိုတိုရှင်း ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်။

ဝက်စ်ဟမ်း Vs အာဆင်နယ်/ (ဇန်န၀ါရီ ၁၂၊ စနေနေ့ ညနေ ၇း၀၀ နာရီ)

အာဆင်နယ်က သွင်းဂိုးတွေကို ရပ်တန့်ဖို့ ရုန်းကန်နေရာပြီး ၀က်စ်ဟမ်းရဲ့ အကောင်းဆုံးခံစစ်က တိုက်စစ် ဖြစ်နေပါတယ်။ ကာရိုး၊ အနာတိုဗစ်၊ အန်ဒါဆန်တို့ကို အာဆင်နယ် ဘယ်လို ကိုင်တွယ်မလဲ ကျနော် မမှန်းတတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်ကလည်း တိုက်စစ်ကောင်းတဲ့ အသင်းဖြစ်လို့ ကြည့်လို့ကောင်းတဲ့ ပွဲ ဖြစ်မှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ၀က်စ်ဟမ်း 2 – 2 အာဆင်နယ်

ဘရိုက်တန် Vs လီဗာပူး/ (ဇန်န၀ါရီ ၁၂၊ စနေနေ့ ည ၉း၃၀ နာရီ)

လီဗာပူးအတွက် အကြီးမားဆုံးပွဲပါ။ ဒီပွဲက မန်စီးတီးပွဲထက်တောင် ပိုကြီးပါတယ်။ လီဗာပူးက ဒီပွဲကို အနိုင်ရဖို့လိုတယ်။ သရေကျရင်တောင် ကပ်ဘေးဆိုဒ်မှာဖြစ်တယ်။ အက်ဖ်အေဖလားကနေလည်း ထွက်ခဲ့ရပြီး လီဗာပူးက အားလုံးကို ရည်မှန်းချက်တစ်ခုထဲ ပုံထည့်ခဲ့ပါပြီ။ ဒါကြောင့် ဘရိုက်တန်ကို အနိုင်ရဖို့ လိုလာပါတယ်။ တစ်ပတ်လောက် အလိုတုန်းက သူတို့ 10 မှတ်လောက် အသာရနိုင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် အရေးနိမ့်ခဲ့တဲ့နောက် ဒီပွဲကို အနိုင်မရရင် မန်စီးတီးနဲ့ 2 မှတ်အကွာလောက်ကို ရောက်သွားနိုင်တယ်။ အမှတ်ပေးဖလားကို အနိုင်ရဖို့ ဒီပွဲကို အနိုင်ယူဖို့လိုတယ်။ သူတို့ကျော်ဖြတ်ခဲ့တဲ့ သီတင်းတွေအရ ဒီပွဲက လီဗာပူးအတွက် အရမ်းခက်တဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူတို့ အကောင်းဆုံး ထိန်းချုပ်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဘရိုက်တန် 1 – 3 လီဗာပူး

ဘန်လေ Vs ဖူဟမ်/ (ဇန်န၀ါရီ ၁၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ဖူဟမ်က နည်းပြ ရေနီရာရီလက်ထက်မှာ တိုးတက်လာပါပြီ။ ဒါပေမယ့် ဘန်လေက ဒီလို ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ရှိပြီးသားပါ.. ပွဲကို ဘယ်လို နိုင်အောင် ယူရမယ် သူတို့ ကောင်းကောင်း သိနေပြီ။ ခက်ခဲတဲ့ ရာသီအစ ရှိခဲ့ပေမယ့် သူတို့ ပြန်လာနိုင်ပြီး ကျနော် ယုံချင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ အဆင့် ၇ မှာ ရပ်တည်ခဲ့တဲ့ အနေအထား ရောက်အောင် သူတို့လုပ်ပြခဲ့ပြီးပြီ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဘန်လေ 2 – 0 ဖူဟမ်

ကားဒစ် Vs ဟက်ဒါဖီး/ (ဇန်န၀ါရီ ၁၂၊ စနေနေ့ ည ၉း၃၀ နာရီ)

နှစ်သင်းလုံးက ဒီပွဲကို နိုင်မှရမယ့်ပွဲလို့ ကစားဖို့ လာကြမှာပါ။ ဟက်ဒါဖီးက သူတို့နား ၀န်းကျင်ကအသင်းတွေ ဆက်တိုက် ရှုံးခဲ့တာများလို့ အန္တရာယ်များတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတို့ ရလဒ်က ကစားပုံထက် ဆိုးနေတယ်.. သူတို့ မရှုံးသင့်တဲ့ ခြေစွမ်းနဲ့ ပွဲတွေ ကျနော် တွေ့ခဲ့ရတယ်။ ပွဲကို လွှမ်းမိုးနိုငပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒီတကြိမ်မှာတော့ အံ့အားသင့်ဖွယ်အဖြစ် ဟက်ဒါဖီးရဲ့ ကံကြမ္မာဘက်က ကြေးထပ်ချင်တယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ကားဒစ် 0 – 1 ဟက်ဒါဖီး

ခရစ္စတယ်ပဲလေ့စ် Vs ၀က်ဖို့/ (ဇန်န၀ါရီ ၁၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ပဲလေ့စ်က တန်းဆင်းရမယ့်  အသင်း မဟုတ်ဘူး ကျနော် အမြဲ ပြောခဲ့ပါတယ်။ အသင်းကြီးတွေနဲ့ တွေ့ရင် အမှတ်ရအောင် ယူနိုင်တာ သူတို့ အသင်းပဲ ရှိပါတယ်။ ၀က်ဖို့က ပြီးခဲ့တဲ့အပတ် အက်ဖ်အေ ဖလားမှာ ရလဒ်ကောင်း ရထားပါတယ်။ သူတို့က ပရီးမီးယားလိဂ်မှာ တကယ့် ဖြတ်မျဉ်းကောင်း အသင်းတွေ ဖြစ်လာပါပြီ။ ဒီပွဲမှာတော့ ပဲလေ့စ်ဘက်က ရှိချင်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ခရစ္စတယ်ပဲလေ့စ် 1 – 0 ၀က်ဖို့

လက်စတာ Vs ဆောက်သမ်တန်/ (ဇန်န၀ါရီ ၁၂၊ စနေနေ့ ည ၉း၃၀ နာရီ)

ဆောက်သမ်တန်နည်းပြ Hasenhuttl က အသင်းကို တိုးတက်မှုတွေ ရအောင် လုပ်ပြထားတာ မြင်နိုင်ပါတယ်။ ဒါပေမယ့် လက်စတာက ဘယ်လိုကစားမလဲဆိုတာလည်း မှန်းရခက်တယ်။ အကောင်းဆုံး ကစားသွားကြမယ့် နှစ်သင်းအတွက် သရေက မျှတမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ လက်စတာ 1 – 1 ဆောက်သမ်တန်

ချယ်ဆီး Vs နယူးကာဆယ်/ (ဇန်န၀ါရီ ၁၃၊ တနင်္ဂနွေ မနက် ၁၂း၀၀ နာရီ)

တိုက်စစ်မှူး Salomon Rondon ပေါ် မှီခိုလွန်းနေတဲ့ နယူးကာဆယ်က ရုန်းကန်နေရပါတယ်။ ဒီတလော ချယ်ဆီးပွဲတွေကြည့်မိတော့လည်း ရာသီအစက အသင်းငယ်တွေဆို သူတို့ ဖိပြီး ခြေမှုန်းခဲ့သလို ပုံစံတွေ မတွေ့ရဘူး.. အစောပိုင်းပွဲတွေကလို ဂိုးသွင်းနိုင်တာတွေ နည်းသွားပြီ။ ချယ်ဆီးအနေနဲ့ ဒီပွဲကို ခက်ခက်ခဲခဲ မဖြစ်သွားစေချင်ရင် ပွဲ အစောပိုင်း ၃ပုံ ၁ ပုံလောက်တည်းက ဂိုးသွင်းထားဖို့တော့ လိုတယ်။ သွင်းမယ်လို့တော့ ထင်တယ်.. ဒါပေမယ့် ဂိုးမရှိတဲ့ပွဲ ဖြစ်သွားရင်လည်း ထူးဆန်းမှာတော့ မဟုတ်ဘူး။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 1 – 0 နယူးကာဆယ်

အဲဗာတန် Vs ဘုန်းမောက်/ (ဇန်န၀ါရီ ၁၃၊ တနင်္ဂနွေ ည ၈း၄၅ နာရီ)

ဒီအသင်းနှစ်သင်း ဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ဘယ်လိုရလဒ်ထွက်ထွက် အံ့သြစရာတော့ မရှိပါဘူး။ ဖိအားကတော့ အဲဗာတန် ပေါ်မှာ ပိုများတယ်.. သူတို့က နိုင်ပွဲတွေ လိုနေပြီ။ ဘုန်းမောက်ကတော့ အဝေးကွင်းတွေမှာ သွားကန်ရင် ပျော့တယ်။ ဒါကြောင့် အဲဗာတန်သာ နိုင်မယ် ထင်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ အဲဗာတန် 2 – 1 ဘုန်းမောက်

စပါး Vs မန်ယူနိုက်တက်/ (ဇန်န၀ါရီ ၁၃၊ တနင်္ဂနွေ ည ၁၁း၀၀ နာရီ)

အရင်နှစ်ပတ်ကလောက်ဆိုရင်တော့ ယူနိုက်တက်မှာ အခွင့်အရေး မရှိဘူးလို့ ပြောမိမှာပဲ။ ဒါပေမယ့် ဝင်ဘာလေမှာ ဝုဗ်နဲ့ပွဲကြောင့် ယူနိုက်တက်က အခွင့်အရေး ရှိလာပါတယ်။ စပါးက ပထမပိုင်းမှာ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးပေါက်တောင်မတည့်ပဲ 3-1 နဲ့ အရေးနိမ့်ခဲ့တယ်။ ဒီပွဲမှာ နှစ်သင်းလုံးက တစ်သင်းကိုတစ်သင်း တိုက်စစ်ပိုင်းမှာ အကြောခံပြီး ကစားကြမယ် မထင်ပါဘူး။ ယူနိုက်တက်ရဲ့ ခံစစ်က ဆိုးဆိုးရွားရွား ညံ့ဖျင်းနေပေမယ့် သူတို့ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေကို တိုက်စစ်ကစားတိုင်း ဂိုးသွင်းနိုင်စွမ်းရှိထားခဲ့တယ်။ ဆိုးရှားရဲ့ ရာနှုန်းပြည့်နိုင်ပွဲ အဆုံးသတ်မှုတွေ စလာတော့မှာဖြစ်ပေမယ့် ဝင်ဘာလေမှာတော့ ရလဒ်တစ်ခု ရယူသွားနိုင်မယ် ထင်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ စပါး 2 – 2 မန်ယူနိုက်တက်

မန်စီးတီး Vs ၀ုဗ်/ (ဇန်န၀ါရီ ၁၅၊ အင်္ဂါနေ့ မနက် ၂း၃၀ နာရီ)

ရာသီစက ဝုဗ်ကို ရင်ဆိုင်တဲ့ပွဲမှာ စီးတီးတို့ ရုန်းကန်ခဲ့ရတယ်။ ဝုဗ်ဟာ ပရီးမီးယားလိဂ်မှာ အသိအမှတ်ပြု ခံရထိုက်တဲ့ အသင်းပါ။ စီးတီးက လီဗာပူးကို အနိုင်ယူမှုနဲ့အတူ ရိုသာဟမ်၊ ဘာတန်လို လိဂ်ဖလားပွဲတွေကို အနိုင်ရထားတယ်။ ဝုဗ်လိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲဟာ အန္တရာယ်ကြီးပြီး မန်စီးတီးက ဂရုစိုက်ဖို့လိုတယ်။ ဒါပေမယ့် ရလဒ်ကောင်းကို ကောင်းကောင်းမွန်မွန် ရယူသွားမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3 – 1 ၀ုဗ်