2020 မှာ ယူနိုက်တက်နဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်တဲ့ ဂိုးသမား ဒီဂီယာကို သက်တမ်းတိုးဖို့ ကမ်းလှမ်း ညှိနှိုင်းမှုတွေ စတင်ထားပေမယ့် ကစားသမားဘက်က လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေကြောင်း တယ်လီဂရပ်ဖ် သတင်းမှာ ဖော်ပြ ပါရှိပါတယ်။

ဇီဒန်းရဲ့ အေးဂျင့် Alain Migliaccio ကတော့ ယူနိုက်တက်နဲ့ သတင်းများ ထွက်နေတဲ့ အပေါ် ဇီဒန်းက သူ့ ပုံစံနဲ့ ကိုက်ညီမှာ မဟုတ်တဲ့ အင်္ဂလန်ကို သွားမယ် မထင်ဘူးလို့ မှတ်ချက် ပေးလိုက်ပါတယ်။ ဇီဒန်းက မော်ရင်ညို နေရာ သူ ကိုင်တွယ်ရမယ်ဆိုရင် လူစာရင်းနဲ့ ကစားသမား အပြောင်းအရွှေ့ ကိစ္စကို သူကိုယ်တိုင် စီမံ ခန့်ခွဲလိုနေတာပါ။ ဘာနေဗျူးက ထွက်ခွာခဲ့ရတာလည်း ထိုအကြောင်းအချက် ပါဝင်ပါတယ်။ ယူနိုက်တက် ဘုတ်အဖွဲ့ဘက်မှာတော့ ဇီဒန်း တောင်းဆိုတဲ့အချက်ကို လိုက်လျောလိုတဲ့ အုပ်စုနဲ့ မလိုက်လျောလိုတဲ့ အုပ်စု နှစ်စု ကွဲနေကြောင်း Independent သတင်းမှာ ဖော်ပြထားပါတယ်။

နယူးကာဆယ်ကို နိုင်တဲ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းမန်နေဂျာ မော်ရင်ညိုရဲ့ ကွင်းဘေးက အပြုအမူတွေနဲ့ ကင်မရာဘက် ကြည့် ဆဲရေးခဲ့တာတွေအတွက် အက်ဖ်အေက စုံစမ်းစစ်ဆေး အပြစ်ပေးဖို့ စီစဉ်နေပါတယ်။

Ballon d’Or ဆု ဇကာတင်စာရင်း အယောက် ၃၀ ထဲမှာ စပါးအသင်းမှ တိုက်စစ်မှူး ကိန်းနဲ့ ဂိုးသမား လိုရစ်တို့ ဆက်လက် ပါဝင်နေပါတယ်။

စပါး ကွင်းလယ်ကစားသမား အဲရစ်ဆန်ဟာ ၀မ်းဗိုက်ပိုင်း ထိခိုက်ထားတဲ့ ဒဏ်ရာကြောင့် ဒိန်းမတ်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်တွေကို လွဲချော်မှာပါ။ ဒိန်းမိတ် အသင်း နည်းပြချုပ်ကတော့ အဲရစ်ဆန်တစ်ယောက် ကာလရှည် နားရမှာ စိုးရိမ်နေတယ်လို့ သိရပါတယ်။

စပါးအသင်းဟာ အကယ်ဒမီမှ အသက် ၂၀ အရွယ် ဂိုးသမားလေး ၀ှိုက်မန်းကို နှစ်နှစ် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ပါတယ်။ ၄င်းရဲ့ လက်စွမ်းက စပါးအသင်း ခေါင်းဆောင် ဂိုးသမား လိုရစ်နေရာ ဆက်ခံဖို့ အလားအလာကောင်း နေတာပါ။

မန်စီးတီး ကစားသမား ဘန်ဂျမင် မန်ဒီဟာ လာမယ့်အပတ်အတွင်း ကစားမယ့်ပွဲစဉ်တွေအတွက် ပြင်သစ်လက်ရွေးစင်အသင်းမှာ ထည့်မထားဘူးလို့ ပြင်သစ်အသင်းမန်နေဂျာ ဒတ်ချမ့်က ပြောဆိုထားပါတယ်။ အကြောင်းကတော့ ကစားသမားဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှု မရှိသေးဘူးလို့ ယူဆတဲ့အတွက် ဖြစ်ကြောင်း သိရပါတယ်။

Ballon d’Or ဆု ဇကာတင်စာရင်း အယောက် ၃၀ ထပ်မံရွေးချယ်လိုက်ရာ ကြေငြာပြီးသမျှထဲမှာ မန်ချက်စတာ စီးတီးအသင်းမှ အဂွယ်ရိုနဲ့ ဒီဘရိုင်းတို့ နှစ်ယောက် ပါဝင်ပါတယ်။

“ကျနော် ကန်သွင်းခဲ့ရမှာ.. ကိုယ့်ကိုယ်လဲ ယုံကြည်မှု ရှိတယ်.. သူတို့ ကျနော့်ကို အခွင့်အရေးမပေးခဲ့တာ မပျော်နိုင်ဘူးဗျာ” လို့ မန်စီးတီး တိုက်စစ်မှူး ဂျီးဆုက လီဗာပူးနဲ့ ပွဲမှ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကြားမှာ ဆာလက်နဲ့ ကိတ်တာတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်မှုတွေ ကျယ်ပြန့်လာပါတယ်။ ဆာလက်က ချန်ပီယံလိဂ်ဖိုင်နယ်နောက်ပိုင်း ခြေစွမ်း ထိခိုက်နေသူဖြစ်ပြီး ကိတ်တာကလည်း လီဗာပူးနဲ့ အံမဝင်သေးပါဘူး။ လီဗာပူးပရိသတ်တွေက ဒဏ်ရာအခြေအနေတွေက သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်တွေကို ထိခိုက်စေခဲ့ပြီး ခေတ္တအနားပေးသင့်တယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိနေပါတယ်။

U21 Ballon d’Or ဆုအတွက် ပထမဆုံးထွက်ပေါ်လာတဲ့ စကာတင် 10 ဦးစာရင်းထဲမှာ အမ်ဘတ်ပီအပြင် အင်္ဂလန်နဲ့ လီဗာပူးကြယ်ပွင့် ထရန့် ပါဝင်လာပါတယ်။ ထရန့်ဟာ ချန်ပီယံလိဂ် ဖိုင်နယ်ရောက် လီဗာပူးအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပါတယ်။

2018-2019 ဘောလုံးရာသီ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံး သွင်းထားနိုင်သူတွေက မာနေး (4 ဂိုး)ဖြစ်ပြီး ဂိုးထောက်ပံ့မှု အများဆုံးတွေက ရော်ဘတ်ဆန်၊ မီလ်နာ၊ ဖာမင်နို (2 ကြိမ်) စီဖြစ်ပါတယ်။

ယူနိုက်တက်၊ လီဗာပူးအပြင် ချဲလ်ဆီး၊ အာဆင်နယ်၊ တော်တင်ဟမ်တို့ စိတ်ဝင်စားနေကြတဲ့ တောင်ပံသမား နာချိုအတွက် ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း 100 သက်မှတ်နိုင်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။

ချဲလ်ဆီးဗဟိုခံစစ်သမား ရူဂါဒီဟာ ဒဏ်ရာပြသနာကြောင့် လက်ရွေးစင်အသင်းပွဲတွေက နုတ်ထွက်ထားပါတယ်။ ဂျာမနီ လက်ရွေးစင်အသင်းပွဲအတွက် မပါနိုင်ပေမယ့် ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်ထားရပါတယ်။

ကောလဟာလထွက်ရှိလာမှုအရ ရီးရဲမက်ဒရစ် မန်နေဂျာရာထူးအတွက် ကွန်တီက ရေပန်းစားစာရင်းထဲ ပါဝင်လာပါတယ်။ ခန့်မှန်းမှုတွေအရ ကွန်တီတာ ရီးရဲမက်ဒရစ်ကို တာဝန်ယူမယ်ဆိုရင် ဟာဇက်က ချဲလ်ဆီးနဲ့ပဲ လက်မှတ်ထိုးနိုင်တယ်လို့ ဆိုပါတယ်။

စကိုင်းမှ အားကစားကလောင်ရှင် နဗီလ်းက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့် အသင်းတွေထဲမှာ ချဲလ်ဆီးနဲ့ အာဆင်နယ် ပါနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ သူကပဲ လန်ဒန်နှစ်သင်းဟာ မန်နေဂျာအပြောင်းအလဲတွေ ပြုလုပ်ထားပြီး အမှတ်ပေးဖလားကို ခပ်မြန်မြန် စိန်ခေါ်နိုင်မှာ မဟုတ်ဘူးလို့ ယူဆနေတာပါ။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ ခံစစ်သမား ရော်ဘတ်ဆန်က ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတွေထဲမှာ ချဲလ်ဆီးနဲ့ အာဆင်နယ်ကိုပါ ထည့်သွင်းသွားခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးက အင်္ဂလန်လိဂ်ဟာ နှစ်ကောင်တည်းပြေးတဲ့ ပြိုင်ပွဲဖြစ်မလာနိုင်ဘူးလို့ ထင်မြင်ချက်ပေးခဲ့တာပါ။

အာဆင်နယ်အသင်းဟာ Adidas ကုမ္ပဏီနဲ့ တစ်နှစ် ပေါင် သန်း 60 တန် 5 နှစ်စာချုပ်ကို ချုပ်ဆိုလိုက်ပါပြီ။ 2019 ခုနှစ် ဂျူလိုင်မှာ စတင်အသက်ဝင်မယ့် အဆိုပါ စာချုပ်ဟာ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ဒုတိယတန်ကြေးအမြင့်ဆုံး စာချုပ်အဖြစ် ချဲလ်ဆီးနဲ့အတူ ပူးတွဲရပ်တည်နေစေပါတယ်။

အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားဟာ ဂန်းနားအတွက် နောက်ထပ် ဗီအဲရာလို ကစားသမားဖြစ်လာလိမ့်မယ်ဆိုတဲ့ ဟောကိန်းတွေ ထွက်ရှိလာပါတယ်။ အာဆင်နယ်တောက်ပခဲ့တဲ့ ပရီးမီးယားလိဂ် ခေတ်ဦးပိုင်းမှာ ဗီအဲရာဟာ အရေးပါတဲ့ ကွင်းလယ်ထောက်တိုက်ဖြစ်ခဲ့သူဖြစ်ပါတယ်။

အာဆင်နယ်လူငယ်လေး ရိုဝီဟာ အသက် 16 နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ်ကလပ်အသင်းကို ရွေးချယ်ခွင့်အတွက် ချဲလ်ဆီး၊ တော်တင်ဟမ်၊ ဘာစီလိုနာတို့ကို ရွေးချယ်ခွင့်ရခဲ့ပေမယ့် အာဆင်နယ်မှာ ဆက်ရှိလိုတာကြောင့် ပယ်ချခဲ့ဖူးတယ်လို့ လန်ဒန်အခြေစိုက်သတင်းတွေက ဖော်ထုတ်လာပါတယ်။