ယူနိုက်တက် ခံစစ်မှူး ရိုဂျိုဟာ ဒဏ်ရာရှိနေပြီး အာဂျင်တီးနားသို့ ခဏပြန်သွားကြောင်း နည်းပြ ဆိုးရှားက ပွဲကြိုရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။ ရိုဂျိုက အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်ပြီး မကြာခင် ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုးရှားက ဆိုပါတယ်။

လောလောဆယ် အရေးကြီးဆုံးက ယူနိုက်တက် ရောက်နေတဲ့ နေရာနဲ့ ကစားသမားတွေဆီက ဆိုးလ်ရှား လိုချင်တာတွေ ပေးနိုင်ဖို့ အာရုံစိုက်ထားရမှာ ဖြစ်ကြောင်း လုခ်ရှောက ပြောကြားလိုက်ပါတယ်။ ရနိုင်သမျှ ရမှတ်တွေ အများဆုံး ယူပြီး လက်ရှိ ဘောလုံးရာသီအပေါ် အာရုံထားကြဖို့ ရှောက အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာက အကောင်းဆုံး ဂိုးသမား ဖြစ်ပြီး တခြား ဂိုးသမားတွေထက် ပိုကိုကောင်းနေတဲ့သူ ဖြစ်ကြောင်း စပိန် ဂိုးနည်းပြ Emilio Alvarez က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၄င်းက ဒီဂီယာနဲ့ အက်သလက်တီကို မှာ ဆုံဖူးခဲ့သူ ဖြစ်ပါတယ်။

စပါးအသင်းမှာ နောက်ထပ် ထိုးနှက်ချက်အနေနဲ့ ဘရာဇီးတိုက်စစ်သမား လူးကပ်မော်ရာ ဒဏ်ရာရှိနေတာကြောင့် ယူနိုက်တက်နဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကစားနိုင်ခြေ ရှိမရှိကို ပွဲမတိုင်ခင် စစ်ဆေးဦးမှာ ဖြစ်ပေမယ့် စွန့်စားပြီး ကစားသမားကို ထုတ်သုံးဖွယ် မရှိပါဘူး။

စပါးကွင်းလယ်မှာ အဲရစ်ဒိုင်ယာ ထရန်နင် အပြည့်အ၀ ပြန်ဆင်းနိုင်ပြီ ဖြစ်ပြီး ပွဲကစားဖို့တော့ ကြံ့ခိုင်မှုတော့ အပြည့် မရှိသေးပါဘူး။ ၀မ်ယာမာလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ထူထောင်ရေးအတွက် လေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင်နေဆဲပါ။

ခံစစ်မှူးတွေ ဒဏ်ရာပြဿနာ အများအပြား ရှိနေပေမယ့် ဘရိုက်တန်နဲ့ ပွဲမှာ ဗဟိုခံစစ်မှူး မာတစ် ပါဝင်ကစားနိုင်ဖို့ ကလော့ပ်က မျှော်လင့်နေပါတယ်။ မာတစ်က အသင်းထရိန်နင်မှာ ပြန်လည် ပါဝင်နေပြီ ဖြစ်ပြီး လိုဗရန်ကတော့ နောက်နှစ်ပွဲလောက် လွဲချော်ဖို့ ရှိနေပါသေးတယ်။

ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုတွေကို လီဗာပူးအသင်းကပဲ သိမ်းပိုက်သွားပါတယ်။ အကောင်းဆုံးမန်နေဂျာ ဆု ကို ယာဂင်ကလော့ပ်က ရခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကိုတော့ ခံစစ်မှူး ဗန်ဒိုက်က ရရှိခဲ့တာပါ။

လီဗာပူးနဲ့ ခရိုအေးရှား ခံစစ်မှူး ဒီဂျန် လိုဗရန်ဟာ ရာမို့စ်နဲ့ စပိန်အသင်းသားတွေကို “a bunch of pussies” လို့ သုံးနှုန်းခဲ့တဲ့အတွက် နိုင်ငံပွဲ တစ်ပွဲ ပယ်ဖို့ UEFA က ပြစ်ဒဏ်ပေးလိုက်ပါတယ်။ လိုဗရန်ဟာ UEFA နေးရှင်းလိဂ်ပွဲစဉ် ခရိုအေးရှားက စပိန်ကို 3-2 နဲ့ နိုင်တဲ့ပွဲအပြီး အင်စတာဂရမ်ကနေ Live လွှင့်ချိန်မှာ အဆိုပါ စကားလုံး သုံးခဲ့တာပါ။

ဘာစီလိုနာက ချယ်ဆီးတောင်ပံသမား ၀ီလျံအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘာစီလိုနာက အသက် ၃၀ အရွယ် ၀ါရင့်ကစားသမားအတွက် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့သော်လည်း ချယ်ဆီးအသင်းဘက်က ပယ်ချခဲ့တာပါ။ ၀ီလျံရဲ့ လက်ရှိစာချုပ်က ၁၈ လသာကျန်တော့ပြီး ချယ်ဆီးဘက်က ကစားသမားကို လက်မလွှတ်လိုပါဘူး။

ချယ်ဆီးနည်းပြ ဆာရီက ဘိုင်ယန်မြူးနစ်အသင်းဟာ ၄င်းတို့ လူငယ်တိုက်စစ် အိုဒွိုင်းကို စိတ်ဝင်စားကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလိုက်တဲ့ အပြုအမူက ချယ်ဆီးအသင်းပေါ် လေးစားမှု မရှိကြောင်းနဲ့ ပရိုမဆန်တဲ့ လုပ်ရပ်လို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အိုဒွိုင်းရဲ့ ကိစ္စကြောင့် ကလပ်အသင်း နှစ်သင်းကြား ဆက်ဆံရေး ပိုမို တင်းမာနေပါပြီ။

စပိန်မှာ အောင်မြင်မှု မရဘဲ ပြန်လာခဲ့ပြီ ဖြစ်တဲ့ ချယ်ဆီးတိုက်စစ်မှူး ဘတ်ရှူဝါရီဟာ မိုနာကိုအသင်းမှာ ရာသီကုန်ထိ အငှားသွားရောက် ကစားဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားရဲ့ အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွှေ့ဆွေးနွေးဖို့ လီဂူးဝမ်း ကလပ်ဆီ ကိုယ်တိုင် သွားရောက်ခဲ့တာပါ။

အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားက အသင်းမှာ အိုဇေးလ်နဲ့ အတူ ကစားရတာ ဂုဏ်ယူပျော်ရွှင်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အရည်အချင်းရှိပြီး အောင်မြင်မှုတွေ အများကြီး ရယူထားနိုင်တဲ့ အိုဇေးလ်လို ကစားသမားမျိုးနဲ့ တစ်သင်းတည်း ကစားရတာက ဂုဏ်ယူစရာလို့ ၄င်းက ဆိုခဲ့တာပါ။

ကာလရှည် နားရမယ့် ဒဏ်ရာ ရထားတဲ့ အာဆင်နယ် တိုက်စစ်မှူး ၀ဲလ်ဘတ်ဟာ Gym မှာ ပြန်လည် ထူထောင်ရေးအတွက် လေ့ကျင့်ရေးတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီရာသီကုန်ရင်ပဲ စာချုပ်ကုန်ဆုံးတော့မှာ ဖြစ်တဲ့ ၀ဲလ်ဘတ်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီဘောလုံးရာသီမှာ ပြန်လည် ကစားနိုင်ဖွယ် မရှိဘူးလို့တော့ ယူဆရဆဲပါ။

အာဆင်နယ်ဟာ ရမ်ဆေးလို ကစားသမားကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်လိုက်မှာက မိုက်မဲရူးသွပ်မှု တစ်ခုပဲလို့ ဂန်းနားဟောင်းကြီး မာတင်ကီယွန်က ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပေါင် သန်း ၁၀၀ လောက်သုံး ကစားသမားတွေ ခေါ်ယူ၊ လစာကြီးကြီးတွေ ပေးခဲ့တာက ဒီလို အခြေအနေတွေ ဦးတည်စေခဲ့တာ ဖြစ်တယ်လို့ ၄င်းက ထောက်ပြသွားပါတယ်။

မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒိုင်ဘာလားအတွက် ဂျူဗင်တပ်က တန်ကြေး ယူရို သန်း ၁၃၀-၁၄၀ ရမှ ရောင်းချမှာ ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်ပါတယ်။ ဂျူဗင်တပ်က ကမ်းလှမ်းမှုများကို ယဉ်ကျေးစွာ ငြင်းပယ်ထားပြီး နွေအပြောင်းအရွှေ့မှသာ လက်ခံဖွယ် ရှိပါတယ်။

မန်စီးတီးတိုက်စစ်မှူး အဂွယ်ရိုဟာ ဖျားနေတဲ့အတွက် ပြီးခဲ့တဲ့ပွဲတွေမှာ မပါဝင်နိုင်ခဲ့သော်လည်း ၀ုဗ်နဲ့ပွဲကြို လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာပြီ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ဗင်းဆင့် ကွန်ပနီလည်း ပြန် ကောင်းမွန်သက်သာ လာပြီ ဖြစ်တယ်လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

မန်စီးတီး မန်နေဂျာ ပက်ဂွာဒီယိုလာက ဒီဇန်န၀ါရီလထဲမှာ ကစားသမားခေါ်ယူမှု ပြုလုပ်ဖွယ် မရှိကြောင်း ပြောဆိုထားပြီး ၄င်း အနေနဲ့ လက်ရှိ မန်စီးတီး အသင်း လူစာရင်းကိုလည်း အားရကျေနပ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။