ပန်းနုသွေးဇာတ်လမ်းတွဲအပြင် ကမ်းခြေဇာတ်လမ်းတွဲလေးတွေနဲ့ပါ အောင်မြင်လာတဲ့ သရုပ်ဆောင်ခြူးလေးကို ပရိသတ်တွေတော်တော်များများ သိကြမှာပါ။ အခုလတ်တလောမှာ ခြူးလေးနဲ့ပတ်သက်ပြီး စိတ်မကောင်းစရာသတင်းတစ်ပုဒ်က ပရိသတ်တွေကြားထဲပျံ့နှံ့လို့နေပါတယ်။ အဲဒါကတော့ နှစ်နှစ်ကျော်သုံးနှစ်အတူလက်တွဲလာတဲ့ချစ်သူနဲ့ပြတ်စဲသွားရတာကြောင့် ခြူးလေးက တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့လုပ်ခဲ့တယ်ဆိုတာပါပဲ။ အဲဒီသတင်းကိုကြားရတဲ့ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ရပြီး ခြူးလေးရဲ့ ရည်းစားဟောင်း ဟိန်းကိုကိုကျော်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတွေဖြေနေခဲ့ပါတယ်။ ခြူးလေးက မကြာသေးမီက ပရိသတ်တွေကိုဒီကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းပြလာခဲ့ပါတယ်။

ခြူးလေးက လက်ရှိမှာ account တွေအကုန်လုံး ဒီထားပေမယ့် ပရိသတ်တွေရဲ့ အားပေးစာတွေ စိတ်မကောင်းဖြစ်တဲ့ စာတွေ အကုန်ဖတ်ရကြောင်းကို “ပရိသတ်တွေက မေတ္တာထားပြီး ခြူးလေးကို အားပေးတဲ့စာလေးတွေရေးတာပေါ့နော်။ မည်သူ တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတဲ့စာတွေမပါပါဘူး ရေးထားတာကိုလည်းခြူးလေးတွေ့တယ်။ ဒီတိုင်းလေးပဲအားပေးပြီးတော့တင်တာပါ။ အဲဒီမှာမှ ခေါင်းစဉ်အမျိုးမျိုးနဲ့ ခေါင်းစဉ်အကြီးကြီးတွေတွေ့လာရချိန်မှာ ဆူညံ့ပွက်လောရိုက်သွားတယ်လို့ ခြူးလေးထင်ပါတယ်။ အဲဒါကြောင့် ခြူးလေး လနဲ့ချီပြီး ပိတ်ထားမယ်လို့စိတ်ကူးတဲ့ ဒီ account ကိုပြန်ဖွင့်ပြီး ချက်ချင်းပဲ ထိခိုက်တဲ့သူတွေကိုမထိခိုက်ရအောင်ဆက်ပြီးတော့ comment တွေ မရေးဖို့ခြူးလေးပြန်ရှင်းပေးတာပါ” လို့ ပြောပြထားပါတယ်။

ခြူးလေးကခေါင်မိုးပေါ်ကခုန်ချဖို့ကြိုးစားပြီးဆေးရုံရောက်သွားတယ်ဆိုတဲ့ ကောလဟလတွေကိုလည်း “ခြူးလေးက နေကောင်းလိုက် ပြန်ဖြစ်လိုက်ဖြစ်နေတာ တော်တော်ကြာပြီပေါ့။ ဒါပေမယ့် တင်ထားတဲ့ page တွေတော်တော်များများမှာတွေ့ပါတယ်။ အဲလို ဆေးရုံပုံကြီးတွေနဲ့လေ တွေ့ရတယ်။ အဲဒါက အခုလတ်တလောဆေးသွင်းတဲ့ပုံတွေမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က သွင်းထားတာပေါ့နော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်အဲ့လိုမျိုးလုပ်တယ်။ချက်ချင်းဆေးရုံရောက်သွားတယ်ဆိုတာမဟုတ်ပါဘူး”လို့ ရှင်းပြထားပါတယ်။

ခြူးလေးက ချစ်သူနဲ့ပြတ်သွားရတဲ့အကြောင်းအရင်းကိုလည်းရှင်းပြထားပါတယ်။ ချစ်သူက အရမ်းကို သဝန်တိုတတ်တာကြောင့် ခြူးလေးကအလုပ်ကိစ္စနဲ့ ခရီးတွေထွက်တိုင်းလိုက်နေကြဖြစ်ပေမယ့် နောက်ဆုံးသွားထားတဲ့ခရီးကိုတော့ မလိုက်ခဲ့ကြောင်းနဲ့ အလုပ်လုပ်နေတဲ့ ခြူးလေးကို တစ်ချိန်လုံးအဝေးကနေ သမုတ်တာတွေ ရစ်တာတွေလုပ်နေခဲ့လို့ ခြူးလေးက စိတ်ဆင်းရဲပြီးဖြတ်လိုက်တာဖြစ်ကြောင်း ပြောပြထားပါတယ်။ ဒါပေမယ့် ခြူးလေးကိုသိပ်သဝန်တိုပါတယ်ဆိုတဲ့ ချစ်သူကတော့ အဲဒီလိုပြတ်ပြီးနှစ်လမပြည့်ခင်မှာပဲအသစ်ရသွားပါသတဲ့။

ခြူးလေးက လမ်းခွဲပြီးသွားလို့အဆက်အသွယ်ပြတ်သွားချိန်မှာ ပြန်ဆက်သွယ်လာမလားလို့စောင့်နေပေမယ့် ဟိန်းကိုကိုကျော်ကတော့ အခြားသူတွေကိုသာဖုန်းဆက်ပြီးငိုပြပေးမယ့် ခြူးလေးကိုတော့ မဆက်သွယ်ခဲ့ကြောင်း “သူ့ရဲ့တောင်းပန်တယ်တောင်းပန်တယ်ဆိုတာက သူများတွေကိုသာသူဖုန်းတွေဆက်ပြီးငိုပြနေတာလေ။ ခြူးရှေ့ကိုသူလုံးဝရောက်မလာခဲ့ဘူး။ အမှန်တော့ညီမက single is the best ဆိုပြီးဖြေတာကလည်း သူ့ကိုရွဲ့ပြီးဖြေတာပါ။ ပြဿနာတွေဖြစ်ပြီးတော့ သူ့ရဲ့ account မှာသူ single ဆိုပြီးပြောင်းသွားတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် ခြူးလေးကစပြီး တိုက်ပေါ်ကခုန်ချမယ်ဆိုပြီးဆက်သွယ်တာမဟုတ်ကြောင်းနဲ့ အစကတည်းက ခရီးကပြန်ရောက်တော့ ဟိန်းကိုကိုကျော်က သူ့ကို လာတွေ့ပြီးလိမ်ညာပြောဆိုခဲ့သေးကြောင်း “သူမန္တလေးကိုရောက်လာတဲ့အချိန်မှာ ခြူးကိုလာတွေ့တယ်။ အဲ့လို လာတွေ့တဲ့အချိန်မှာ ခြူးက စိတ်ထဲမှာတော်တော်ပြေသွားတယ် သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာ။ ဒါပေမယ့် သူက အဲ့လို လာတွေ့တဲ့အကြောင်းသူဖြေထားတာတွေမှာလုံးဝမပါပဲနဲ့ ခြူးကပဲသူ့ကိုရေးထားတဲ့ပုံစံမျိုးတွေသူအရမ်းပြောနေတယ်ပေါ့နော်။ အဲဒီအချိန်မှာ မရှင်းမရှင်းတွေဖြစ်လာတယ်။ ခြူးလေးက သူ့ကိုအရမ်းယုံကြည်ခဲ့တာ။ ခြူးလေး ထက်တောင်မှ သူခြူးလေးကိုချစ်တယ်လို့ယုံကြည်ခဲ့တာ။ သူက လာတွေ့တဲ့အချိန်မှာ အသစ်ရနေတာကိုခြူးလေးကိုလုံးဝမပြောပဲနဲ့ အိမ်ကမို့လို့ပါ အိမ်ကတွဲပေးလို့ပါဆိုတာမျိုးတွေ သူဖုန်းမဆက်လို့ရှိရင် အဲ့ကောင်မလေးအိမ်ကနေ သူတို့အိမ်ကိုဝင်ထောင်းမယ်ဆိုတာမျိုးတွေပြောပါတယ်။ ခြူးကလည်း ယုံလိုက်သေးတယ်။ နောက်မှစုံစမ်းကြည့်တော့ မဟုတ်ဘူး သူတို့တကယ်ကြိုက်နေတာ”လို့ မျက်ရည်တွေဝဲပြီးငိုသံပါနဲ့ သေချာရှင်းပြသွားခဲ့ပါတယ်။

ခြူးလေးက တိုက်ပေါ်ကခုန်ချဖို့ဖြစ်သွားတဲ့အကြောင်းကိုလည်း “နောက်ဆုံးနှုတ်ဆက်မယ်ဆိုပြီး ခြူးလေးတိုက်ခေါင်မိုးပေါ်ကိုသွားတယ်။ သူအရင်တုန်းက ငိုခဲ့တဲ့သူတွေကို ခြူးလေးဖုန်းဆက်ပြီးအဲ့လိုပဲဖြစ်သွားပြီလို့ရှင်းပြတယ်။ အဲဒီနောက်မှာ ပြောရင်းပြောရင်းနဲ့ စိတ်လွတ်သွားတယ်ပေါ့နော်။ လွတ်သွားမိပြီး ခြူးသူ့ကိုနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့စာပို့လိုက်တယ်။ ဒါပေမယ့် ခြူးက သူ့ကိုအဲ့ဒီအချိန်ကမှပုံပို့ပြီးစဆက်သွယ်တာမဟုတ်ဘူးပေါ့နော်”လို့ ဝန်ခံဖွင့်ဟသွားခဲ့ပါတယ်။