ရွှေအိမ်စည်ဟာ သူမနဲ့ပတ်သက်တဲ့ Relationship ကို အတိအလင်းဖွင့်ပြောပြီးမှ တွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတော့ ၂နှစ်ခွဲကျော်ကြာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့ပြတ်ဆဲပြီ ဖြစ်ကြောင့် သူမ ဖေ့စ်ဘွတ်ကနေ ပရိသတ်ကို အသိပေးခဲ့ပါတယ်။

ရွှေအိမ်စည်ရဲ့ အစ်ကိုကတော့ ညီမဖြစ်သူမှာ ချစ်သူဘက်က အဆက်သွယ်မခံတော့တဲ့အတွက် မျက်ရည်တွေ ကျနေရကြောင်း အခုလို ပြောပြသွားပါတယ်။

“ကိုယ့်အတွက်က ညီမလေး စိတ်ချမ်းသာဖို့က အရေးအကြီးဆုံးပဲ။အခုလို သူစိတ်အဆင်းရဲဆုံး အချိန်မှာ ဖြေသိမ့်ပြီး ပြေလည်အောင် မကူညီကြဘဲ မြှောက်ထိုးပင့်ကော် လုပ်နေကြတယ်။ ရိုးရိုး စိတ်ဆင်းရဲနေရတာထက် ဒင်းတို့ မြှောက်ပေးလို့ သူ့ခင်မျာ ဟန်ဆောင်ပြုံးပြုံးပြီး ပျော်ချင်ယောင်ဆောင်ပြနေရတာ မကြည့်ရက်ဘူး။ သူဟာ ဘယ်လောက်ပဲ တော်တဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်နေပါစေ၊ ဒါရုပ်ရှင် ရိုက်နေတာ မဟုတ်ဘူး။ ညီမလေး ဘယ်လောက် ပင်ပန်းလိုက်မလဲ။ ပျော်ရွှင်နေတဲ့ပုံ ပြီပြင်အောင် သရုပ်ဆောင်နေရလေ၊ ပြီပြင်သလောက် သူပိုပင်ပန်းလေပဲ။

ခါတိုင်းလဲရန်ဖြစ်လိုက်၊ နာရီပိုင်းတောင် မကြာဘဲ ပြန်ချစ်လိုက် ဘာတွေမှန်းကို မသိလို့ သူတို့ကြားထဲ ဝင်ကို မပါတော့တာ၊ ပါတဲ့လူ အရူးဖြစ်ရပေါင်းများပြီ။ ဒါပေမယ့် ကိုယ့်အိမ်တွင်းရေးကိစ္စ အရင်အခေါက်တွေ ဘယ်သူ့မှမသိကြဘူး။ အဲလို ရေးပြတာမျိုးလည်း သူ့မှာအကျင့် မရှိဘူး။ ဒီတစ်ခေါက် ညီမလေး စိတ်ထိခိုက်တုန်း ဟိုလို ပြောလိုက်၊ ဒီလိုရေးလိုက် မြှောက်ပေးပြီး ဂျောက်တွန်းလိုက်ကြတယ်။

သူတို့ အဲလိုမြှောက်ပေးလိုက်လို့ ကိုယ့်ညီမလေး အကျိုးစီးပွား ဖြစ်ထွန်းတယ်၊ သူစိတ်ချမ်းသာရမယ်ဆိုရင် ဘာမှ ပြောစရာမရှိပါဘူး။ အခုက သူ့အကျိုးစီးပွားကို စောင့်ရှောက်ရမယ့်သူတွေ ကိုယ်တိုင်က ကလေးတစ်ယောက်ကို စာတွေစီပေးပြီး နောက်ကြောင်း ပြန်လှည့်ရခက်တဲ့ လမ်းမျိုးကို တွန်းပို့ကြတယ်။

ဒီလိုသာ မြှောက်မပေးကြရင် ခုဆို ပြန်အဆင်ပြေပြီး ညီမလေးလဲ စိတ်သက်သာရာ ရနေပြီ။ အခုတော့ ဘေးက မကြည့်ရက်လို့ ဝင်ပြောပေးမယ့်သူတွေ ရှိရင်တောင် ဒီလို မဆင်မချင် ရေးသားမှု တစ်ခုကြောင့် တစ်ဖက်က အဆက်အသွယ်ကို မခံတော့ဘူး၊ အမေနှင့် အစ်ကိုက ကြားဝင် ပြောပေးဖို့ ဆက်သွယ်တာကို တစ်ဖက် ပုဂ္ဂိုလ်က ဖုန်းမကိုင်တော့တာ ညီမလေး ကို စိတ်ခုလို့မဟုတ်ဘူး။ အဲဒီ မြှောက်ပင့် စာစီပေးခဲ့တဲ့ သူများတွေကြောင့်။

ညီမလေး ဘယ်လိုခံစားနေရမယ် ဆိုတာ သူတို့တွေလည်း နားလည်မှာပါ။ နားလည်ရက်နှင့် မြှောက်ပေးတာကျတော့ ချောက်ချရာရောက်တယ်။ သူကိုယ်တိုင် သူ့ခံစားချက်လေးကို ပြောဖူးတဲ့ တစ်လောက video လေးကိုကြည့်ပါ။ သူက ဘေးလူတွေ ဝင်ရှုပ်တာကိုပဲ အပြစ်တင်ထားတယ်နော်၊ သူနှင့် ပတ်သက်နေတဲ့ ကာယကံရှင်ကို အပြစ်ပြောမထားဘူး။ ဘေးက ဘယ်လောက်ကြိုးစားပါစေ၊ ကာယကံရှင် ပါမှ ဖြစ်တာပါ။ အခု ကိစ္စမှာလည်း ဘေးလူ ဘယ်လောက် ရှုပ်ရှုပ် ကာယကံရှင်ကို အပြစ်တင်လို့ မရဘူးဆိုတာမျိုး ဖြောင့်ဖြရမှာကို မီးလောင်ရာ လေပင့် လုပ်ကြတယ်။

အခုလည်း ညီမလေး စိတ်မချမ်းမသာ ဖြစ်နေချိန် သူ ပြန်အဆင်ပြေပြီး စိတ်ချမ်းသာအောင် ကူမယ် စိတ်မကူးဘူး။ အမလေး အခုမှ ပိုချစ်တယ်၊ အားပေးတယ်၊ ပိုထောက်ခံတယ်ဆိုတဲ့ အောက်တန်းကျကျ ပိုမှားအောင် ဝိုင်းပို့တဲ့ အပြောအဆိုတွေ လုပ်နေကြတုန်း။ ဒီနေ့ မွန်းလွဲပိုင်း ထပ်ဖြစ်လာမယ့် ပြဿနာကို ထပ်မဆိုးသွားအောင် အချိန်မီ တားလိုက်တာက ကိုယ်တွေ မိသားစုပါ။ တကယ်တမ်း မြှောက်ပေးသူတွေက ဘာမှ သွားရှင်းပေးခဲ့တာ မဟုတ်ဘူးလေ။

မနေ့ညက ရေးတဲ့ ကိစ္စနှင့် ပတ်သက်ပြီး အမေ့ကို သူပြောတယ်။ အဲလောက် သံယောဇဉ် ရှိနေကြတာ သမီးကို အစ်ကိုက မပြတ်နိုင်လောက်ပါဘူးနော်တဲ့။ မနေ့ညက အဲ့ဒီစာတင်ပြီး နောက်ပိုင်း ကျွန်တော့်ညီမလေး ကျနေခဲ့ရတဲ့ မျက်ရည်စက်တိုင်းဟာ သူ့ကို မြှောက်ပေးခဲ့တဲ့လူတွေနှင့်၊ အခုလည်း သူ့ကို ပြန်ပြေလည်ရခက်အောင် အားပေးသလို လုပ်ပြီး ဆွဲချဖို့ လုပ်နေသူတွေ အတွက် ကျိန်စာတွေ ဖြစ်ပါစေ။” ဆိုပြီးတင်ထားခဲ့တာဖြစ်ပါတယ်။ ရွှေအိမ်စည်တို့ Relationship ကတော့ ပြန်ပြီးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။