ယူရို ၂၀၂၀ ေျခစစ္ပြဲအတြက္ ယွဥ္ျပိဳင္ကစားတဲ့ ဂ်ာမနီနဲ႔ နယ္သာလန္ပြဲမွာ လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က အထူးေျခစြမ္းျပ ကစားႏုိင္ခဲ့ျပီး ကိုယ္တိုင္ တစ္ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ တစ္ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

ဝိုက္နယ္ဒမ္ဟာ နယ္သာလန္အသင္းမွာေတာ့ လီဗာပူးမွာထက္ တိုက္စစ္ကို ပိုလိုက္ရျပီး ပိုမိုေျခစြမ္းျပႏုိင္ျခင္းလည္း လုပ္ႏုိင္သူျဖစ္တယ္။ သူဟာ လီဗာပူးမွာေတာ့ ခံစစ္ကို ပိုမိုအားျပဳရတဲ့ ကြင္းလယ္လူအျဖစ္ ကစားရျပီး နယ္သာလန္မွာေတာ့ တိုက္စစ္ကို ပိုမိုလိုပါရကာ အဆံုးသတ္ပိုင္း ဧရိယာေတြမွာ တိုက္စစ္သမားေတြနဲ႔ တြဲကစားရသူျဖစ္ပါတယ္။

ဝိုက္နယ္ဒမ္ နယ္သာလန္အသင္းမွာ ေျခစြမ္းျပႏုိင္ျခင္းရဲ႕ အဓိက အေၾကာင္းတစ္ရပ္က သူ႔ရဲ႕အခင္ဆံုး ေဘာ္ဒါၾကီးျဖစ္တဲ့ လိုင္ယြန္တုိက္စစ္သမား ဒီေပးနဲ႔ အတြဲညီမႈေၾကာင္းကလည္း အေၾကာင္းရင္းတစ္ခ်က္ျဖစ္တယ္။ ဒီေပးဟာ ဒီေႏြတုန္းက လီဗာပူးကို ေျပာင္းေရႊ႔မယ့္ သတင္းေတြ ထြက္ေပၚေပမယ့္လည္း တရားဝင္ အေျပာင္းအေရႊ႔ကိစၥေတြ ထြက္မလာခဲ့ပါဘူး။

အသက္ ၂၅ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ဒီေပးဟာ တိုက္စစ္ပိုင္းမွာ ေနရာစံုကစားႏုိင္ျပီး နယ္သာလန္တိုက္စစ္ကို ဦးေဆာင္သူျဖစ္တယ္။ သူဟာ လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္နဲ႔ အေတာ္ေလး အတြဲမိသူျဖစ္ျပီး လက္ေရြးစင္အသင္းမွာ သူတို႔ႏွစ္ဦး နားလည္မႈရွိရွိ ခ်ိတ္ဆက္ကစားမႈကို မၾကာခဏ ျမင္ေနရတာျဖစ္တယ္။

၂၀၁၅ ခုႏွစ္က ပီအက္ဗီကေန မန္ယူအသင္းထံ ေျပာင္းကစားခဲ့ေပမယ့္ ၂၀၁၇ မွာေတာ့ ျပင္သစ္ကလပ္ လိုင္ယြန္အသင္းထံ အျပီးသတ္ ေျပာင္းေရႊ႔သြားခဲ့သူျဖစ္တယ္။ နယ္သာလန္ပြဲေတြမွာ ဝိုက္နယ္ဒမ္နဲ႔ ဒီေပးတို႔ အတြဲညီလြန္းေနတာေၾကာင့္ အေတာ္မ်ားမ်ားေသာ ပရိသတ္ေတြက ဒီေပးကို တုိက္စစ္အတြက္ ေစ်းသက္သက္သာသာနဲ႔ ေခၚယူဖို႔ တိုက္တြန္းမႈေတြ ရွိေနတာျဖစ္တယ္။

ဒီေပးနဲ႔ ပက္သက္ျပီး အခ်ိဳ႔ပရိသတ္ေတြကေတာ့ မန္ယူအသင္းသားေဟာင္းျဖစ္လို မေခၚယူလိုၾကေပမယ့္ သူ႔ရဲ႕ ေျခစြမ္းဟာ ယာဂင္ကေလာ့ပ္ရဲ႕ ကစားကြက္နဲ႔ အံ့ဝင္ႏုိင္ျပီး တိုက္စစ္ပိုင္း သံုးေနရာလံုးမွာ ကစားႏုိင္တာေၾကာင့္ ေခၚယူ အားျဖည့္ခဲ့မယ္ဆိုရင္ လီဗာပူးတိုက္စစ္က အေတာ္ေလး ထိန္းခ်ဳပ္ရခက္ႏိုင္တယ္လို႔ သံုးသပ္မႈေတြလည္း ရွိေနပါတယ္။

UNICODE

ယူရို ၂၀၂၀ ခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားတဲ့ ဂျာမနီနဲ့ နယ်သာလန်ပွဲမှာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ကိုယ်တိုင် တစ်ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဝိုက်နယ်ဒမ်ဟာ နယ်သာလန်အသင်းမှာတော့ လီဗာပူးမှာထက် တိုက်စစ်ကို ပိုလိုက်ရပြီး ပိုမိုခြေစွမ်းပြနိုင်ခြင်းလည်း လုပ်နိုင်သူဖြစ်တယ်။ သူဟာ လီဗာပူးမှာတော့ ခံစစ်ကို ပိုမိုအားပြုရတဲ့ ကွင်းလယ်လူအဖြစ် ကစားရပြီး နယ်သာလန်မှာတော့ တိုက်စစ်ကို ပိုမိုလိုပါရကာ အဆုံးသတ်ပိုင်း ဧရိယာတွေမှာ တိုက်စစ်သမားတွေနဲ့ တွဲကစားရသူဖြစ်ပါတယ်။

ဝိုက်နယ်ဒမ် နယ်သာလန်အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းရဲ့ အဓိက အကြောင်းတစ်ရပ်က သူ့ရဲ့အခင်ဆုံး ဘော်ဒါကြီးဖြစ်တဲ့ လိုင်ယွန်တိုက်စစ်သမား ဒီပေးနဲ့ အတွဲညီမှုကြောင်းကလည်း အကြောင်းရင်းတစ်ချက်ဖြစ်တယ်။ ဒီပေးဟာ ဒီနွေတုန်းက လီဗာပူးကို ပြောင်းရွှေ့မယ့် သတင်းတွေ ထွက်ပေါ်ပေမယ့်လည်း တရားဝင် အပြောင်းအရွှေ့ကိစ္စတွေ ထွက်မလာခဲ့ပါဘူး။

အသက် ၂၅ နှစ်အရွယ်ပဲ ရှိသေးတဲ့ ဒီပေးဟာ တိုက်စစ်ပိုင်းမှာ နေရာစုံကစားနိုင်ပြီး နယ်သာလန်တိုက်စစ်ကို ဦးဆောင်သူဖြစ်တယ်။ သူဟာ လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်နဲ့ အတော်လေး အတွဲမိသူဖြစ်ပြီး လက်ရွေးစင်အသင်းမှာ သူတို့နှစ်ဦး နားလည်မှုရှိရှိ ချိတ်ဆက်ကစားမှုကို မကြာခဏ မြင်နေရတာဖြစ်တယ်။

၂၀၁၅ ခုနှစ်က ပီအက်ဗီကနေ မန်ယူအသင်းထံ ပြောင်းကစားခဲ့ပေမယ့် ၂၀၁၇ မှာတော့ ပြင်သစ်ကလပ် လိုင်ယွန်အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့သူဖြစ်တယ်။ နယ်သာလန်ပွဲတွေမှာ ဝိုက်နယ်ဒမ်နဲ့ ဒီပေးတို့ အတွဲညီလွန်းနေတာကြောင့် အတော်များများသော ပရိသတ်တွေက ဒီပေးကို တိုက်စစ်အတွက် ဈေးသက်သက်သာသာနဲ့ ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိနေတာဖြစ်တယ်။

ဒီပေးနဲ့ ပက်သက်ပြီး အချို့ပရိသတ်တွေကတော့ မန်ယူအသင်းသားဟောင်းဖြစ်လို မခေါ်ယူလိုကြပေမယ့် သူ့ရဲ့ ခြေစွမ်းဟာ ယာဂင်ကလော့ပ်ရဲ့ ကစားကွက်နဲ့ အံ့ဝင်နိုင်ပြီး တိုက်စစ်ပိုင်း သုံးနေရာလုံးမှာ ကစားနိုင်တာကြောင့် ခေါ်ယူ အားဖြည့်ခဲ့မယ်ဆိုရင် လီဗာပူးတိုက်စစ်က အတော်လေး ထိန်းချုပ်ရခက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။