Sexy ကျကျ အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ ဓာတ်ပုံမော်ဒယ် နွယ်နွယ်ထွန်း ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ သူမက ခုနောက်ပိုင်းမှာ ကြော်ငြာများလည်း လက်ခံရိုက်ကူးနေပြီး သရုပ်ဆောင်လုပ်ဖို့တော့ အစီအစဉ်မရှိသေးဘူး လို့သိရပါတယ်။

ဒီတစ်ခါမှာတော့ Photo Model နွယ်နွယ်ထွန်း ရဲ့ မွေးနေ့ ပုံရိပ်ကလေးတွေနဲ့ သူမ surprise လုပ်ခံရတဲ့ လက်ဆောင် လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မော်ဒယ်နွယ်နွယ်ထွန်းက သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဆွဲဆောင်မှု ရှိတဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြလေ့ရှိသူပါ။ ဒီနေ့လေး ကတော့ နွယ်နွယ်ထွန်း ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ NAC HIV AIDS CARE(NLD AIDS CENTER) အမှတ် ( စိုက်ပျိုးရေးခြံ ) ဟိုင်ဆင်ဒူးဝါးလမ်း. ၁၁ ရပ်ကွက်. အရှေ့ ဒဂုံမြို့ နယ်.မှာ သွားရောက်လှူဒါန်းခဲ့တာပါ။

နွယ်နွယ်ထွန်းက ” ည 12 အတိမှာ ရစ်ကို ရင်ခုန်အောင် ဘယ်သူများလုပ်သွားတာလဲ ??🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹” ဆိုပြီးပြောထားပါသေးတယ်။

သူမရဲ့ မွေးနေ့ည ၁၂ နာရီမှာ သူမကို နှင်းဆီပန်းတွေအများကြီးနဲ့ မွေးနေ့လက်ဆောင် Surprise လုပ်ခြင်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေထဲကကော ဘယ်သူများ Surprise သွားလုပ်ထားတာလဲ.. ၀န်ခံလိုက်ပါဦးနော်။