အဂၤလန္တိုက္စစ္မွဴးေဟာင္း စတန္ကိုလီမိုးက မန္ယူတိုက္စစ္သမား ရပ္ဖိုဒ့္အား ကစားသမားဘဝ အဆံုးအျဖတ္ျဖစ္ႏိုင္တ့ ေရြးခ်ယ္မႈနဲ႔ ပက္သက္ျပီး အေရးပါတဲ့ သတိေပးမႈတစ္ခုကို ျပဳလုပ္လိုက္ျပီျဖစ္ပါတယ္။

ကိုလီမိုးကေတာ့ ရပ္ဖိုဒ့္အေနနဲ႔ လက္ေရြးစင္နဲ႔ ကလပ္အသင္းေတြမွာ မွန္ကန္တဲ့ ေရြးခ်ယ္မႈကို ျပဳလုပ္ဖို႔လိုျပီး ကိုယ္ဘာသာ ေမာ္ဒန္ ဝဲလ္ေကာ့အျဖစ္ခံမလား၊ အေကာင္းဆံုး အေထာင္တုိက္စစ္မွဴးလုပ္မလား ေဝဖန္ပိုင္းျခားသင့္ေနပါျပီလို႔ ေျပာဆိုလိုက္တာျဖစ္တယ္။

အေထာင္တိုက္စစ္မွာ ကစားလိုတယ္လို႔ ဝန္ခံခဲ့ျပီး မႏွစ္တုန္းက အဆံုးသတ္ပိုင္းအတြက္ လူကာကူထံက သင္ယူမႈကိုေတာင္ လုပ္ခဲ့ေသးတဲ့ ရပ္ဖိုဒ့္ဟာ အခုခ်ိန္ထိ အေထာင္တိုက္စစ္သမားလား၊ ေတာင္ပံတိုက္စစ္သမားလား ေဝခြဲမရျဖစ္ေနဆဲျဖစ္တယ္။ သူ႔ရဲ႕ကစားဟန္အရ ေတာင္ပံသမာူတစ္ဦးအျဖစ္ ပိုမိုကစားေနတာျဖစ္ပါတယ္။

ကိုလီမိုးကေတာ့ ပြဲထြက္ကစားခြင့္ရဖို႔ ဘယ္ေနရာက ပါဝင္ရပါေစ ကစားေနတဲ့ အေနအထားကို ေမးခြန္းထုတ္ခဲ့ျပီး နံပါတ္ ၉ ေနရာက မစားရရင္ အရန္ခံုက ထိုင္ရရင္ ထိုင္ရပါေစဆိုတဲ့ ေရြးခ်ယ္မႈကို လုပ္ေစလိုေနပါတယ္။ အဂၤလန္မွာ ဟယ္ရီကိန္းေနာက္မွာပဲ ရွိေနတဲ့ ရပ္ဖိုဒ့္ဟာ မန္ေနဂ်ာက ေတာင္ပံေနရာေတြမွာ ထားကစားရင္လည္း လက္ခံေနသူျဖစ္တယ္။

မန္ယူမွာ ရပ္ဖိုဒ့္ဟာ မာရွယ္နဲ႔အတူ တိုက္စစ္ကို ဦးေဆာင္ေပမယ့္ ေတာင္ပံကို မၾကာခဏ ထြက္ကစားေနမႈလည္း ရွိေနပါတယ္။ ကိုလီမိုးကေတာ့ တိုက္စစ္သမားစစ္စစ္ဟာ ကိုယ္ရဲ႕ေနရာက ဘယ္ေနရာဆိုတာ စိတ္ပိုင္းျဖတ္ႏိုင္ရပါမယ္ မဟုတ္ရင္ေတာ့ အာဆင္နယ္တိုက္စစ္သမားေဟာင္းလို ကစားတဲ့ေနရာ ေပ်ာက္သါားလိမ့္မယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

UNICODE

အင်္ဂလန်တိုက်စစ်မှူးဟောင်း စတန်ကိုလီမိုးက မန်ယူတိုက်စစ်သမား ရပ်ဖိုဒ့်အား ကစားသမားဘဝ အဆုံးအဖြတ်ဖြစ်နိုင်တ့ ရွေးချယ်မှုနဲ့ ပက်သက်ပြီး အရေးပါတဲ့ သတိပေးမှုတစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

ကိုလီမိုးကတော့ ရပ်ဖိုဒ့်အနေနဲ့ လက်ရွေးစင်နဲ့ ကလပ်အသင်းတွေမှာ မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ဖို့လိုပြီး ကိုယ်ဘာသာ မော်ဒန် ဝဲလ်ကော့အဖြစ်ခံမလား၊ အကောင်းဆုံး အထောင်တိုက်စစ်မှူးလုပ်မလား ဝေဖန်ပိုင်းခြားသင့်နေပါပြီလို့ ပြောဆိုလိုက်တာဖြစ်တယ်။

အထောင်တိုက်စစ်မှာ ကစားလိုတယ်လို့ ဝန်ခံခဲ့ပြီး မနှစ်တုန်းက အဆုံးသတ်ပိုင်းအတွက် လူကာကူထံက သင်ယူမှုကိုတောင် လုပ်ခဲ့သေးတဲ့ ရပ်ဖိုဒ့်ဟာ အခုချိန်ထိ အထောင်တိုက်စစ်သမားလား၊ တောင်ပံတိုက်စစ်သမားလား ဝေခွဲမရဖြစ်နေဆဲဖြစ်တယ်။ သူ့ရဲ့ကစားဟန်အရ တောင်ပံသမာူတစ်ဦးအဖြစ် ပိုမိုကစားနေတာဖြစ်ပါတယ်။

ကိုလီမိုးကတော့ ပွဲထွက်ကစားခွင့်ရဖို့ ဘယ်နေရာက ပါဝင်ရပါစေ ကစားနေတဲ့ အနေအထားကို မေးခွန်းထုတ်ခဲ့ပြီး နံပါတ် ၉ နေရာက မစားရရင် အရန်ခုံက ထိုင်ရရင် ထိုင်ရပါစေဆိုတဲ့ ရွေးချယ်မှုကို လုပ်စေလိုနေပါတယ်။ အင်္ဂလန်မှာ ဟယ်ရီကိန်းနောက်မှာပဲ ရှိနေတဲ့ ရပ်ဖိုဒ့်ဟာ မန်နေဂျာက တောင်ပံနေရာတွေမှာ ထားကစားရင်လည်း လက်ခံနေသူဖြစ်တယ်။

မန်ယူမှာ ရပ်ဖိုဒ့်ဟာ မာရှယ်နဲ့အတူ တိုက်စစ်ကို ဦးဆောင်ပေမယ့် တောင်ပံကို မကြာခဏ ထွက်ကစားနေမှုလည်း ရှိနေပါတယ်။ ကိုလီမိုးကတော့ တိုက်စစ်သမားစစ်စစ်ဟာ ကိုယ်ရဲ့နေရာက ဘယ်နေရာဆိုတာ စိတ်ပိုင်းဖြတ်နိုင်ရပါမယ် မဟုတ်ရင်တော့ အာဆင်နယ်တိုက်စစ်သမားဟောင်းလို ကစားတဲ့နေရာ ပျောက်သါားလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။