ဒီအပတ္အကုန္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ဝုဗ္နဲ႔ပြဲကို လြဲေခ်ာ္ႏုိင္တဲ့ ခ်ယ္ဆီးအသင္းသားေတြဟာ ၈ ဦးထိ ရွိလာေနျပီလို႔ သိရပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ ခ်ယ္ဆီးကို ကိုယ္တြယ္ေနစဥ္မွာ ၾကီးမားတဲ့ စိန္ေခၚမႈေတြကို ရာသီစမွာတည္းက ပိုင္ဆိုင္ေနတာျဖစ္ျပီး ပရီးမီးယားလိဂ္ပြဲ ၄ ပြဲ ကစားျပီးခ်ိန္မွာ ၅ မွတ္ပဲ ရထားေသးတာျဖစ္လို႔ ဝုဗ္နဲ႔ပြဲမွာ အႏုိင္ရဖို႔ အေရးၾကီးလာေနတာပါ။

ကာလရွည္ ဒဏ္ရာရေနတဲ့ အိုဒိြဳင္း၊ ေလာ့တပ္ခ်ိစ္တို႔ ျပန္သက္သာလာဖို႔ အခ်ိန္ယူရဦးမွာျဖစ္ျပီး ရူဒီဂါနဲ႔ ကန္တီတို႔ကို အရဲစြန္႔ျပီး ထုတ္မသံုးေသးဘူးလို႔ သတင္းထြက္ေနပါတယ္။ ျပင္ထန္ျခင္းမရွိဘူးလို႔ အီမာဆန္ ထုတ္ေျပာေပပမယ့္ လက္ေရြးစင္ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဘယ္အစြန္လူကိုလည္း သီတင္းပတ္တစ္ခု အနားေပးဖြယ္ရွိတယ္။

ညာအစြန္လူ ရိစ္ဂ်ိမ္း ျပန္သက္သာလာေပမယ့္ ေျခက်င္းဝတ္ ခြဲစိတ္ခံရမႈကေန ရာႏႈန္းျပည့္ ျပန္သက္သာဖို႔ အခ်ိန္နည္းနည္း ထပ္ေပးရဦးမွာျဖစ္တယ္။ ကြင္းလယ္လူ ကိုဗာဆစ္နဲ႔ ေတာင္ပံသမား ပက္ဒရိုတို႔ကလည္ူ ေျခေထာက္နဲ႔ တံေကာက္ေၾကာဒဏ္ရာေတြ ရေနတယ္လို႔ သိရပါတယ္။

မန္ေနဂ်ာလမ္းပတ္ဟာ အရန္ကစားသမားေတြထဲက သူသံုးလို႔ ရႏိုင္မယ့္ ကစားသမားေတြကို ေလ့က်င့္ေရးမွာ ရွာေဖြေနတယ္လို႔ သတင္းထြက္ေနျပီး ဒဏ္ရာရ ကစားသမားေတြ စုျပံဳေနျခင္းမွာ လီဗာပူးပြဲတုန္းက ကန္တီကို အရဲစြန္႔ခဲ့သလို အျပဳအမႈ ထပ္လုပ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

UNICODE

ဒီအပတ်အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် ဝုဗ်နဲ့ပွဲကို လွဲချော်နိုင်တဲ့ ချယ်ဆီးအသင်းသားတွေဟာ ၈ ဦးထိ ရှိလာနေပြီလို့ သိရပါတယ်။

မန်နေဂျာလမ်းပတ်ဟာ ချယ်ဆီးကို ကိုယ်တွယ်နေစဉ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရာသီစမှာတည်းက ပိုင်ဆိုင်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ ၄ ပွဲ ကစားပြီးချိန်မှာ ၅ မှတ်ပဲ ရထားသေးတာဖြစ်လို့ ဝုဗ်နဲ့ပွဲမှာ အနိုင်ရဖို့ အရေးကြီးလာနေတာပါ။

ကာလရှည် ဒဏ်ရာရနေတဲ့ အိုဒွိုင်း၊ လော့တပ်ချိစ်တို့ ပြန်သက်သာလာဖို့ အချိန်ယူရဦးမှာဖြစ်ပြီး ရူဒီဂါနဲ့ ကန်တီတို့ကို အရဲစွန့်ပြီး ထုတ်မသုံးသေးဘူးလို့ သတင်းထွက်နေပါတယ်။ ပြင်ထန်ခြင်းမရှိဘူးလို့ အီမာဆန် ထုတ်ပြောပေပမယ့် လက်ရွေးစင်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘယ်အစွန်လူကိုလည်း သီတင်းပတ်တစ်ခု အနားပေးဖွယ်ရှိတယ်။

ညာအစွန်လူ ရိစ်ဂျိမ်း ပြန်သက်သာလာပေမယ့် ခြေကျင်းဝတ် ခွဲစိတ်ခံရမှုကနေ ရာနှုန်းပြည့် ပြန်သက်သာဖို့ အချိန်နည်းနည်း ထပ်ပေးရဦးမှာဖြစ်တယ်။ ကွင်းလယ်လူ ကိုဗာဆစ်နဲ့ တောင်ပံသမား ပက်ဒရိုတို့ကလည်ူ ခြေထောက်နဲ့ တံကောက်ကြောဒဏ်ရာတွေ ရနေတယ်လို့ သိရပါတယ်။

မန်နေဂျာလမ်းပတ်ဟာ အရန်ကစားသမားတွေထဲက သူသုံးလို့ ရနိုင်မယ့် ကစားသမားတွေကို လေ့ကျင့်ရေးမှာ ရှာဖွေနေတယ်လို့ သတင်းထွက်နေပြီး ဒဏ်ရာရ ကစားသမားတွေ စုပြုံနေခြင်းမှာ လီဗာပူးပွဲတုန်းက ကန်တီကို အရဲစွန့်ခဲ့သလို အပြုအမှု ထပ်လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။