၂၀၁၈ ခုႏွစ္ ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးကို ေပါင္ ၅၃ သန္းနဲ႔ ေျပာင္းေရႊ႔ဖို႔ ျဖစ္ခဲ့ျပီးမွ ပ်က္ျပယ္ခဲ့ျပီး ဒီေႏြမွာ ဘက္တစ္ကို ေပါင္ ၂၂ သန္းနဲ႔ ေျပာင္းသြားခဲ့တဲ့ ဖယ္ကီရာကေတာ့ ေနာက္ကြယ္က အေၾကာင္းရင္းတစ္ခုကို ထုတ္ေျပာလာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကမၻာဖလားျပိဳင္ပြဲ မတိုင္ခင္ ဖယ္ကီရာကို ျပင္သစ္အသင္း အေျခစိုက္စင္တာမွာ ေဆးစစ္ခဲ့တာျဖစ္ျပီး ဒူးဒဏ္ရာေၾကာင့္ ကစားသမားကို ေခၚယူခဲ့ျခင္းမရွိတာပါ။ လီဗာပူးနဲ႔ ဖယ္ကီရာတို႔ဟာ တရားဝင္ ေၾကညာမႈအတြက္ေတာင္ ဗီဒီယိုေတြ ရိုက္ကူးထားခဲ့ေသးတာ ျဖစ္ပါတယ္။

ဖယ္ကီရာကေတာ့ သူ႔ရဲ႕ဒူးဒဏ္ရာကို အေၾကာင္းျပျခင္းက မမွန္ကန္ဘူးလို႔ ျငင္းဆိုပါတယ္။ သူ႔ဒူးဒဏ္ရာ မေကာင္းေနခဲ့ရင္ လိုင္ယြန္ဥကၠက ေစ်းအမ်ားၾကီး တင္စရာ ဘာအေၾကာင္းမွမရွိေၾကာင္းနဲ႔ အေၾကာင္းရင္းကို ေသခ်ာမသိရပဲ အေျပာင္းအေရႊ႔ပ်က္ခဲ့ျခင္းေၾကာင့္ သူနဲ႔ သူ႔မိသားစုဝင္ေတြ ခံစားခဲ့ရတယ္လို႔ ထုတ္ေျပာခဲ့တယ္။

ဖယ္ကီရာက သူဟာ လီဗာပူးအသင္းနဲ႔ ေဆးစစ္ျပီးခဲ့တယ္လို႔ ဝန္ခံခဲ့ျပီး အဲ့သည္ေနာက္ပိုင္းမွ လီဗာပူးဘက္က ေနာက္ဆုတ္သြားခ့ဲတာလို႔ ဆိုပါတယ္။ လီဗာပူးဘက္က အေျပာင္းအေရႊ႔ ပ်က္ျပယ္ရျခင္း အေၾကာင္းျပခ်က္ကိုေတာ့ ဒူးဒဏ္ရာလို႔ ေပးခဲ့တာျဖစ္ေၾကာင္း ဖယ္ကီရာက ေျပာျပခဲ့တာျဖစ္တယ္။

လိုင္ယြန္ဘက္က ေစ်းမတရားတင္ခဲ့ျခင္းကိုလည္း စိတ္ပ်က္ခဲ့တဲ့ ဖယ္ကီရာဟာ ကလပ္အသင္းနဲ႔ သက္တမ္းမတိုးေတာ့ပဲ ဒီေႏြမွာေတာ့ လာလီဂါကလပ္ကို အေတာ္ေလး နည္းပါးတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ခဲ့ခ်ိန္မွာလည္း လီဗာပူးဘက္က ဝင္ကမ္းလွမ္းလာျခင္း မရွိေတာ့တာ ျဖစ္ပါတယ္။

Unicode

၂၀၁၈ ခုနှစ် နွေအပြောင်းအရွှေ့မှာ လီဗာပူးကို ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ ဖြစ်ခဲ့ပြီးမှ ပျက်ပြယ်ခဲ့ပြီး ဒီနွေမှာ ဘက်တစ်ကို ပေါင် ၂၂ သန်းနဲ့ ပြောင်းသွားခဲ့တဲ့ ဖယ်ကီရာကတော့ နောက်ကွယ်က အကြောင်းရင်းတစ်ခုကို ထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကမ္ဘာဖလားပြိုင်ပွဲ မတိုင်ခင် ဖယ်ကီရာကို ပြင်သစ်အသင်း အခြေစိုက်စင်တာမှာ ဆေးစစ်ခဲ့တာဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ကစားသမားကို ခေါ်ယူခဲ့ခြင်းမရှိတာပါ။ လီဗာပူးနဲ့ ဖယ်ကီရာတို့ဟာ တရားဝင် ကြေညာမှုအတွက်တောင် ဗီဒီယိုတွေ ရိုက်ကူးထားခဲ့သေးတာ ဖြစ်ပါတယ်။

ဖယ်ကီရာကတော့ သူ့ရဲ့ဒူးဒဏ်ရာကို အကြောင်းပြခြင်းက မမှန်ကန်ဘူးလို့ ငြင်းဆိုပါတယ်။ သူ့ဒူးဒဏ်ရာ မကောင်းနေခဲ့ရင် လိုင်ယွန်ဥက္ကက ဈေးအများကြီး တင်စရာ ဘာအကြောင်းမှမရှိကြောင်းနဲ့ အကြောင်းရင်းကို သေချာမသိရပဲ အပြောင်းအရွှေ့ပျက်ခဲ့ခြင်းကြောင့် သူနဲ့ သူ့မိသားစုဝင်တွေ ခံစားခဲ့ရတယ်လို့ ထုတ်ပြောခဲ့တယ်။

ဖယ်ကီရာက သူဟာ လီဗာပူးအသင်းနဲ့ ဆေးစစ်ပြီးခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အဲ့သည်နောက်ပိုင်းမှ လီဗာပူးဘက်က နောက်ဆုတ်သွားခဲ့တာလို့ ဆိုပါတယ်။ လီဗာပူးဘက်က အပြောင်းအရွှေ့ ပျက်ပြယ်ရခြင်း အကြောင်းပြချက်ကိုတော့ ဒူးဒဏ်ရာလို့ ပေးခဲ့တာဖြစ်ကြောင်း ဖယ်ကီရာက ပြောပြခဲ့တာဖြစ်တယ်။

လိုင်ယွန်ဘက်က ဈေးမတရားတင်ခဲ့ခြင်းကိုလည်း စိတ်ပျက်ခဲ့တဲ့ ဖယ်ကီရာဟာ ကလပ်အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ ဒီနွေမှာတော့ လာလီဂါကလပ်ကို အတော်လေး နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ခဲ့ချိန်မှာလည်း လီဗာပူးဘက်က ဝင်ကမ်းလှမ်းလာခြင်း မရှိတော့တာ ဖြစ်ပါတယ်။