မန္ယူဟာ ဒီအပတ္အကုန္မွာ ယွဥ္ျပိဳင္ရမယ့္ လက္စတာနဲ႔ပြဲအတြက္ စီနီယာအသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈျပသနာေတြ ရင္ဆုိင္ရဖြယ္ရွိျပီး အသင္းသား ၅ ဦးဟာ ၾကံ႕ခိုင္မႈ မျပည့္ဝတဲ့ ျပသနာနဲ႔ ရင္ဆိုင္ေနရပါတယ္။

ဘူေဂးရီးယား၊ ကိုဆိုဗိုအသင္းတို႔နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲေတြမွာ အဂၤလန္လက္ေရြးစင္ေတြျဖစ္တဲ့့ လုေရွာ၊ ဘစ္ဆာကာ၊ လင္ဂတ္တို႔ ပါဝင္ကစားႏုိင္ျခင္း မရွိသလို ကြင္းလယ္လူ ေပါ့ဘာနဲ႔ တိုက္စစ္သမား မာရွယ္တို႔ကလည္း ဒဏ္ရာျပသနာေတြေၾကာင့္ လက္ေရြးစင္လူစာရင္းေတြမွာ ပါဝင္ခဲ့ျခင္း မရွိပါဘူး။

ကစားသမား ငါးဦးလံုးဟာ လက္စတာနဲ႔ပြဲအမွီ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာဖြယ္ ရွိမရွိကို မန္ေနဂ်ာ ဆိုးရွားရဲ႕ ထုတ္ေျပာမႈအား ေစာင့္ၾကည့္ရဦးမွာျဖစ္ေပမယ့္ လုေရွာနဲ႔ မာရွယ္တို႔က ထိခိုက္မႈကေန ျပန္ေကာင္းလာဖို႔ အခ်ိန္ယူရဖြယ္ရွိျပီး ေပါ့ဘာကေတာ့ ေျခက်င္းဝတ္ ဒဏ္ရာရေနတာ ျဖစ္ပါတယယ္။

လင္ဂတ္က အဖ်ားေရာဂါေၾကာင့္ လက္ေရြးစင္ပြဲကို မပါႏုိင္တာျဖစ္ျပီး ဘစ္ဆာကာက ေနာက္ေၾကာ ဒဏ္ရာရေနျခင္းေၾကာင့္ လက္ေရြးစင္ကေန ႏုတ္ထြက္ခဲ့ရတာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွားအေနနဲ႔ ဘယ္အစြန္ေနရာမွာ လုေရွာကို အသံုးျပဳေနျပီး က်န္ကစားသမားေတြ အခ်ိန္မွီ သက္သာလာျခင္းမရွိပါက အစားထိုးမယ့္ ကစားသမားေတြ ရွာေဖြရမွာျဖစ္ကာ ဖရတ္၊ ဂရင္းဝုဒ္နဲ႔ ဒဏ္ရာက ျပန္သက္သာလာေနတဲ့ ဒါေလာ့တို႔ ေနရာရလာဖြယ္ ရွိေနပပါတယ္။

UNICODE

မန်ယူဟာ ဒီအပတ်အကုန်မှာ ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲအတွက် စီနီယာအသင်းသားတွေရဲ့ ကြံ့ခိုင်မှုပြသနာတွေ ရင်ဆိုင်ရဖွယ်ရှိပြီး အသင်းသား ၅ ဦးဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပြသနာနဲ့ ရင်ဆိုင်နေရပါတယ်။

ဘူဂေးရီးယား၊ ကိုဆိုဗိုအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲတွေမှာ အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့ လုရှော၊ ဘစ်ဆာကာ၊ လင်ဂတ်တို့ ပါဝင်ကစားနိုင်ခြင်း မရှိသလို ကွင်းလယ်လူ ပေါ့ဘာနဲ့ တိုက်စစ်သမား မာရှယ်တို့ကလည်း ဒဏ်ရာပြသနာတွေကြောင့် လက်ရွေးစင်လူစာရင်းတွေမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ကစားသမား ငါးဦးလုံးဟာ လက်စတာနဲ့ပွဲအမှီ ကြံ့ခိုင်မှု ပြန်ကောင်းလာဖွယ် ရှိမရှိကို မန်နေဂျာ ဆိုးရှားရဲ့ ထုတ်ပြောမှုအား စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် လုရှောနဲ့ မာရှယ်တို့က ထိခိုက်မှုကနေ ပြန်ကောင်းလာဖို့ အချိန်ယူရဖွယ်ရှိပြီး ပေါ့ဘာကတော့ ခြေကျင်းဝတ် ဒဏ်ရာရနေတာ ဖြစ်ပါတယယ်။

လင်ဂတ်က အဖျားရောဂါကြောင့် လက်ရွေးစင်ပွဲကို မပါနိုင်တာဖြစ်ပြီး ဘစ်ဆာကာက နောက်ကြော ဒဏ်ရာရနေခြင်းကြောင့် လက်ရွေးစင်ကနေ နုတ်ထွက်ခဲ့ရတာဖြစ်တယ်။

မန်နေဂျာဆိုးရှားအနေနဲ့ ဘယ်အစွန်နေရာမှာ လုရှောကို အသုံးပြုနေပြီး ကျန်ကစားသမားတွေ အချိန်မှီ သက်သာလာခြင်းမရှိပါက အစားထိုးမယ့် ကစားသမားတွေ ရှာဖွေရမှာဖြစ်ကာ ဖရတ်၊ ဂရင်းဝုဒ်နဲ့ ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ဒါလော့တို့ နေရာရလာဖွယ် ရှိနေပပါတယ်။