ႏုိင္ငံတကာ သီတင္းပတ္မတိုင္ခင္ ရွက္ဖီးနဲ႔ပြဲမွာ ခ်ယ္ဆီးအတြက္ ပြဲထြက္ကစားေပးႏုိင္ခဲ့တဲ့ လူငယ္ခံစစ္မွဴး တိုမိုရီကို ဆက္လက္ျပီး ေနရာေပးဖို႔ ခ်ယ္ဆီးပရိသတ္ေတြက ေတာင္းဆိုေနၾကပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ ကစားသမားဟာ မႏွစ္တုန္းက ဒါဘီအသင္းမွာ အငွားထြက္ကစားေနခဲ့သူပါ။ အသက္ ၇ ႏွစ္အရြယ္ကတည္းက ခ်ယ္ဆီးအသင္းနဲ႔ ပူးေပါင္းခဲ့ျပီး သက္တမ္းအလိုက္ အဆင့့္ေတြမွာ ပါဝင္ခဲ့တဲ့ လူငယ္ေလးကို ကလပ္အသင္း ပရိသတ္ေတြကေတာ့ တယ္ရီလက္သစ္အျဖစ္ တင္စားမႈေတြလည္း ရွိေနခဲ့တာျဖစ္တယ္။

ရွက္ဖီးနဲ႔ပြဲမွာ ျဖတ္ထုတ္မႈ သံုးၾကိမ္ ျပဳလုပ္ႏိုင္ခဲ့သလို ေဘာလံုးေပးမႈ ၉၅% ထိ ေအာင္ျမင္ခဲ့တဲ့ တိုမိုရီဟာ ကြင္းထဲက အျခားေသာ အသင္းေဖာ္ေတြထက္ ပိုမို တိက်ခဲ့တာျဖစ္တယ္။ ကေနဒါဖြား ကစားသမားဟာ ဖရန္႔လမ္းပတ္ရဲ႕ လက္ေအာက္မွာ အေတာ္ေလး ေတာက္ပလာမယ္လို႔ ယူဆခံထားရသူျဖစ္တယ္။

ခံစစ္မွဴး ရူဒီဂါရဲ႕ တြဲဘက္အျဖစ္ ခ်ယ္ဆီးပရိသတ္ေတြ အျမင္ခ်င္ဆံုး ကစားသမားက တိုမိုရီျဖစ္တယ္ဆိုတဲ့ စစ္တမ္းေတြလည္း ထြက္ေပၚထားျပီး ဇူးမားနဲ႔ ခရစ္စတန္ဆန္ထက္ ပိုမို လူၾကိဳက္မ်ားေနတာျဖစ္တယ္။ ဒါေပမယ့္ ေလာေလာဆယ္မွာေတာ့ ဇူးမား (သို႔) ခရစ္စတန္ဆန္နဲ႔ တြဲဘက္ရဖို႔ မ်ားေနပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီမွာ ကစားပံုေကာင္းေပမယ့္ ခံစစ္ပိုင္းလိုအပ္ခ်က္ေတြ မ်ားျပားေနတာေၾကာင့္ ေပးဂိုးေတြ ဆက္တိုက္ ျပန္ေပးေနရတာပါ။ ခံစစ္ဟာ မန္ေနဂ်ာလမ္းပတ္ အဓိက ေျဖရွင္းရမယ့္ ေနရာျဖစ္ႏုိင္ျပီး ရူဒီဂါ၊ တိုမိုရီအတြဲက အေကာင္းဆံုး ေျဖရွင္းမႈ ျဖစ္လာႏုိင္မယ္ ေမွ်ာ္လင့္ထားရတာပဲ ျဖစ္ပါတယ္။

UNICODE

နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် ရှက်ဖီးနဲ့ပွဲမှာ ချယ်ဆီးအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့တဲ့ လူငယ်ခံစစ်မှူး တိုမိုရီကို ဆက်လက်ပြီး နေရာပေးဖို့ ချယ်ဆီးပရိသတ်တွေက တောင်းဆိုနေကြပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ မနှစ်တုန်းက ဒါဘီအသင်းမှာ အငှားထွက်ကစားနေခဲ့သူပါ။ အသက် ၇ နှစ်အရွယ်ကတည်းက ချယ်ဆီးအသင်းနဲ့ ပူးပေါင်းခဲ့ပြီး သက်တမ်းအလိုက် အဆင့်တွေမှာ ပါဝင်ခဲ့တဲ့ လူငယ်လေးကို ကလပ်အသင်း ပရိသတ်တွေကတော့ တယ်ရီလက်သစ်အဖြစ် တင်စားမှုတွေလည်း ရှိနေခဲ့တာဖြစ်တယ်။

ရှက်ဖီးနဲ့ပွဲမှာ ဖြတ်ထုတ်မှု သုံးကြိမ် ပြုလုပ်နိုင်ခဲ့သလို ဘောလုံးပေးမှု ၉၅% ထိ အောင်မြင်ခဲ့တဲ့ တိုမိုရီဟာ ကွင်းထဲက အခြားသော အသင်းဖော်တွေထက် ပိုမို တိကျခဲ့တာဖြစ်တယ်။ ကနေဒါဖွား ကစားသမားဟာ ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ အတော်လေး တောက်ပလာမယ်လို့ ယူဆခံထားရသူဖြစ်တယ်။

ခံစစ်မှူး ရူဒီဂါရဲ့ တွဲဘက်အဖြစ် ချယ်ဆီးပရိသတ်တွေ အမြင်ချင်ဆုံး ကစားသမားက တိုမိုရီဖြစ်တယ်ဆိုတဲ့ စစ်တမ်းတွေလည်း ထွက်ပေါ်ထားပြီး ဇူးမားနဲ့ ခရစ်စတန်ဆန်ထက် ပိုမို လူကြိုက်များနေတာဖြစ်တယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ဇူးမား (သို့) ခရစ်စတန်ဆန်နဲ့ တွဲဘက်ရဖို့ များနေပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ ကစားပုံကောင်းပေမယ့် ခံစစ်ပိုင်းလိုအပ်ချက်တွေ များပြားနေတာကြောင့် ပေးဂိုးတွေ ဆက်တိုက် ပြန်ပေးနေရတာပါ။ ခံစစ်ဟာ မန်နေဂျာလမ်းပတ် အဓိက ဖြေရှင်းရမယ့် နေရာဖြစ်နိုင်ပြီး ရူဒီဂါ၊ တိုမိုရီအတွဲက အကောင်းဆုံး ဖြေရှင်းမှု ဖြစ်လာနိုင်မယ် မျှော်လင့်ထားရတာပဲ ဖြစ်ပါတယ်။