အဂၤလန္အေနာက္ေျမာက္ ဒါဘီႏွစ္သင္းျဖစ္တဲ့ လီဗာပူးနဲ႔ မန္ယူတို႔ဟာ မၾကာခင္ အေျပာင္းအေရႊ႔ေတြမွာ ထိပ္တိုက္ေတြ႔ႏုိင္ေလာက္တဲ့ ပစ္မွတ္တစ္ခုက ေပၚေပါက္ေနျပီလို႔ အဂၤလန္ အားကစားသံုးသပ္သူ ေဂ်ဆန္ကန္ဒီက ထုတ္ေျပာလာပါတယ္။

ကလပ္ႏွစ္သင္းဟာ အားျဖည့္ဖို႔ လိုအပ္ေနတဲ့ ကြင္းလယ္ေနရာေတြမွာ ဒီႏွစ္ေတြအတြင္း ေတာက္ပလာေနတဲ့ လက္စတာမွ မတ္ဒီဆန္ကို ေစာင့္ၾကည့္မႈေတြ ရွိထားခဲ့ၾကတာပါ။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားဟာ မႏွစ္က ပရီးမီးယားလိဂ္ကို ေျပာင္းလာျပီးေနာက္ပိုင္း အထူးေျခစြမ္း တိုးတက္လာခဲ့သူျဖစ္တယ္။

မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ လက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္ ရထားခဲ့တဲ့ မတ္ဒီဆန္ဟာ မန္ယူနဲ႔ သတင္းၾကီးေတြ မၾကာခဏ ထြက္ထားခဲ့သလို လီဗာပူးကလည္း အေလးအနက္ ေစာင့္ၾကည့္မႈေတြ ပိုင္ဆိုင္ထားခဲ့သူလည္းျဖစ္တယ္။ သူဟာ ယူရို ၂၀၂၀ ျပိဳင္ပြဲဝင္မယ့္ အဂၤလန္အသင္းအတြက္ ေျခစစ္ပြဲေတြမွာ ပါဝင္ခြင့္ရေနသူျဖစ္တယ္။

ငယ္ရြယ္တဲ့ ကစားသမားအျဖစ္ကေန တိုးတက္တဲ့ ေနာက္ထပ္တစ္ဆင့္ကို တက္လွမ္းလာေနတဲ့ မတ္ဒီဆန္ဟာ မၾကာခင္ ႏွစ္ေတြမွာေတာ့ ေနာင္ေတာ္ၾကီးေတြ လမ္းစဥ္အတိုင္း ပိုေကာင္းတဲ့့အသင္းေတြထံ ေျပာင္းႏုိင္ဖို႔ ဖိအားေပးမႈေတြ စတင္လာမယ္ ေမွ်ာ္လင့္ရတယ္။

သူ႔ရဲ႕အသက္အရြယ္အရ လက္စတာမွာ ေနာက္ထပ္ တစ္ရာသီ ႏွစ္ရာသီေလာက္ က်င္လယ္ျပီးမွ အသင္းၾကီးေတြကို ေျပာင္းဖို႔က ပိုမိုျဖစ္ႏုိင္တယ္။ ကြင္းလယ္မွာ ဖန္တီးႏႈန္းေကာင္းမြန္တဲ့ မတ္ဒီဆန္ရဲ႕ ေျပာင္းေရႊ႔ေၾကးကေတာ့ ေပါင္ သန္း ၁၀၀ ေလာက္ ရွိသြားႏုိင္မယ္လို႔ ကန္ဒီက ခန္႔မွန္းခဲ့ပါတယ္။

UNICODE

အင်္ဂလန်အနောက်မြောက် ဒါဘီနှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ယူတို့ဟာ မကြာခင် အပြောင်းအရွှေ့တွေမှာ ထိပ်တိုက်တွေ့နိုင်လောက်တဲ့ ပစ်မှတ်တစ်ခုက ပေါ်ပေါက်နေပြီလို့ အင်္ဂလန် အားကစားသုံးသပ်သူ ဂျေဆန်ကန်ဒီက ထုတ်ပြောလာပါတယ်။

ကလပ်နှစ်သင်းဟာ အားဖြည့်ဖို့ လိုအပ်နေတဲ့ ကွင်းလယ်နေရာတွေမှာ ဒီနှစ်တွေအတွင်း တောက်ပလာနေတဲ့ လက်စတာမှ မတ်ဒီဆန်ကို စောင့်ကြည့်မှုတွေ ရှိထားခဲ့ကြတာပါ။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ မနှစ်က ပရီးမီးယားလိဂ်ကို ပြောင်းလာပြီးနောက်ပိုင်း အထူးခြေစွမ်း တိုးတက်လာခဲ့သူဖြစ်တယ်။

မန်နေဂျာဆောက်ဂိတ်ရဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ရထားခဲ့တဲ့ မတ်ဒီဆန်ဟာ မန်ယူနဲ့ သတင်းကြီးတွေ မကြာခဏ ထွက်ထားခဲ့သလို လီဗာပူးကလည်း အလေးအနက် စောင့်ကြည့်မှုတွေ ပိုင်ဆိုင်ထားခဲ့သူလည်းဖြစ်တယ်။ သူဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းအတွက် ခြေစစ်ပွဲတွေမှာ ပါဝင်ခွင့်ရနေသူဖြစ်တယ်။

ငယ်ရွယ်တဲ့ ကစားသမားအဖြစ်ကနေ တိုးတက်တဲ့ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းလာနေတဲ့ မတ်ဒီဆန်ဟာ မကြာခင် နှစ်တွေမှာတော့ နောင်တော်ကြီးတွေ လမ်းစဉ်အတိုင်း ပိုကောင်းတဲ့အသင်းတွေထံ ပြောင်းနိုင်ဖို့ ဖိအားပေးမှုတွေ စတင်လာမယ် မျှော်လင့်ရတယ်။

သူ့ရဲ့အသက်အရွယ်အရ လက်စတာမှာ နောက်ထပ် တစ်ရာသီ နှစ်ရာသီလောက် ကျင်လယ်ပြီးမှ အသင်းကြီးတွေကို ပြောင်းဖို့က ပိုမိုဖြစ်နိုင်တယ်။ ကွင်းလယ်မှာ ဖန်တီးနှုန်းကောင်းမွန်တဲ့ မတ်ဒီဆန်ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် သန်း ၁၀၀ လောက် ရှိသွားနိုင်မယ်လို့ ကန်ဒီက ခန့်မှန်းခဲ့ပါတယ်။