ႏိုင္ငံတကာသီတင္းပတ္အတြက္ ကလပ္အသင္း ကစားသမားေတြ လက္ေရြးစင္အသင္းေတြထံ ကိုယ္စားျပဳဖို႔ သြားေရာက္ေနၾကခ်ိန္မွာ ခ်ယ္ဆီးအသင္းမွ လူငယ္ေလးႏွစ္သီးဟာ အဂၤလန္ယူ-၂၁ အသင္းအတြက္ ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။

သူတို႔ကေတာ့ လူငယ္ေလး Marc Guehi နဲ႔ ဟက္ဒါဖီးအသင္းထံ အငွားထြက္ကစားေနတဲ့ Trevoh Chalobah တို႔ပဲျဖစ္တယ္။ ယူ-၂၁ အသင္း ကိုဆိုဗိုကို ၂-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ခံစစ္တန္းသံုးဦးေနရာက ပါဝင္ကစားခဲ့ၾကတယ္လို႔ သိပါတယ္။

Guehi ဟာ ခ်ယ္ဆီး ယူ-၂၃ အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ျပီး ဒီရာသီ လူငယ္ျပိဳင္ပြဲရဲ႕ ပြဲစဥ္ ေလးပြဲလံ့ုးမွာ ပါဝင္ကစားခြင့္ ရေနသူျဖစ္တယ္။ သူဟာ ၾသဂုတ္လအတြင္း ယွဥ္ျပိဳင္ခဲ့ျပီး မန္စီးတီး ယူ-၂၃ အသင္းနဲ႔ ၂-၂ သေရက်တဲ့ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ပါေသးတယ္။

ဆယ္ေက်ာ္သက္ေလးဟာ လူငယ္အသင္းမွာ ေျခစြမ္းေကာင္းျပသေနတာကို ကလပ္အသင္း ပရိသတ္ေတြက သတိထားမိလာတဲ့ေနာက္ အေျပာင္းအေရႊ႔ ပိတ္ခံရမႈဟာ မီးခဲျပာဖုံးျဖစ္ေနတဲ့ လူငယ္ေသြးသစ္ေတြအတြက္ အခြင့္အေရး ျဖစ္လာေစခဲ့တယ္လို႔ မွတ္ခ်က္ေပးၾကတယ္။ ကာရာေဘာင္းလိုပြဲမွာေတာ့ Guehi ကို ပြဲထုတ္ဖို႔ဆိုတဲ့ ေထာက္ခံမႈေတြလည္း ရရွိေနပါတယ္။

အသက္ ၂၀ အရြယ္ Chalobah ကေတာ့ မႏွစ္က အငွားထြက္ကစားခ်ိန္မွာ Ipswich Town အတြက္ ပြဲေပါင္း ၄၄ ပြဲ ကစားခဲ့သူျဖစ္တယ္။ သူကလည္း ဟက္ဒါဖီးအသင္းမွာ ပြဲထြက္ခြင့္ေတြ ရေနတာျဖစ္ျပီး လာမယ့္ႏွစ္ေတြမွာ ခ်ယ္ဆီးအသင္းမွာ ေနရာရလာမလား ေစာင့္ၾကည့္ရမယ့္ ကစားသမားပဲ ျဖစ္ပါတယ္။

UNICODE

နိုင်ငံတကာသီတင်းပတ်အတွက် ကလပ်အသင်း ကစားသမားတွေ လက်ရွေးစင်အသင်းတွေထံ ကိုယ်စားပြုဖို့ သွားရောက်နေကြချိန်မှာ ချယ်ဆီးအသင်းမှ လူငယ်လေးနှစ်သီးဟာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

သူတို့ကတော့ လူငယ်လေး Marc Guehi နဲ့ ဟက်ဒါဖီးအသင်းထံ အငှားထွက်ကစားနေတဲ့ Trevoh Chalobah တို့ပဲဖြစ်တယ်။ ယူ-၂၁ အသင်း ကိုဆိုဗိုကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ခံစစ်တန်းသုံးဦးနေရာက ပါဝင်ကစားခဲ့ကြတယ်လို့ သိပါတယ်။

Guehi ဟာ ချယ်ဆီး ယူ-၂၃ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ဒီရာသီ လူငယ်ပြိုင်ပွဲရဲ့ ပွဲစဉ် လေးပွဲလံ့ုးမှာ ပါဝင်ကစားခွင့် ရနေသူဖြစ်တယ်။ သူဟာ သြဂုတ်လအတွင်း ယှဉ်ပြိုင်ခဲ့ပြီး မန်စီးတီး ယူ-၂၃ အသင်းနဲ့ ၂-၂ သရေကျတဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။

ဆယ်ကျော်သက်လေးဟာ လူငယ်အသင်းမှာ ခြေစွမ်းကောင်းပြသနေတာကို ကလပ်အသင်း ပရိသတ်တွေက သတိထားမိလာတဲ့နောက် အပြောင်းအရွှေ့ ပိတ်ခံရမှုဟာ မီးခဲပြာဖုံးဖြစ်နေတဲ့ လူငယ်သွေးသစ်တွေအတွက် အခွင့်အရေး ဖြစ်လာစေခဲ့တယ်လို့ မှတ်ချက်ပေးကြတယ်။ ကာရာဘောင်းလိုပွဲမှာတော့ Guehi ကို ပွဲထုတ်ဖို့ဆိုတဲ့ ထောက်ခံမှုတွေလည်း ရရှိနေပါတယ်။

အသက် ၂၀ အရွယ် Chalobah ကတော့ မနှစ်က အငှားထွက်ကစားချိန်မှာ Ipswich Town အတွက် ပွဲပေါင်း ၄၄ ပွဲ ကစားခဲ့သူဖြစ်တယ်။ သူကလည်း ဟက်ဒါဖီးအသင်းမှာ ပွဲထွက်ခွင့်တွေ ရနေတာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ချယ်ဆီးအသင်းမှာ နေရာရလာမလား စောင့်ကြည့်ရမယ့် ကစားသမားပဲ ဖြစ်ပါတယ်။