လီဗာပူးအသင္းဟာ ခံစစ္ပိုင္းမွာ ေနရာရလာေပမယ့္လို႔ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္အတြက္ အေရးပါလာတာက တိုက္စစ္ပိုင္း ထူးခၽြန္ထက္ျမက္ျခင္းဆိုတဲ့ အရည္အခ်င္းပဲ ျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္သမားေတြျဖစ္တ့ မာေနးနဲ႔ ဆာလက္ဟာ ကမၻာအေကာင္းဆံုး တိုက္စစ္သမားစာရင္းေတြထဲ ပါဝင္လာသလို ဘလြန္းဒီေအာ့၊ ယူအီးအက္ဖ္ေအ၊ ဖီဖာ အစရွိတဲ့ အေကာင္းဆံုး ကစားသမားဆုေတြအတြက္ ေရပန္းစားမႈေတြထဲ ပါဝင္လာေပမယ့္လို႔ တိုက္စစ္သမား ဖာမင္ႏိုကေတာ့ ခ်န္လွန္ခံထားရဆဲပါ။

ပံုမွန္ အေထာင္တိုက္စစ္သမားေတြနဲ ကြဲထြက္ေနျပီး အသင္းတိုက္စစ္ကို ဦးေဆာင္သူ၊ ခံစစ္ကို ကူညီသူနဲ႔ ယာဂင္ကေလာ့ပ္ရဲ႕ ဖိအားေပးကစားဟန္မွာ အသက္ေသြးေၾကာလို႔ ဆိုၾကတဲ့ ဖာမင္ႏိုဟာ တစ္ဦးခ်င္း ထူးခၽြန္မႈအတြက္ ေရပန္းမစားေပးမယ့္ ပရီးမီးယားလိဂ္ ဂႏၱဝင္ၾကီးေတြရဲ႕ ေက်ာ္ၾကားတဲ့ ခ်ီးက်ဴးစကားေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

ေမာ္ရင္ညိဳ ” အူဘာမီယန္က လီဗာပူးမွာ ဘယ္ေတာင္ပံက ကစားမယ္ဆိုရင္ အာဆင္နယ္မွာထက္ ဂိုးေတြအမ်ားၾကီး ပိုသြင္းပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးမွာက တြဲကစားေပးမယ့္ အရည္အခ်င္းၾကယ္ပြင့္တဲ့ ဖာမင္ႏိုလို တိုက္စစ္သမား ရွိေနပါတယ္။ ”

အာဆင္ဝင္းဂါး ” ဖာမင္ႏိုဟာ အနစ္နာခံတဲ့ ကစားသမားတစ္ဦးပါ။ သူက အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးျပီး အသင္းေဖာ္ေတြကိုပဲ ေတာက္ပသြားေအာင္ ကူညီေပးတတ္တဲ့သူပါ။ ”

သီယာရီ အြန္နရီ ” ဖာမင္ႏိုက ပရီးမီးယားလိဂ္မွာ ျပည့္စံုမႈအရွိဆံုး တိုက္စစ္သမားပါ။ က်ေနာ္က အေကာင္းဆံုး အဆံုးသတ္သူ၊ လုပ္အားႏႈန္း ပိုင္ဆိုင္သူအေၾကာင္း စကားေျပာေနတာ မဟုတ္ပါဘူး။ အဲ့သည္အရည္အခ်င္းေတြ အားလံုးပိုင္ဆုိင္ထားသူအေၾကာင္း ေျပာေနတာပါ. သူက လိဂ္ရဲ႕ အျပည့္စံုဆံုး တိုက္စစ္သမားပါ။ ”

UNICODE

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းမှာ နေရာရလာပေမယ့်လို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်အတွက် အရေးပါလာတာက တိုက်စစ်ပိုင်း ထူးချွန်ထက်မြက်ခြင်းဆိုတဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမားတွေဖြစ်တ့ မာနေးနဲ့ ဆာလက်ဟာ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားစာရင်းတွေထဲ ပါဝင်လာသလို ဘလွန်းဒီအော့၊ ယူအီးအက်ဖ်အေ၊ ဖီဖာ အစရှိတဲ့ အကောင်းဆုံး ကစားသမားဆုတွေအတွက် ရေပန်းစားမှုတွေထဲ ပါဝင်လာပေမယ့်လို့ တိုက်စစ်သမား ဖာမင်နိုကတော့ ချန်လှန်ခံထားရဆဲပါ။

ပုံမှန် အထောင်တိုက်စစ်သမားတွေနဲ ကွဲထွက်နေပြီး အသင်းတိုက်စစ်ကို ဦးဆောင်သူ၊ ခံစစ်ကို ကူညီသူနဲ့ ယာဂင်ကလော့ပ်ရဲ့ ဖိအားပေးကစားဟန်မှာ အသက်သွေးကြောလို့ ဆိုကြတဲ့ ဖာမင်နိုဟာ တစ်ဦးချင်း ထူးချွန်မှုအတွက် ရေပန်းမစားပေးမယ့် ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေရဲ့ ကျော်ကြားတဲ့ ချီးကျူးစကားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

မော်ရင်ညို ” အူဘာမီယန်က လီဗာပူးမှာ ဘယ်တောင်ပံက ကစားမယ်ဆိုရင် အာဆင်နယ်မှာထက် ဂိုးတွေအများကြီး ပိုသွင်းပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးမှာက တွဲကစားပေးမယ့် အရည်အချင်းကြယ်ပွင့်တဲ့ ဖာမင်နိုလို တိုက်စစ်သမား ရှိနေပါတယ်။ ”

အာဆင်ဝင်းဂါး ” ဖာမင်နိုဟာ အနစ်နာခံတဲ့ ကစားသမားတစ်ဦးပါ။ သူက အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးပြီး အသင်းဖော်တွေကိုပဲ တောက်ပသွားအောင် ကူညီပေးတတ်တဲ့သူပါ။ ”

သီယာရီ အွန်နရီ ” ဖာမင်နိုက ပရီးမီးယားလိဂ်မှာ ပြည့်စုံမှုအရှိဆုံး တိုက်စစ်သမားပါ။ ကျနော်က အကောင်းဆုံး အဆုံးသတ်သူ၊ လုပ်အားနှုန်း ပိုင်ဆိုင်သူအကြောင်း စကားပြောနေတာ မဟုတ်ပါဘူး။ အဲ့သည်အရည်အချင်းတွေ အားလုံးပိုင်ဆိုင်ထားသူအကြောင်း ပြောနေတာပါ. သူက လိဂ်ရဲ့ အပြည့်စုံဆုံး တိုက်စစ်သမားပါ။ “