ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႔ေစ်းကြက္မွာ ဝင္ေရာက္ လႈပ္ရွားခြင့္ရရင္ မန္ေနဂ်ာလမ္းပတ္အတြက္ ပထမဆံုး ေခၚယူမႈအျဖစ္ ျပင္သစ္ကလပ္ ႏုိက္အသင္းမွ ညာအစြန္လူ Youcef Atal ကို ေခၚယူမယ္လို႔ သတင္းၾကီးလာေနပါတယ္။

ခ်ယ္ဆီးဟာ ေစ်းကြက္ႏွစ္ခုစာ အေျပာင္းအေရႊ႔ ပိတ္ခံထားရေပမယ့္ ဇန္နဝါရီမွာ အယူခံေအာင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။ ညာအစြန္ေနရာဟာ ခ်ယ္ဆီးအသင္း အားနည္းေနတဲ့ေနရာလို႔ ယူဆေနျပီး မန္ေနဂ်ာလမ္းပတ္က အသက္ ၁၉ ႏွစ္အရြယ္ ရိစ္ဂ်ိမ္းကို ထုတ္သံုးမယ္လို႔လည္း သတင္းထြက္ေနတာျဖစ္ပါတယ္။

ေနာက္ထပ္ ေရြးခ်ယ္မႈအျဖစ္ အယ္ဂ်ီးရီးယား လက္ေရြးစင္ဟာ ခ်ယ္ဆီးရဲ႕ ဦးတည္မႈထဲ ပါဝင္လာျခင္းျဖစ္တယ္။ လီဂူးဝမ္းမွာ ကစားသမားဘဝ ပထမဆံုး ရာသီမွာတင္ လိဂ္ပြဲ ၂၉ ပြဲ ကစားခဲ့ျပီး သူဟာ ၆ ဂိုးထိ သြင္းယူႏုိင္ခဲ့သူျဖစ္ပါတယ္။ ရာသီအကုန္မွာေတာ့ ၁၉၉၀ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ အာဖရိကဖလား အႏုိင္ရ အယ္ဂ်ီးရီးယားအသင္းအတြက္ ပါဝင္ႏုိင္ခဲ့သူျဖစ္တယ္။

ပရီးမီးယားလိဂ္ အဖြင့္ေလးပြဲမွာတင္ သြင္းဂိုး ၉ ဂိုး ေပးထားရတဲ့ ခ်ယ္ဆီးအသင္းဟာ လိဂ္မွာ ဒုတိယအညံ့ဆံုး ခံစစ္ကို ပိုင္ဆိုင္ေနပါတယ္။ မန္ေနဂ်ာလမ္းပတ္က အဆိုပါ အားနည္းခ်က္အတြက္ ေရရွည္ ကုသဖို႔ကိုေတာ့ ျပင္သစ္လိဂ္မွာ ထူးခၽြန္ အစြန္သမားအျဖစ္ ေတာက္ပေနတဲ့ Atal ကို ျမင္ထားျခင္းျဖစ္တယ္။

အဲ့သည္မတိုင္ခင္ ခ်ယ္ဆီးဟာ ၁၂ လၾကာ အပိတ္ခံထားရတဲ့့ အေျပာင္းအေရႊ႔႔ ေခၚယူခြင့္ အယူခံဝင္ျခင္းကိစၥ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ေနျပီး ကလပ္အသင္းဘက္ကေတာ့ အေကာင္းျမင္ေနတာ ျဖစ္ပါတယ္။ Atal ဟာ ေစ်းကြက္ထဲမွာေတာ့ ေပါင္ ၃၅ ဝန္းက်င္ ေစ်းေပါက္ေနတယ္လို႔လည္း သိရပါတယ္။

UNICODE

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဝင်ရောက် လှုပ်ရှားခွင့်ရရင် မန်နေဂျာလမ်းပတ်အတွက် ပထမဆုံး ခေါ်ယူမှုအဖြစ် ပြင်သစ်ကလပ် နိုက်အသင်းမှ ညာအစွန်လူ Youcef Atal ကို ခေါ်ယူမယ်လို့ သတင်းကြီးလာနေပါတယ်။

ချယ်ဆီးဟာ ဈေးကွက်နှစ်ခုစာ အပြောင်းအရွှေ့ ပိတ်ခံထားရပေမယ့် ဇန်နဝါရီမှာ အယူခံအောင်ဖို့ မျှော်လင့်နေတာပါ။ ညာအစွန်နေရာဟာ ချယ်ဆီးအသင်း အားနည်းနေတဲ့နေရာလို့ ယူဆနေပြီး မန်နေဂျာလမ်းပတ်က အသက် ၁၉ နှစ်အရွယ် ရိစ်ဂျိမ်းကို ထုတ်သုံးမယ်လို့လည်း သတင်းထွက်နေတာဖြစ်ပါတယ်။

နောက်ထပ် ရွေးချယ်မှုအဖြစ် အယ်ဂျီးရီးယား လက်ရွေးစင်ဟာ ချယ်ဆီးရဲ့ ဦးတည်မှုထဲ ပါဝင်လာခြင်းဖြစ်တယ်။ လီဂူးဝမ်းမှာ ကစားသမားဘဝ ပထမဆုံး ရာသီမှာတင် လိဂ်ပွဲ ၂၉ ပွဲ ကစားခဲ့ပြီး သူဟာ ၆ ဂိုးထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ရာသီအကုန်မှာတော့ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဖရိကဖလား အနိုင်ရ အယ်ဂျီးရီးယားအသင်းအတွက် ပါဝင်နိုင်ခဲ့သူဖြစ်တယ်။

ပရီးမီးယားလိဂ် အဖွင့်လေးပွဲမှာတင် သွင်းဂိုး ၉ ဂိုး ပေးထားရတဲ့ ချယ်ဆီးအသင်းဟာ လိဂ်မှာ ဒုတိယအညံ့ဆုံး ခံစစ်ကို ပိုင်ဆိုင်နေပါတယ်။ မန်နေဂျာလမ်းပတ်က အဆိုပါ အားနည်းချက်အတွက် ရေရှည် ကုသဖို့ကိုတော့ ပြင်သစ်လိဂ်မှာ ထူးချွန် အစွန်သမားအဖြစ် တောက်ပနေတဲ့ Atal ကို မြင်ထားခြင်းဖြစ်တယ်။

အဲ့သည်မတိုင်ခင် ချယ်ဆီးဟာ ၁၂ လကြာ အပိတ်ခံထားရတဲ့ အပြောင်းအရွှေ့ ခေါ်ယူခွင့် အယူခံဝင်ခြင်းကိစ္စ အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပြီး ကလပ်အသင်းဘက်ကတော့ အကောင်းမြင်နေတာ ဖြစ်ပါတယ်။ Atal ဟာ ဈေးကွက်ထဲမှာတော့ ပေါင် ၃၅ ဝန်းကျင် ဈေးပေါက်နေတယ်လို့လည်း သိရပါတယ်။