မန်စီးတီးအသင်းဟာ ကိုလံဘီယာကလပ် Hajduk Split အသင်းရဲ့ ကွင်းလယ်လူ အန်တီပါလာဗာဆာ ကို လက်ရှိဇန်နဝါရီလထဲမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး နှစ်ဘက်အသင်းဟာ ကစားသမားရဲ့အပြောင်းအရွှေ့အတွက် ဗုဒ္ဓဟူးနေ့က ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဖာနန်ဒင်ဟိုရဲ့ နေရာမှာ အစားထိုးဖို့ ကွင်းလယ်ခံစစ်ကစားသမားသစ် တစ်ဦးရှာဖွေနေတာ ဖြစ်ပြီး အဆိုပါ အသက် (၁၈) နှစ်အရွယ်ဘရာဇီးသားလေးကို ပေါင်(၇)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နယ်သာလန်ကလပ် ပီအက်စ်ဗွီအသင်းရဲ့ တောင်ပံကစားသမား စတီဗင်ဘာဂ်ဝင်ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အဆိုပါ အသက် (၂၁) နှစ်အရွယ်တောင်ပံကစားသမားလေးအတွက် ပေါင် (၂၅) သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘာဂ်ဝင်ဟာ လက်ရှိရာသီမှာ အသင်းအတွက် (၁၆) ပွဲကစားထားပြီး (၉) ဂိုးအထိ သွင်းယူထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်နည်းပြ ဆိုးရှားဟာလည်း အဆိုပါကစားသမားကို စောင့်ကြည့်ဖို့ရာ ကင်းထောက်တွေ စေလွှတ်မယ်လို့ သိရပါတယ်။

စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဆင်ကို ရီးရဲလ်မက်ဒရစ်အသင်းအပြင် မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ကပါ ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဆိုပါ အသက် (၂၆) နှစ်အရွယ် ဒိန်းမတ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်က ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း AS သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ နည်းပြဂွာဒီယိုလာနဲ့ နည်းပြ ဆာရီတို့ဟာခရစ်ရှန် အဲရစ်ဆင်ကို ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ရှိနေစေဖို့ ရီးရဲလ်နဲ့ အပြိုင် ကြိုးစားသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ထပ်မံကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ Calcio Mercato ရဲ့ ဖော်ပြချက်ထဲမှာတော့ အင်တာရဲ့ အမှုဆောင်ချုပ် မာရော့တာဟာ အဆိုပါခရိုအေးရှားသားကို လက်ရှိရာသီအကုန်မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ၂၀၂၀ ခုနှစ်မှသက်တမ်းကုန်ဆုံးမှာ ဖြစ်တယ်လို့သိရပါတယ်။ မိုဒရစ်အနေနဲ့လည်း ပါရီဆစ်၊ ဘရိုဇိုဗစ်နဲ့ ဗာဆယ်ကို အစရှိတဲ့ ခရိုအေးရှားသားတွေရှိရာ အင်တာမီလန်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ချဲလ်ဆီးဘယ်နောက်ခံလူ အီမာဆန်ပါမာရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ဂျူဗင်တပ်စ်ဟာ လက်ရှိအသင်းရဲ့ ဘယ်နောက်ခံလူ ဘရာဇီးသား အဲလက်စ်ဆန်ဒရိုအတွက် အရန်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲသာ ကစားခွင့်ရရှိထားတဲ့ အီမာဆန်ဟာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အတွက် လက်ရှိရာသီဝက်အပြောင်းအရွှေ့ဈေးကွက်ရဲ့ အဓိကပစ်မှတ်ဖြစ်လာနိုင်တယ်
လို့ သိရပါတယ်။

မန်ယူနောက်ခံလူ အန်တိုနီယို ဗလန်စီယာက သူ့အနေနဲ့ စာချုပ်သစ် ကမ်းလှမ်းခံရမှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေလက်ရှိရာသီအကုန်အထိ အိုးထရက်ဖို့ဒ်မှာပဲ ဆက်ရှိသွားလိုနေတယ်လို့ The Times သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ အီကွေဒေါကစားသမားရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ဇွန်လထဲမှာကုန်ဆုံးတော့မှာ ဖြစ်တဲ့အပြင် အသင်းမှာ ပုံမှန်နေရာလည်း မရတော့ပေမယ့် အသင်းနဲ့ပဲ ရာသီကုန်အထိ ဖြတ်သန်းသွားလိုတယ်လို့ သိရပါတယ်။ ဗလန်စီယာဟာ လက်ရှိရာသီမှာပရီးမီးယားလိဂ် (၅) ပွဲသာ ကစားခွင့်ရရှိထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီးတောင်ပံကစားသမားလေး ဟက်ဆန်အိုဒိုအီဟာ ချဲလ်ဆီးရဲ့ စာချုပ်သစ်ထပ်မံကမ်းလှမ်းမှုကို ပယ်ချလိုက်ပြန်ပြီလို့ Sky Sports Germany ကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါ အသက် (၁၈) နှစ်အရွယ် အင်္ဂလန်သားလေးကို လက်ရှိဇန်နဝါရီလထဲမှာ ဘိုင်ယန်မြူးနစ်က အပူတပြင်းချိတ်ဆက်နေတာ ဖြစ်ပြီး သုံးကြိမ်ကမ်းလှမ်းခဲ့ရာမှာ သုံးကြိမ်စလုံး ပယ်ချခံထားရတာ ဖြစ်ပါတယ်။ အိုဒိုအီအနေနဲ့ကလည်း ချဲလ်ဆီးမှာ ဆက်နေဖို့ ဆန္ဒမရှိတော့တဲ့ အတွက် ပြီးခဲ့တဲ့ ကြာသပတေး (ယနေ့) မနက်က ကမ်းလှမ်းမှု အသစ်တစ်ခုကိုလည်း ထပ်မံပယ်ချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

နာပိုလီအသင်းဟာ အာဆင်နယ်နဲ့ လစ်ဗာပူးလ်အသင်းတို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးရဲလ်အသင်းပိုင် ကိုလံဘီယာသား ဂျိမ်းစ်ရိုဒရီဂွက်စ်ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတယ်လို့ Calcio Mercato သတင်းဌာနက ဖော်ပြသွားပါတယ်။ အဆိုပါကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်စ်ဟာ ဘိုင်ယန်မှာအငှားနဲ့ လာရောက်ကစားနေတာ ဖြစ်ပြီး လက်ရှိရာသီအကုန်မှာ ဂျာမန်အသင်းနဲ့ အငှားစာချုပ်ပြည့်မှာ ဖြစ်ပါတယ်။ ဂျိမ်းစ်အနေနဲ့ နာပိုလီကို ရွေးချယ်ခဲ့ရင်တော့ ၂၀၁၄ ခုနှစ်မှာတုန်းက သူ့ကို ရီးရဲလ်မက်ဒရစ်ဆီ ခေါ်ယူခဲ့တဲ့ နည်းပြအန်ဆယ်လော့တီနဲ့ ပြန်လည်ပူးပေါင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ လက်ရှိ MLS ကလပ် လော့စ်အိန်ဂျလိစ် အသင်းမှာ ကစားနေတဲ့ ကားလို့စ်ဗီလာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Cadena SER သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ မြူနီယာကို ဆီဗီလာအသင်းဆီ ရောင်းချ လိုက်တဲ့နောက်မှာတော့ တိုက်စစ်မှူးအသစ်ကို ထပ်မံရှာဖွေနေပြီး ချဲလ်ဆီးမှာ နေရာမရဖြစ်နေတဲ့ မိုရာတာကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကားလို့စ်ဗီလာဟာ ဆိုစီဒက်အသင်းမှာကစားခဲ့ဖူးတဲ့အတွက် လာလီဂါအတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ရိုးမာတိုက်စစ်မှူး အီဒင်ဒီဇီကို ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ Daily Star သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၂) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘော့စနီးယားသား ဒီဇီကိုဟာ လက်ရှိရာသီမှာ ရုန်းကန်နေရပြီးရိုးမားအသင်းအတွက် စီးရီးအေသွင်းဂိုး (၂) ဂိုးသာ ရရှိထားတဲ့အတွက် ရောင်းချခံရနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ လက်ရှိအချိန်မှာ ဝက်စ်ဟမ်းဟာ ၄င်းတို့ရဲ့ တိုက်စစ်မှူး အနာထဗစ်ကို တရုတ်ကလပ်တစ်ခုဆီ ဆုံးရှုံးရဖွယ်ရှိနေတာကြောင့် နည်းပြပယ်လီဂရီနီအနေနဲ့ ၄င်းနဲ့အတူ မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ ဒီဇီကို နဲ့ အစားထိုးလိုနေတာ ဖြစ်ပါတယ်။