ယခုတစ်ပတ်ထဲမှာတော့ ပွဲကြီးပွဲကောင်းအဖြစ် ပေါလ်မာဆန်အားပေးတဲ့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းအမ်းမရိတ်မှာ ချဲလ်ဆီးအသင်းကို လက်ခံ ကစားသွားရဖို့ရှိနေပါတယ်။ ပွဲစဉ်(၂၃)သာ ရှိသေးပေမယ့်လည်း သူတို့ပွဲစဉ်မှာထွက်ပေါ်လာမယ့် ရလဒ်ဟာရာသီကုန်မှာ ထိပ်ဆုံးလေးသင်းထဲဝင်ဖို့အတွက်တော့ အရေးပါနေပါတယ်။ ဇယားထိပ်ကို ဦးဆောင်နေတဲ့ လစ်ဗာပူးလ်အသင်းကတော့ အန်ဖီးလ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို လက်ခံယှဉ်ပြိုင်ကစားသွားရဖို့ရှိနေပြီး အမှားခံလို့မရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒုတိယနေရာကနေ (၄) မှတ်အကွာနဲ့ လိုက်နေတဲ့ မန်စီးတီးကတော့ အဝေးကွင်းမှာ ဟက်ဒါစ်ဖီးလ်အသင်းနဲ့ ကစားသွားရဖို့ ရှိနေပြီး အမှတ်ပြည့်ရအောင် ကြိုးစားသွားရဖို့ ရှိနေပါတယ်။ ကဲ ပေါလ်မာဆန် ဘယ်အသင်းတွေကြိုက်လဲကြည့်ရအောင်။

ဝုဗ် Vs လက်စတာ/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၇း၀၀ နာရီ)

ဒီလိုပွဲမျိုးက လက်စတာနဲ့ ကိုက်ပါတယ်။ သူတို့က သူတို့အပေါ် သိပ်မျှော်လင့်လိုက်ရင် ရုန်းကန်ရတော့တာပဲ။ ချယ်ဆီး၊ မန်စီးတီးတို့ကို နိုင်အောင် ကန်နိုင်မယ် ဘယ်သူကမှ မျှော်လင့်ထားခဲ့မှာ မဟုတ်ဘူး။ ၀ုဗ်က မန်စီးတီးနဲ့ ကန်တာ ကျနော် ကြည့်ဖြစ်ခဲ့တယ်။ မိနစ် ၂၀ လောက်လည်းနေရော ပိတ်ပစ်လိုက်ရတယ်။ ဘောလုံးတောင် ထိခွင့်မရအောင် ၀ုဗ်က မန်စီးတီးနဲ့ အကွာကြီး ကွာနေခဲ့တာပါ။ ဒါပေမယ့် ၀ုဗ်ကလည်း အသင်းကောင်းပါပဲ .. စီးတီးနဲ့ ကွာဟာချက်ကြီးလွန်းတာကလွဲလို့ တခြားပွဲစဉ်တွေမှာ သူတို့ အစွမ်းကို ထုတ်ပြနိုင်တဲ့ အသင်းပါ။
ဒီပွဲက ရွေးရခက်တယ်.. ဒီတော့ တစ်သင်းကိုသာ ရွေးရမယ်ဆို အိမ်ကွင်း အသင်း အနိုင်ပေါ့။

ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2-1 လက်စတာ

ဘုန်းမောက် Vs ၀က်စ်ဟမ်း/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

ဘုန်းမောက်က အဲဗာတန်နဲ့ပွဲမှာ မဆိုးခဲ့ပါဘူး။ သူတို့က အဝေးကွင်းရလဒ်တွေ ဆိုးသလောက် အိမ်ကွင်းမှာ သက်တောင့်သက်သာ ရှိပါတယ်။ နည်းစနစ်ပိုင်း အများကြီး မပြောင်းလဲတောင် အဝေးကွင်းရောက်ရင် ပုံစံက ပြောင်းသွားတာပါ။ ဇယားအပေါ်ပိုင်း ၁၀ သင်းထဲ ၀င်ချင်ရင် ဒါတွေ သူတို့ပြင်ရပါမယ်။ ၀က်စ်ဟမ်းက ယုံကြည်မှု အပြည့် ရှိနေမှာ ဖြစ်ပေမယ့် အိမ်ကွင်းမှာတော့ အမှတ်ရအောင် ယူဖို့ ဘုန်းမောက် အစွယ်ရှိပါလိမ့်မယ်။

ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 1-1 ၀က်စ်ဟမ်း

လီဗာပူး Vs ခရစ္စတယ်ပဲလေ့စ်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

အန္တရာယ်ကြီးတဲ့ပွဲပါ။ လီဗာပူးအတွက် ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ပဲလေစ့်က လီဗာပူးကို နာကျင်စေဖို့ရာ အရှိန်နဲ့ ကစားနိုင်တဲ့ တောင်ဆန်၊ ဇာဟာလို ကစားသမားတွေ ရှိပါတယ်။ ဒါ့အပြင် အသိအမှတ်ပြုသင့်သလောက် မခံထားရတဲ့ ရွိုင်ဟောင်ဆန်လို မန်နေဂျာလည်း ပိုင်ဆိုင်ထားတယ်။ ဒီလိုပွဲမျိုးကို ဘယ်လို အနိုင်ယူရမလဲ သူသိပါတယ်။ ပဲလေစ့်က ဂိုးသွင်းမှာပါ။ သို့ပေမယ့် လီဗာပူးက အမှတ်ပေးဖလား အနိုင်ရချင်တယ်ဆိုရင် ပွဲတွေကို အနိုင်ရဖို့ လိုပါတယ်။ သူတို့ အနိုင်ရမယ်ဆိုရင် ပဲလေစ့်ကို အရေးနိမ့်ထားတဲ့ မန်စီးတီးကို စိတ်ပိုင်းဆိုင်ရာအရ အသာရသွားနိုင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ လီဗာပူး 2-1 ခရစ္စတယ်ပဲလေ့စ်

မန်ယူနိုက်တက် Vs ဘရိုက်တန်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

ဆိုရှားရဲ့ 7 ပွဲဆက် အနိုင်ကို မြင်ရဖို့ မျှော်လင့်ထားပါတယ်။ ဒီအခြေအနေမှာ သူတို့က ပုံစံကောင်းတွေ ပိုင်ဆိုင်ထားတယ်။ ဘရိုက်တန်က ဂိုးသွင်းနိုင်ဖို့ ရှိပေမယ့် အကောင်းဆုံးပုံစံ ရရှိနေတဲ့ ရပ်ဖိုဒ့်၊ မာရှယ်တို့ကို သာလွန်မယ့် လုံလောက်တဲ့ ခြိမ်းခြောက်မှုအတွက် သွင်းဂိုးရမယ်တော့ မထင်ပါဘူး။ ယူနိုက်တက်ရဲ့ ခံစစ်က အရမ်းမကောင်းပါဘူး။ ပီအက်ဂျီကို ရင်ဆိုင်ဖို့ဆိုရင် ယူနိုက်တက်မှာ ခံစစ်သမားတွေ လိုပါတယ်။ ဒီပွဲကိုတော့ ယူနိုက်တက် နိုင်ပါမယ်။

ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 3-1 ဘရိုက်တန်

နယူးကာဆယ် Vs ကားဒစ်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

အဆင့် ၁၇ နဲ့ ၁၈ နေရာက အသင်း နှစ်သင်းတွေ့တဲ့ပွဲ ဖြစ်တယ်။ ဖလားဗိုလ်လုပွဲတစ်ခုလို သူတို့ ကစားကြလိမ့်မယ်။ ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ ကားဒစ်မှာ နည်းပြ ၀ါးနော့ လုပ်ပြနေသလိုမျိုး ရာဖေး ဘင်နီတက်ဇ် လုပ်မပြနိုင်ပါဘူး။ ၀ါးနော့ခ်က အသင်းကို အားကုန်ရုန်း ဆွဲတင်ပေးနေတဲ့သူ.. မယုံနိုင်လောက်စရာ မန်နေဂျာပဲ။ ဒါပေမယ့် နယူးကာဆယ်မှာ ကားဒစ်ထက် ကစားသမားကောင်းတွေ ပိုရှိနေတယ်။ နယူးကာဆယ် ဒီပွဲကို မရှုံးနိုင်ပါဘူး။

ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 1-0 ကားဒစ်

ဆောက်သမ်တန် Vs အဲဗာတန်/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

အဲဗာတန်ဟာ ပြီးခဲ့တဲ့ရက်က ဘုန်းမောက်ကို နိုင်ခဲ့ပေမယ့် ခြေစွမ်းကတော့ ကျနော် သဘောမကျသေးဘူး။ သူတို့မှာ ဖိအားတွေ ရှိတုန်းပါ။ Ralph Hasenhuttl ကတော့ ဆောက်သမ်တန်ကို ပုံစံကောင်းတွေ ပြန်ရလာအောင် ကောင်းမွန်စွာ ကိုင်တွယ်နေပါတယ်။ တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ အစီအစဉ်တွေ သူက အကြံထုတ်နိုင်သူပါ.. ဒီပွဲ ရှုံးမှာ မဟုတ်ဘူး။

ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 2-1 အဲဗာတန်

ဝက်ဖို့ Vs ဘန်လေ/ (ဇန်န၀ါရီ ၁၉၊ စနေနေ့ ည ၉း၃၀ နာရီ)

ဝတ်ဖို့က 3-0 နဲ့ အနိုင်ရနိုင်သလို ဘန်လေက 1-0 နဲ့ အနိုင်ရရင်လည်း ကျနော်ကတော့ မအံ့သြပါဘူး။ ဘန်လေက ပုံစံကောင်းတွေ ပြန်ရလာပေမယ့် အရင်အပတ်က ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။ ဒါက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူး။ ဒီပွဲမှာ ဝတ်ဖိုဒ့် အနိုင်မယ် ခန့်မှန်းပါတယ်။

ခန့်မှန်းရလဒ်။ ။ ဝတ်ဖို့ 2-1 ဘန်လေ

အာဆင်နယ် Vs ချယ်ဆီး/ (ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့ မနက် ၁၂း၀၀ နာရီ)

အာဆင်နယ် ဒီပွဲကို နိုင်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် နောက်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲမှသာ ရမယ့် တစ်လမ်းသာ ကျန်ပါတော့မယ်။ စကိုင်းစပေါ့ Debate အစီအစဉ်မှာတော့ တင်ရှားဝုဒ်က အမ်မရီကို ဒီပွဲ အိုဇေးလ် ပြန်သုံးဖို့ တိုက်တွန်းထားတယ်။ နောက်ပြီး အသင်းမှာ သူက အဓိက ကစားသမား ဖြစ်ဆဲဆိုတာ သိအောင် လုပ်ပေးဖို့ လိုနေတယ်။

နှစ်သင်းလုံး နိုင်ဖို့တော့ မဖြစ်နိုင်တဲ့အတွက် ကစားသမား ပိုတောင့်တင်းတဲ့ဘက်ကို ရွေးချင်ပါတယ်။ အဝေးအသင်း အနိုင်ပါ။

ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 1-2 ချယ်ဆီး

ဟက်ဒါဖီး Vs မန်စီးတီး/ (ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့ ည ၈း၀၀ နာရီ)

ဂိုးတွေကိုမှတ်ဖို့ မီးလုံးလေးတွေတောင် အလုံလောက်ရှိပမလား။ ဒီပွဲက လိုချင်သလောက်ကို ဂိုးပြတ် သွားနိုင်ပါတယ်။ ဒီအပတ်မှာ ဟက်ဒါဖီးဟာ ဒေးဗစ်ဝဂ်နာကို ရာထူးက ထုတ်ပယ်လိုက်ပြီး မန်နေဂျာလက်ကိုင် မရှိသေးပါဘူး။ ကစားသမားတွေကလည်း ယောက်ယတ်ခတ်နေကြမှာ သေချာပါတယ်။ စီးတီးကတော့ ဂိုးကွားခြားချက်ကို တိုးမြင့်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဟက်ဒါဖီးက ဘာလုပ်နိုင်မှာလဲ။ တကယ်ပြောတာပါ ငါးဂိုးပြတ်နိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0-5 မန်စီးတီး

ဖူဟမ် Vs စပါး/ (ဇန်န၀ါရီ ၂၀၊ တနင်္ဂနွေနေ့ ည ၁၀း၃၀ နာရီ)

ဟယ်ရီကိန်း သတင်းမကြားခင်တုန်းကနဲ့စာရင် ခြားနားတဲ့ ဇာတ်လမ်း ဖြစ်သွားခဲ့ပါပြီ။ ဖူလ်ဟမ်ကလည်း အခွင့်အရေး ရဖို့ရှိတယ်။ စပါးဟာ သွင်းဂိုးတွေကို ဒိုင်ခံသွင်းပေးထားတဲ့ ကိန်းနဲ့ ဆွန်တို့အပြင် ကွင်းလယ်က ဆစ်ဆိုခိုကိုလည်း လက်လွတ်ရမယ်။ သူ့ရဲ့ ပရိသတ် မဟုတ်ပေမယ့် ဒီရာသီမှာ ဒီကွင်းလယ်လူက အတော်လေး ကောင်းပါတယ်။ ဖူလ်ဟမ်က တစ်ခုခုလုပ်နိုင်မလားဆိုတာ ရှိပေမယ့် စပါးပဲ အနိုင်ရမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်။ ။ ဖူဟမ် 1-2 စပါး