အာဆင်နယ်အသင်းက အက်သလက်တီကိုမှ တောင်ပံတိုက်စစ်သမား Gelson Martins ကို ခေါ်ယူဖို့အတွက် ကစားသမားဟောင်းကြီး အွန်နရီရဲ့ မိုနာကို အသင်းနဲ့ ယှဉ်ပြိုင်နေရပါတယ်။ အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီသား လူငယ်ကစားသမားက ပြီးခဲ့တဲ့နွေကမှ စပို့တင်းလစ္စဘွန်းကနေ အက်သက်တီကိုဆီ ရောက်ရှိတာပါ။

အာဆင်နယ်နည်းပြ အမ်မရီက အိုဇေးလ်ဟာ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ပါဝင်နေကြောင်းနဲ့ လာမယ့် ပွဲစဉ်များမှာ ကစားဖို့ အသင့်ပြင်ထားရန် ပြောကြားလိုက်ပါတယ်။ အိုဇေးလ်ဟာ ဘောက်ဆင်ဒေးပွဲစဉ်နောက်ပိုင်း တစ်မိနစ်မှ ပါဝင်မကစားရသေးဘဲ ချယ်ဆီးနဲ့ လန်ဒန် ဒါဘီပွဲမှာလည်း အရန်ခုံမှာသာ ရှိခဲ့ပြီး ကစားခွင့် မရခဲ့ပါဘူး။

အာဆင်နယ်အသင်းရဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ အကြီးအကဲ မစ်လင်တက် အသင်းကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အာဆင်နယ်အသင်း ၀ဘ်ဆိုဒ်မှ တဆင့် ကျေးဇူးတင်စကားနဲ့ အတူ အတည်ပြုသွားပါတယ်။ မစ်လင်တက်ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တရားဝင် အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုက ထရိန်နင်မှာ အသင်းဖော် ဂိုးသမား အယ်လစ်ဆန်နဲ့ ရှိနေရတာ တခါတခါ ဒေါသထွက်စရာ ကောင်းလောက်အောင် ဂိုးသွင်းရခက်တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းက လက်ရှိအချိန်မှာ ဒူဘိုင်းမှာ လေ့ကျင့်ရေး သွားရောက် ပြုလုပ်နေပါတယ်။

လီဗာပူးအသင်းရဲ့ ဒဏ်ရာရ လူစာရင်းမှာ တိုးလာတာတွေ ရှိပေမယ့် ကလော့ပ်က ခံစစ်ပိုင်းကို ဇန်န၀ါရီမှာ ရှာဖွေဝယ်ယူမှု ပြုလုပ်ဦးမှာ မဟုတ်ဘဲ အသင်းမှာ ရှိတဲ့လူနဲ့ ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ အခြားသောနေရာတွေထက် ညာခြမ်းခံစစ်ဟာ စီနီယာကစားသမား ၀င်ကစားနိုင်သူ မရှိတော့ပါဘူး။ ထရန့် ဒဏ်ရာ ရှိနေတဲ့အပြင် မေနာပါ ပွဲပယ်ခံရလို့ လူငယ်ကစားသမား ကမာချိုအတွက် အခွင့်အရေး ရလာဖွယ် ရှိပါတယ်။

စကော့တလန်ကလပ် ရိန်းဂျားမှာ အငှားထွက်နေတဲ့ လီဗာပူးတိုက်စစ်သမား ကန့်ကတော့ ကာလရှည် အငှားကာလပြီးရင်လည်း စကော့တလန်မှာပဲ ဆက်နေလိုတဲ့ အရိပ်အမြွက်စကားတွေ ပြောလာတယ်။ သူကတော့ ပုံမှန်ပွဲထွက် ကစားခွင့်ရနေနိုင်မယ့် မန်နေဂျာဂျရတ်ရဲ့ အသင်းမှာ ဆက်လက် ကစားလိုနေတာပါ။

ဘာတန်နဲ့ပွဲကြို မန်စီးတီး ထရိန်နင်မှာ ပြီးခဲ့တဲ့ ကာရာဘောင်းပွဲစဉ်များမှာ ပါဝင်ကစားခွင့် ရထားတဲ့ Eric Garcia အပြင် လူငယ် ဗဟိုခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ Eliaquim Mangala နဲ့ Philippe Sandler တို့ကိုပါ တွေ့ရပါတယ်။ Sandler က ဒီလအစောပိုင်း ရိုသာဟမ်နဲ့ပွဲမှာလည်း ပါဝင်ကစားထားသူပါ။

ဘိုင်ယန်မြူးနစ်ဟာ ချယ်ဆီးမှ လူငယ်တိုက်စစ်မှူး အိုဒွိုင်းကို ချိတ်ဆက်နေတဲ့အပြင် မန်စီးတီးမှ လူငယ်တောင်ပံကစားသမား Rabbi Matondo ကိုပါ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ အသက် ၁၈ နှစ်အရွယ် စီးတီးအကယ်ဒမီကစားသမားလေးကို ဘိုင်ယန်အပြင် ဘွန်ဒစ်လီဂါမှ မွန်ချင်ဂလာဘတ်ကလည်း ချဉ်းကပ်နေပါတယ်။

မန်စီးတီးရဲ့ ဘယ်လ်ဂျီယံသား ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက လက်ရှိဘောလုံးရာသီမှာ ၄င်းရဲ့ အကောင်းဆုံးပုံစံ မပြနိုင်ဘဲ ဒဏ်ရာများကြောင့် ရုန်းကန် နေရကြောင်း ၀န်ခံသွားပါတယ်။ ဒီဘရိုင်းက 2017-18 ဘောလုံးရာသီမှာ ခြေစွမ်း အလွန်တောက်ပခဲ့သူ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ ဘယ်လ်ဂျီယံသား ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းက လက်ရှိဘောလုံးရာသီမှာ ၄င်းရဲ့ အကောင်းဆုံးပုံစံ မပြနိုင်ဘဲ ဒဏ်ရာများကြောင့် ရုန်းကန် နေရကြောင်း ၀န်ခံသွားပါတယ်။ ဒီဘရိုင်းက 2017-18 ဘောလုံးရာသီမှာ ခြေစွမ်း အလွန်တောက်ပခဲ့သူ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်သမား နေမာက “ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လိမ့်မယ်.. ဘောလုံးပရိသတ်တွေ အတွက်ကော နှစ်သင်းလုံးအတွက်ပါ ရင်ဆိုင်တွေ့ရတာ ကျေနပ်စရာပဲ” လို့ ကြိုတင်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပီအက်စ်ဂျီကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူက အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းများ မဟုတ်မမှန်ကြောင်း မုသားတွေသာ ဖြစ်ကြောင်း အင်စတာဂရမ်ကနေတဆင့် အသိပေးလိုက်ပါတယ်။ “အမုန်းတရားတွေက အလုပ်မဖြစ်တဲ့အခါ မလိုသူတွေက မုသားတွေ စပြောလာကြတယ်” လို့ လူကာကူက ရေးသားထားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား မက်တော်မီနေးကို ၂၀၂၃ ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်ပြီး တစ်နှစ် နောက်ဆက်တွဲ သက်တမ်းတိုးခွင့်ပါ ထည့်သွင်းထားပါတယ်။ ယူနိုက်တက် အကယ်ဒမီကစားသမားလေးက ဒီရာသီမှာ ၈ ပွဲ ပါဝင်ကစားခွင့် ရထားပြီး ဆိုးရှားလက်ထက်မှာ ၂ ကြိမ် ကစားပြီး ဖြစ်ပါတယ်။

ဟီဂူအင်ဟာ လန်ဒန်ကို ရောက်ရှိတော့မှာ ဖြစ်ပြီး ၄င်းရဲ့ အပြောင်းအရွှေ့ကို အင်္ဂါနေ့ညမှာ အပြီးသတ် ကြေငြာနိုင်ဖွယ် ရှိပါတယ်။ ဟီဂူအင်က ပထမရာသီဝက်မှာ စီးရီးအေကလပ် အေစီမီလန်အသင်းထံ အငှားထွက်ကစားခဲ့ပေမယ့် သူနဲ့ ချယ်ဆီးကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့တဲ့နောက် မီလန် အခြေစိုက်ကလပ်နဲ့ စာချုပ်ကို ရာသီဝက်မှာတင် ဖြတ်သိမ်းသွားတော့မှာပါ။

ဆာရီရဲ့ ကစားသမားတွေအပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုလိုက်မှုက ၄င်းရဲ့ နောက်ဆုံးနည်းလမ်း ဖြစ်နိုင်ကြောင်း Danny Mills က သုံးသပ်သွားပါတယ်။ ဆာရီအနေနဲ့ ကစားသမားတွေကို ထရိန်နင်မှာ ပြောဆိုမှုတွေ ရှိမယ် အဖြေရှာမှု ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် ကစားသမားတွေဆီက သူလိုချင်တဲ့ တုန့်ပြန်မှု မရလို့ အခုလို လုပ်ခြင်း ဖြစ်နိုင်ကြောင်း ၄င်းက ဆိုပါတယ်။

တိုက်စစ်မှူး မိုရာတာအတွက်လည်း ချယ်ဆီးက အက်သလက်တီကိုနဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ ရာသီကုန်ထိ အငှားဖြစ်ပြီး အပြီးသတ် ခေါ်ယူမယ်ဆိုရင် ပေါင် 48.5 သန်း ပေးရမယ်ဆိုတဲ့ အချက် ပါဝင်ထားကာ ဟီဂူအင်အပြောင်းအရွှေ့ ကြေငြာပြီးရင် မိုရာတာသတင်းကို ကြေငြာဖို့ ရှိပါတယ်။

ကိန်းက မတ်လထဲမှ ပြန်ကစားနိုင်မယ် သတင်းထုတ်ပြန်ထားပေမယ့် စောပြီး ပြန်လာနိုင်ရင်လည်း အံ့အားသင့်စရာ မဟုတ်ကြောင်း ၄င်းရဲ့ အင်္ဂလန်လက်ရွေးစင်အသင်း မန်နေဂျာ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။

စပါးကစားသမား အဲရစ်ဒိုင်ယာက တိုက်စစ်မှူး ကိန်း မပါဝင်နိုင်ချိန်မှာ အသင်းဖော် လော်ရန်တေးက ၀င်ရောက် ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ လော်ရန်တေးက အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်း ဖြစ်တယ်လို့ ဒိုင်ယာက ထောက်ခံပြောဆိုခဲ့ပါတယ်။