အီတီဟက်မှာ အခြေမကျဖြစ်နေတဲ့ မန်စီးတီး ဗဟိုခံစစ်မှူး အော်တာမန်ဒီကို လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာက ချိန်ရွယ်လာပါတယ်။ စီးတီးနည်းပြ ပက်ဂွာဒီယိုလာ ကိုယ်တိုင် အာဂျင်တိုင်းသားကြီးက ပွဲကစားခွင့်နည်းနေလို့ စိတ်ပျက်နေကြောင်း ထုတ်ဖော်ဝဖန်ခံထားတာပါ။

မန်စီးတီးဟာ အေးဂျက်မှာ ဟော်လန်သား လူငယ် ခံစစ်မှူး ဒီလစ်ကို ပစ်မှတ်ထားလာပြီး ဒါဟာ အော်တာမန်ဒီကို အသင်းက ထွက်ခွာသွားဖို့ တွန်းအားပေးတဲ့ အချက်လည်း ဖြစ်သွားနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘာစီလိုနာမှ ဒန်းနစ်ဆွာရက်စ်ကို မရခဲ့ရင် ခေါ်ယူဖို့ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား Christopher Nkunku ကို ခေါ်ယူဖို့ ထည့်သွင်းစဉ်းစား လာပါတယ်။

အာဆင်နယ်အသင်းမှ ကစားသမာခေါ်ယူရေး အကြီးအကဲ မစ်လင်တက် ထွက်ခွာတော့မှာ ဖြစ်တဲ့နောက် ရိုးမား အသင်းမှ ဘောလုံးအမှုဆောင် ဒါရိုက်တာ မွန်ချီက လာမယ့်နွေမှာ အာဆင်နယ်ရဲ့ နည်းစနစ် ဒါရိုက်တာ အသင်းအဖြစ် ပြောင်းရွှေ့လာဖို့ ကြံရွယ်နေပါတယ်။ မွန်ချီက လက်ရှိနည်းပြ အမ်မရီနဲ့အတူ ဆီဗီလာမှဲ အလုပ်လုပ်ဖူးသူပါ။

ဘာစီလိုနာအသင်းက ဒန်းနစ်ဆွာရက်စ်ကို အပြီးသတ်ဝယ်ယူမှာ မဟုတ်တဲ့ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့မှုကို ပိတ်ပင်လိုက်ပြီ ဖြစ်ပေမယ့် ကစားသမားဘက်ကတော့ ၄င်းရဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့် အိပ်မက်ကို လက်မလျှော့လိုသေးဘူးလို့ သိရပါတယ်။

ရာသီကုန်ရင် စာချုပ်ကုန်ဆုံးမယ့် ယူနိုက်တက် ကွင်းလယ်ကစားသမား ဟွမ်မာတာအတွက် ဘာစီလိုနာ အသင်းက ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း Goal သတင်းမှာ ဖော်ပြလာပါတယ်။ အသက် ၃၀ အရွယ် စပိန်သားကြီးကို ဘာစီလိုနာအပြင် ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အက်သလက်တီကို မက်ဒရစ် အားကစား ဒါရိုက်တာ Andrea Berta ကို ခေါ်ယူဖို့ ချိတ်ဆက် ကြိုးစားနေပြီး စပိန်အသင်းကတော့ အသက် ၄၇ နှစ်အရွယ် စပိန်သားကြီးကို အသင်းမှာ ဆက်ထိန်းထားဖို့ ကမ်းလှမ်းမှု အသစ် ပြုလုပ်ထားပါတယ်။

အီတလီ နာမည်ကျော်လူငယ်ကစားသမား ဆန်ဒရို တိုနာလီကို လီဗာပူးအသင်းက စိတ်ဝင်စား မေးမြန်းမှု ရှိထားကြောင်း Brescia ဥက္ကဌ ဖြစ်သူ ဆယ်လင်နိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လီဗာပူးနည်းတူ ရိုးမားအသင်းကလည်း တိုနာလီကို ချိတ်ဆက်မှုတွေ လုပ်နေပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ လီဗာပူး၊ ဘာစီလိုနာ၊ ရီးရဲလ်၊ ပီအက်စ်ဂျီ စတဲ့ ဥရောပ အင်အားကြီး ကလပ်တွေ စိတ်ဝင်စား ခေါ်ယူလိုနေတဲ့ အသက် ၂၂ နှစ်အရွယ် ဂျာမန်သား တိုက်စစ်မှူး တီမိုဝါနာကို နောက်ဆုံးအကြိမ်အဖြစ် စာချုပ်သစ် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဆောက်သမ်တန် ခံစစ်မှူး Cedric Soares ဟာ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြလာပါတယ်။ Soares က ရာသီကုန်ထိ အငှား သွားရောက် ကစားမှာ ဖြစ်ပြီး အငှားကာလပြီးဆုံးချိန်မှာ ပေါင် ၉သန်းခွဲနဲ့ ၀ယ်ယူခွင့် ပါရှိပါတယ်။

ပီအက်စ်ဂျီနည်းပြ တူချယ်က ဒီအပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမား နှစ်ယောက် ခေါ်ယူ အားဖြည့်လိုနေပြီး နာပိုလီမှ အလန်က ထိပ်တန်း ပစ်မှတ် ဖြစ်ကာ ဇင်းနစ်မှ Leandro Paredes ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

မိုနာကိုမှ အသက် ၁၈ နှစ်အရွယ် လူငယ်ခံစစ်မှူး Leroy Abanda က အေစီမီလန်သို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး သောကြာနေ့မှာ ဆေးစစ်မှုများ ပြုလုပ်မှာပါ။ Abanda က အသင်းဖော်တွေကို နှုတ်ဆက်ပြီးပြီလို့ သိရပါတယ်။

ဘယ်လ်ဂျီယံသား ယူနိုက်တက် တိုက်စစ်မှူး လူကာကူရဲ့ ညီဖြစ်သူ လာဇီယိုအသင်းမှ ခံစစ်မှူး ဂျော်ဒန်လူကာကူဟာ ပရီးမီးယားလိဂ် ကလပ်အသင်း နယူးကာဆယ်ဆီ အငှားနဲ့ ပြောင်းရွှေ့လာဖို့ နီးစပ်နေပါပြီ။