ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ပေါမာဆန်ရဲ့ သုံးသပ်ချက်တွေများ စုစည်း ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ် Vs ကားဒစ်/ (ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၁၅ နာရီ)

အာဆင်နယ်က ဒီလိုပွဲတွေကို ကစားဖို့ ပြဿနာ မရှိပါဘူး။ အက်ဖ်အေဖလားမှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့မှုကို လွယ်ကူစွာ တုန့်ပြန်လာတာကို မြင်ရနိုင်ပါတယ်။ ခံစစ်ပိုင်းမှာ ညံ့ဖျင်းသလို ဒဏ်ရာရကစားသမားတွေ များနေလို့ ဒီပွဲမှာ clean sheet ရမယ်ဆိုရင်တောင် ဝေဖန်ငြင်းခုံခံရမှုတွေ ရှိနေမှာပါ။ ဒါပေမယ့်လို့ ကျနော်ကတော့ 3 ဂိုးပြတ်နဲ့ နိုင်မယ်လို့ ခန့်မှန်းပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် 3-0 ကားဒစ်

ဖူဟမ် Vs ဘရိုက်တန်/ (ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၁၅ နာရီ)

ဖူလ်ဟမ်အတွက် နိုင်မှ ဖြစ်မယ့် ပွဲပါ။ ဒီပွဲမနိုင်ရင် ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ မျှော်လင့်ချက်က မှိန်သည်ထက် မှိန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဘရိုက်တန်ကတော့ အိမ်ကွင်းမဟုတ်ရင် သူတို့ရဲ့ အကောင်းဆုံး ပုံစံ မဟုတ်ပါဘူး။ ရေနီရာနီရဲ့ အသင်းပဲ အနိုင်ရဖို့ များပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဖူဟမ် 1-0 ဘရိုက်တန်

ဟက်ဒါဖီး Vs အဲဗာတန်/ (ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၁၅ နာရီ)

အက်ဖ်အေဖလားမှာ Millwall ကို ရှုံးလိုက်တာက အဲဗာတန် နည်းပြ မာကိုဆေးလ်ဗားကို ဖိအားများစွာ ၀င်သွားပါတယ်။ ဒီပွဲမှာ ဟက်ဒါဖီးကို ထပ်ရှုံးရင် ၄ရက်အတွင်း အသင်းငယ် ၂သင်းကို ရှုံးတဲ့ သူ့အတွက် မျက်နှာရမှာမဟုတ်တော့ပါဘူး။ Jan Siewert စတင် တာဝန်ယူမှာ ဖြစ်တဲ့ ဟက်ဒါဖီးကို နိုင်ဖို့ လွယ်ကူမှာတော့ မဟုတ်ပါဘူး ဒါပေမယ့် လိုအပ်တဲ့ရလဒ်တော့ အဲဗာတန် ယူနိုင်ပါလိမ့်မယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဟက်ဒါဖီး 0-1 အဲဗာတန်

ဝုဗ် Vs ၀က်စ်ဟမ်း/ (ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၁၅ နာရီ)

ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်မှာတော့ ကောင်းစွာ လုပ်ပြထားနိုင်ခဲ့ ပေမယ့် အက်ဖ်အေမှာတော့ FC Wimbledon ကို ရှုံးက ပြိုင်ပွဲက ထွက်ထားရပါတယ်။ ဒါက ပယ်လီဂယ်ရီနီအတွက် ရှော့ခ် ဖြစ်စရာပါ။ ၀ုဗ်နဲ့ပွဲမှာ သူတို့ ရုန်းကန်ရနိုင်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ၀ုဗ် 2-1 ၀က်စ်ဟမ်း

ယူနိုက်တက် Vs ဘန်လေ/ (ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ)

ဆိုးရှားအတွက် စတင်ခြင်းကောင်းတွေက ရှေ့ဆက်နေဆဲပါ။ ယူနိုက်တက်က ခံစစ်ပိုင်း လုံလောက်အောင် မကောင်းပါဘူး။ ဒါပေမယ့် မန်စီးတီးကို 5-0 နဲ့ အရေးနိမ့်ပြီး အိုထရတ်ဖိုဒ့်ကို လာရောက်မယ့် ဘန်လေလိုအသင်းကို ရင်ဆိုင်ဖို့ကတော့ တိုက်စစ်ပိုင်းက ကောင်းလွန်းနေပါတယ်။ ယူနိုက်တက်အတွက် နိုင်ပွဲနဲ့ ဆိုးရှားရဲ့ ကိုးပွဲဆက် စံချိန် ဖြစ်ပါလိမ့်မယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ယူနိုက်တက် 3-1 ဘန်လေ

နယူးကာဆယ် Vs မန်စီးတီး/ (ဇန်န၀ါရီ ၃၀၊ ဗုဒ္ဓဟူးနေ့ မနက် ၂း၃၀ နာရီ)

မန်စီးတီး နိုင်မယ်ဆိုတာကလွဲပြီး အခြား မမြင်ပါဘူး။ နယူးကာဆယ်ဟာ အက်ဖ်အေကနေ ထွက်ခဲ့ရသလို အခြေအနေ မကောင်းပါဘူး။ စီးတီးက အမြင့်ဆုံး အခြေအနေကို ရောက်နေပြီး စိန့်ဂျိမ်းပက်ခ်မှာလည်း ပုံစံကောင်းတွေကို ဆက်ပြမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ နယူးကာဆယ် 0-3 မန်စီးတီး

ဘုန်းမောက် Vs ချယ်ဆီး/ (ဇန်န၀ါရီ ၃၁၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

စာရွက်ပေါ်မှာတော့ ချယ်ဆီးအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ။ သို့ပေမယ့် ရှက်ဖီးနဲ့ပွဲမှာ ဟာဇက်ကို အနားပေးခဲ့တာက ချယ်ဆီးအတွက် သတင်းကောင်းပါ။ ဘုန်းမောက်က အိမ်ကွင်းမှာ တိုက်စစ်ကစားရတာကို ကြိုက်တယ်။ သူတို့က တိုက်စစ်ဖွင့် ကစားပါလိမ့်မယ်။ ဒါက ချယ်ဆီးအတွက် ပိုကောင်းပြီး ဟိုဝီရဲ့အသင်းကို ချယ်ဆီးက နာကျင်စေမှာပါ။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဘုန်းမောက် 1-3 ချယ်ဆီး

ဆောက်သမ်တန် Vs ခရစ္စတယ်ပဲလေ့စ်/ (ဇန်န၀ါရီ ၃၁၊ ကြာသပတေးနေ့ မနက် ၂း၁၅ နာရီ)

ပွဲကောင်းပါပဲ.. ဒါပေမယ့် ပဲလေ့စ်ဘက်က ရှိချင်ပါတယ်။ သူတို့က သိပ် အန္တရာယ်ပေးနိုင်တဲ့ အသင်းပါ။ လွန်ခဲ့တဲ့ တစ်ပတ်က ပဲလေ့စ်နဲ့ပွဲမှာ သူတို့ပုံစံကောင်းကို တွေ့ခဲ့ရတယ်။ ဆောက်သမ်တန်က ရွိုင်းဟော့ဆန်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ခုခံနိုင်မယ် မထင်ပါဘူး။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဆောက်သမ်တန် 1-2 ခရစ္စတယ်ပဲလေ့စ်

လီဗာပူး Vs လက်စတာ/ (ဇန်န၀ါရီ ၃၁၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ)

လီဗာပူးအတွက် ခက်ခဲတဲ့ ပွဲပါ။ လက်စတာဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံတွေ ရနေရင် အန္တရာယ်ကြီးပါတယ်။ ဒါပေမယ့် သူတို့အသင်း ခြေမငြိမ်တာကလည်း ပြဿနာပါ။ လက်စတာက ခြေစွမ်း အတက်အကျ မငြိမ်တာကြောင့် ယာဂင်ကလော့ပ်ရဲ့ လီဗာပူးဟာ အမှတ်ပေးဇယားမှာ 4 မှတ်ကွာဟနေမှုကို ဆက်ထိန်းဖို့ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-1 လက်စတာ

စပါး Vs ၀က်ဖို့/ (ဇန်န၀ါရီ ၃၁၊ ကြာသပတေးနေ့ မနက် ၂း၃၀ နာရီ)

စပါးအတွက် အရေးပါတဲ့ ပွဲပါ။ ဖလားပြိုင်ပွဲက နောက်တစ်ကြိမ် ထပ်ထွက်ရလို့ နိုင်ပွဲတွေကို အမြန်ဆုံး ပြန်ရဖို့ လိုနေပါတယ်။ ပိုချက်တီနိုကတော့ အဆင့်လေးဝင်ခွင့်ကို ပိုမိုအာရုံစိုက်ခဲ့ပြီလို့ ပြောပါတယ်။ ဝတ်ဖို့ဟာ နယူးကာဆယ်နဲ့ပွဲမှာ အပြောင်းအလဲကြီးတွေ လုပ်ထားလို့ ဝင်ဘာလေကွင်းကို အားအပြည့်နဲ့ လာရောက်မှာပါ။ စပါးအတွက် ခက်ခဲပေမယ့် သူတို့ အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်။

ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ စပါး 2-1 ၀က်ဖို့