ဂျာမန်ကလပ် ဟော်ဖန်ဟိန်းမှာ အငှားသွားရောက် ကစားနေတဲ့ အာဆင်နယ် လူငယ်ကစားသမားလေး Reiss Nelson က သူဟာ ‘အာဆင်နယ် ကစားသမားတစ်ယောက်’ အဖြစ် ထူးချွန်မှုကို ပြသဖို့ စိတ်ပိုင်းဖြတ်ထားပြီး အငှားကာလ ကုန်ဆုံးရယ် တကယ့် ကစားသမားကောင်း အဖြစ် အမ်းမရိတ်ဆီ ပြန်လာဖို့ စိတ်အားထက်သန်နေပါတယ်။

ဂန်းနားဟောင်းကြီး ရေးပါလာက အူနိုင်းအမ်မရီဟာ သူလိုချင်တဲ့ ကစားသမားတွေ ရနိုင်ဖို့ အပြောင်းအရွှေ့ ကာလ ၂ကြိမ် ၃ကြိမ်လောက် အချိန်လိုအပ်သေးတယ်လို့ မှတ်ချက်ပြုလိုက်ကာ ပရိသတ်တွေကို စိတ်ရှည်ဖို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဂိုးသမား လီနိုက ချန်ပိယံလိဂ် ၀င်ခွင့်တစ်နေရာ အဆင့် ၄ အတွင်း ၀င်ဖို့ အသင်းရဲ့ အဝေးကွင်း စွမ်းဆောင်ရည်တွေ တိုးတက်မှ ရမယ်လို့ ပြောကြားလိုက်ပါတယ်။ Top 4 တိုက်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်တာ မှန်ပေမယ့် အာဆင်နယ်မှာလည်း ကစားသမားကောင်းတွေ အစုအဖွဲ့ ရှိနေတယ်လို့ လီနိုက ယုံကြည်နေပါတယ်။

မန်စီးတီးနဲ့ပွဲ ဒုတိယပိုင်းမှာ သက်တောင့်သက်သာ မရှိဘဲ ဒဏ်ရာရှိသွားပုံရတဲ့ မူစတာဖီရဲ့ အခြေအနေကို ပွဲအပြီးမှာ နည်းပြ အမ်မရီက ရှင်းလင်းပြောပြခဲ့ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခဲ့တဲ့ မူစတာဖီမှာ ဒဏ်ရာရှိသွားပေမယ့် ပြင်းထန်စိုးရိမ်ဖွယ်ရာ မဟုတ်ကြောင်း အမ်မရီက အတည်ပြုခဲ့တာပါ။

အာဆင်နယ် တောင်ပံတိုက်စစ်သမားဟောင်း၊ လက်ရှိ အေဂျက်မှ ဘောလုံးဒါရိုက်တာ Marc Overmars က အမ်းမရိတ်သို့ ပြန်လာပြီး အာဆင်နယ်အသင်းအတွက် ဘောလုံးဒါရိုက်တာအဖြစ် တာဝန်ယူတော့မယ်လို့ သတင်းများ ထွက်နေပါတယ်။

လာမယ့်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ရာဘီရော့ကို ခေါ်ယူဖို့ အာဆင်နယ်က အခွင့်အသာဆုံး ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။