ဝက္ဟမ္းကို အေဝးကြင္းမွာ ဂိုးျပတ္ အေရးနိမ့္တဲ့ပြဲအျပီး ပြဲသံုးသပ္သူတစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ ေမာ္ရင္ညိဳက ဒီကေန႔ပြဲမွာ မန္ယူအသင္းရဲ႕ ေျခစြမ္းက အထင္ၾကီးစရာ မရွိသလို ဘာေကာင္းကြက္မွ မျမင္ပါဘူးလို႔ ေဝဖန္သြားပါတယ္။

ေမာ္ရင္ညိဳက မႏွစ္တုန္းက ေႏြအေျပာင္းအေရႊ႔မွာ မက္ဂိြဳင္းရားကို ေတာင္းဆိုခဲ့ျပီး မရခဲ့ပါဘူး။ မန္ေနဂ်ာဆိုးရွားလက္ထက္ တုိက္စစ္မွာ ေနရာရေနတဲ့ ရပ္ဖို႔ကို အေထာင္တိုက္စစ္ေနရာ အဆင္မေျပဘူးလို႔ ေမာ္ရင္ညိဳ ေျပာခဲ့ျပီး ဒီေႏြမွာ ထြက္ခြာသြားတဲ့ လူကာကူကိုပဲ အဓိက တိုက္စစ္သမားအျဖစ္ တင္ကစားခဲ့တာ ျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ဖရတ္ တစ္ဦးတည္းကိုပဲ လူသစ္အျဖစ္ ရတဲ့ေနာက္ ရာသီကို ဆိုးရြားစြာ စတင္လာခဲ့ျပီး ဒီဇင္ဘာလေလာက္မွာေတာ့ ရာထူးကေန အထုတ္ခံခဲ့ရကာ မန္ေနဂ်ာဆိုးရွားက ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ ဆိုးရွားဟာ အစေကာင္းမႈေတြ ရွိခဲ့ေပမယ့္လည္း ဆက္တိုက္ ဆိုးရြားလာတဲ့ ရလဒ္ေတြေၾကာင့္ ရာထူးက ထုတ္ပယ္ဖို႔ ေတာင္းဆိုခံေနရျပီး သူ႔ထိုင္ခံု လႈပ္လာခ့ဲပါျပီ။

အစီအစဥ္ တင္ဆက္ေနတ့ဲ စတူဒီယိုမွာပဲ ဒီကေန႔ပြဲမွာ မန္ယူအတြက္ ေကာင္းတဲ့အခ်က္ကို မန္ေနဂ်ာဆိုးရွား သင္ယူႏုိင္ခဲ့မလားလို႔ ကလပ္အသင္း မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳကို ေမးခြန္းထုတ္ခဲ့တယ္။ ေမာ္ရင္ညိဳက ” ေကာင္းတဲ့အခ်က္? နိုး.. က်ေနာ္ေတာ့ မျမင္ဘူး ” လို႔ တုန္႔ျပန္သြားတာျဖစ္တယ္။

ေပၚတူဂီသားကပဲ ဆက္လက္ျပီး ” ျပီးခဲ့တဲ့ ရာသီက ဆိုး၀ါးခဲ့တယ္ ဆိုသလို ဒီရာသီမွာလည္း ဘာတိုးတက္မႈမွ မျမင္ေသးပါဘူး။ ကစားသမားသစ္ ေခၚယူမႈ သံုးခုလံုးကို က်ေနာ္ သေဘာက်မိတယ္.. သူတို႔က မန္ယူအသင္းထံ အရည္အခ်င္းေကာင္းေတြ ထပ္ေပါင္းလာေပးတယ္။ ဒါေပမယ့္ အသင္းတစ္သင္းဟာ အသင္းလိုက္ ကစားရမွာပါ.. က်ေနာ္ေတာ့ ဒီပြဲမွာ ဘာမွ သေဘာက်စရာ မျမင္ဘူး။ ရလဒ္ကလည္း အံ့ၾသစရာ မဟုတ္ဘူး။ ” လို႔ ျပတ္သားစြာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

ဝက်ဟမ်းကို အဝေးကွင်းမှာ ဂိုးပြတ် အရေးနိမ့်တဲ့ပွဲအပြီး ပွဲသုံးသပ်သူတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မော်ရင်ညိုက ဒီကနေ့ပွဲမှာ မန်ယူအသင်းရဲ့ ခြေစွမ်းက အထင်ကြီးစရာ မရှိသလို ဘာကောင်းကွက်မှ မမြင်ပါဘူးလို့ ဝေဖန်သွားပါတယ်။

မော်ရင်ညိုက မနှစ်တုန်းက နွေအပြောင်းအရွှေ့မှာ မက်ဂွိုင်းရားကို တောင်းဆိုခဲ့ပြီး မရခဲ့ပါဘူး။ မန်နေဂျာဆိုးရှားလက်ထက် တိုက်စစ်မှာ နေရာရနေတဲ့ ရပ်ဖို့ကို အထောင်တိုက်စစ်နေရာ အဆင်မပြေဘူးလို့ မော်ရင်ညို ပြောခဲ့ပြီး ဒီနွေမှာ ထွက်ခွာသွားတဲ့ လူကာကူကိုပဲ အဓိက တိုက်စစ်သမားအဖြစ် တင်ကစားခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ညိုဟာ ဖရတ် တစ်ဦးတည်းကိုပဲ လူသစ်အဖြစ် ရတဲ့နောက် ရာသီကို ဆိုးရွားစွာ စတင်လာခဲ့ပြီး ဒီဇင်ဘာလလောက်မှာတော့ ရာထူးကနေ အထုတ်ခံခဲ့ရကာ မန်နေဂျာဆိုးရှားက ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဆိုးရှားဟာ အစကောင်းမှုတွေ ရှိခဲ့ပေမယ့်လည်း ဆက်တိုက် ဆိုးရွားလာတဲ့ ရလဒ်တွေကြောင့် ရာထူးက ထုတ်ပယ်ဖို့ တောင်းဆိုခံနေရပြီး သူ့ထိုင်ခုံ လှုပ်လာခဲ့ပါပြီ။

အစီအစဉ် တင်ဆက်နေတဲ့ စတူဒီယိုမှာပဲ ဒီကနေ့ပွဲမှာ မန်ယူအတွက် ကောင်းတဲ့အချက်ကို မန်နေဂျာဆိုးရှား သင်ယူနိုင်ခဲ့မလားလို့ ကလပ်အသင်း မန်နေဂျာဟောင်း မော်ရင်ညိုကို မေးခွန်းထုတ်ခဲ့တယ်။ မော်ရင်ညိုက ” ကောင်းတဲ့အချက်? နိုး.. ကျနော်တော့ မမြင်ဘူး ” လို့ တုန့်ပြန်သွားတာဖြစ်တယ်။

ပေါ်တူဂီသားကပဲ ဆက်လက်ပြီး ” ပြီးခဲ့တဲ့ ရာသီက ဆိုးဝါးခဲ့တယ် ဆိုသလို ဒီရာသီမှာလည်း ဘာတိုးတက်မှုမှ မမြင်သေးပါဘူး။ ကစားသမားသစ် ခေါ်ယူမှု သုံးခုလုံးကို ကျနော် သဘောကျမိတယ်.. သူတို့က မန်ယူအသင်းထံ အရည်အချင်းကောင်းတွေ ထပ်ပေါင်းလာပေးတယ်။ ဒါပေမယ့် အသင်းတစ်သင်းဟာ အသင်းလိုက် ကစားရမှာပါ.. ကျနော်တော့ ဒီပွဲမှာ ဘာမှ သဘောကျစရာ မမြင်ဘူး။ ရလဒ်ကလည်း အံ့သြစရာ မဟုတ်ဘူး။ ” လို့ ပြတ်သားစွာ ပြောဆိုခဲ့တာဖြစ်ပါတယ်။